ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသော ကလေးပြုစုရေးဌာနများမှ စောင့်ရှောက်ထားရှိသည့် ကလေး သူငယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်ထားရှိသည့် ပရဟိတဂေဟာများမှ စောင့်ရှောက်ထားရှိသည့် ကလေးသူငယ်များအတွက် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ ILDONG FOODIS Co, Ltd မှ ဆိတ်နို့မှုန့်ဗူးများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် Virtual ပုံစံဖြင့် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူး၊ အလှူရှင် ILDONG FOODIS Co, Ltd နှင့် SUN SHINE YANGON Co, Ltd တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

      အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသည် နိုင်ငံတော်ကိုယ်စား ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ခြင်းဖြစ်ပြီး အလားတူ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များက တည်ထောင်ဖွင့်လှစ်ထားရှိသော ပရဟိတဂေဟာများသည်လည်း ကာကွယ်စောင့်ရှောက် ရန်လိုအပ်သည့် ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ဘဝသည် မွေးစမှ အသက် ရှစ်နှစ်အရွယ်အထိဖြစ်ပြီး ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အာဟာရမှာ အလိုအပ်ဆုံးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အလှူရှင်များလှူဒါန်းသည့် ဆိတ်နို့အာဟာရကို စားသုံးရသည့်အတွက် ကလေးသူငယ်များ၏ အာဟာရလိုအပ်ချက်ကို အထောက်အပံ့ကောင်းစွာဖြစ်စေပါကြောင်း၊ ယခုလှူဒါန်းသည့် ဆိတ်နို့မှုန့်ဗူးများအား လူမှု ဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာနများနှင့် တည်ထောင်ခွင့်ပြုမိန့်ရ ပရဟိတဂေဟာများသို့ အမြန်ဆုံးဖြန့်ဝေပေးပို့သွားမှာ ဖြစ်ပါကြောင်း၊ စောင့်ရှောက်ထားရှိသည့် ကလေးသူငယ်များ သည် အနာဂတ်နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ်ပါသဖြင့် လှူဒါန်းပေးအပ်ပါ သော အလှူရှင် ILDONG FOODIS Co, Ltd နှင့် လှူဒါန်းနိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးသည့် SUN SHINE YANGON Co, Ltd အပါအဝင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံးတို့အား ကလေးသူငယ်များနှင့် ဝန်ကြီးဌာန ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

         ဆက်လက်၍ အလှူရှင် ILDONG FOODIS Co,Ltd မှ Chief Executive Officer Mr. Tae Win Kim မှ ယခုကဲ့သို့ မိမိတို့ကုမ္ပဏီမှ ထုတ်လုပ်သည့် ဆိတ်နို့မှုန့်ဗူးများအား လက်ခံလှူဒါန်း ခွင့်ပြုပေးပါသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ကလေးသူငယ်များထံသို့ ရောက်ရှိ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးပါသော  ဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံးတို့အား ကျေးဇူး အထူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီး အဆိုပါလှူဒါန်းသည့် ဆိတ်နို့မှုန့်ဗူး (၈၈၈၀) ဗူးကို  ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အလှူရှင်များကိုယ်စား လက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR