ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဘေဂျင်းလုပ်ငန်းစီမံချက်၏ လုပ်ငန်းနယ်ပယ် ၁၂ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် နိုင်ငံအဆင့်လေ့လာသုံးသပ်မှုအစီရင်ခံစာBPFA + 30တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဦးဆောင်၍ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women – NSPAW)လုပ်ငန်းကော်မတီ (၁၂) ရပ်တွင်ပါဝင်သောဌာနအသီးသီးကတာဝန်ရှိသူများ၊ အမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့်NSPAW ရေးသားရေးဦးဆောင်ကော်မတီတို့၏ လမ်းညွှန်ချက်နှင့်အညီ NSPAWရေးသားရေး လုပ်ငန်းကော်မတီ (၁၂) ရပ်တွင်ပါဝင်သော ဌာနဆိုင်ရာ/အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး BPFA + 30နိုင်ငံအဆင့်အစီရင်ခံစာ ရေးသားပြုစုနိုင်ရေးအတွက်ယနေ့အစည်းအဝေးကိုကျင်းပရခြင်းဖြစ်ကြောင်း၊ ဘေဂျင်းကြေညာစာတမ်းနှင့်လုပ်ငန်းစီမံချက်သည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့်ကျား၊ မရေးရာတန်းတူညီမျှရေးကို မြှင့်တင်အားပေးသည့်ဦးစားပေးလုပ်ငန်းနယ်ပယ်(၁၂) ရပ်ပါရှိသော ပြည့်စုံမှုရှိသည့်ကမ္ဘာလုံးဆိုင်ရာ မူဝါဒရေးရာလမ်းညွှန်မူဘောင်တစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘေဂျင်းကြေညာစာတမ်းနှင့် လုပ်ငန်းစီမံချက်အရလုပ်ငန်းစဉ်(၂) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (Myanmar National Committee on Women-MNCW)ကိုမူဝါဒပိုင်းဆိုင်ရာကတိကဝတ်များ ပိုမိုအားကောင်းလာစေရန်အတွက် ဒုတိယဝန်ကြီးအဆင့်ရှိပုဂ္ဂိုလ်များနှင့် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ကိုအတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ယခင်က၂၀၁၄-၂၀၁၉ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း Beijing Platform for Action – BPFA အား အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာနိုင်ငံအဆင့်အစီရင်ခံစာ BPFA +25 ကို United Nations Economic and Social Commission for Asia and the Pacific -UNESCAPသို့ ၂၀၁၉ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် တင်သွင်းခဲ့ပြီးဖြစ်ပါကြောင်း၊ BPFA +30 အစီရင်ခံစာကို၂၀၁၉ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ မြန်မာနိုင်ငံ၏Beijing Declaration and Platform for Action (BPFA)အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များအား ရေးသားပြုစုကာတင်သွင်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပါဝင်ဆောင်ရွက်ခွင့်များနှင့်ပတ်သက်၍ မိမိတို့၏ ဆောင်ရွက်ချက်များကို နိုင်ငံတကာသို့ အသိပေးနိုင်မည့်အစီရင်ခံစာဖြစ်သဖြင့် သက်ဆိုင်ရာဌာနအသီးသီးက အချက်အလက်များ ပြည့်ပြည့်စုံစုံဖော်ပြပေးပါရန်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစည်းအ‌ဝေးတက်ရောက်လာသူများက BPFA + 30 နိုင်ငံအဆင့် အစီရင်ခံစာ (Zero Draft) ရေးသားပြုစုထားမှု အခြေအနေနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီးBPFAအကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၅ နှစ်အတွင်း နိုင်ငံ၌ ဉီးစားပေးဆောင်ရွက်ခဲ့သည့် လုပ်ငန်းနယ်ပယ် ၅ ရပ် နှင့် နောင်လာမည့် ၅ နှစ်အတွင်း ဦးစားပေးလုပ်ဆောင်မည့် လုပ်ငန်းနယ်ပယ် ၅ ရပ်တို့ကို ရွေးချယ်သတ်မှတ် ပေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း (၄၈) ခုမှ တာဝန်ရှိသူ (၆၅) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR