ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီ ဝန်ထမ်းမိသားစုအားကစားပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာန(၃)ခုမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကစားသမားများတက်ရောက်ခဲ့ကြပြီး ဦးစွာပြိုင်ပွဲဝင်အားကစားသမား များက ကွင်းအတွင်းနေရာယူကြပြီး အားကစားသစ္စာဓိဌာန် (၄)ချက်ကိုရွတ်ဆိုခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် အားကစားပြုလုပ်မှသာ ကျန်းမာကြံ့ခိုင်မှုရှိမည်ဖြစ်ကြောင်း၊ အလွယ်ကူဆုံးအားကစား(၂)ခုမှာ လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းမှ ဗလငါးတန်ဖွံ့ဖြိုးမှုနှင့်အတူ စိတ်ဓါတ်မြှင့်တင်ရေး ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ အားကစား နှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် အားပေးဆောင်ရွက်ခြင်းဖြင့် အားကစားကဏ္ဍ တိုးတက်အောင်ဆောင်ရွက်စေလိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုက်တွန်းမှာကြားထားရှိပါကြောင်း၊ အားကစားပြိုင်ပွဲမှာ ဝန်ကြီးဌာနအတွင်း ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေရန်၊ စည်းလုံးညီညွတ်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများကျင်းပခြင်းကြောင့် ဝန်ထမ်းများအနေဖြင့် ပျော်ရွှင်မှု၊ အားကစားစိတ်ဓါတ်၊ အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်လိုတဲ့စိတ်များကို ရရှိလာမှာဖြစ်ပြီး လုပ်ငန်းတာဝန်နဲ့ဝတ္တရားများကို ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်စွာနဲ့ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါးဆိုသည့် ဆိုရိုးစကားနှင့်အညီ မကျန်းမာပါက မိမိတို့လုပ်ငန်းဆောင်တာများကို စွမ်းရည်ရှိသလောက် မထမ်းဆောင်နိုင်မှာဖြစ်သည့်အတွက် ဝန်ထမ်းများအားလုံးကျန်းမာကြံ့ခိုင်ရန် အားကစားနည်းတစ်မျိုးမျိုးကို အချိန်ပေး လုပ်ဆောင်ကြ ဖို့ တိုက်တွန်းလိုပါကြောင်း၊ ယခု(၂၄-၆-၂၀၂၁)ရက်နေ့မှ (၃၀-၆-၂၀၂၁)ရက်နေ့အထိ ကျင်းပသည့့် အားကစားပြိုင်ပွဲသည် အမျိုးသားများအတွက် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသမီးများအတွက် ထုတ်စည်းတိုးပြိုင်ပွဲများ ထည့်သွင်းကျင်းပခြင်းဖြစ်ပြီး ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အမျိုးသားအသင်း (၇)သင်းနှင့် အမျိုးသမီးအသင်း (၄)သင်း ပါဝင် ယှဉ်ပြိုင်သည်ဟုသိရကြောင်း၊ ဝန်ကြီးဌာနအားကစားကော်မတီအနေဖြင့် အနိုင်ရသည့် အသင်းကို ဆုဖလားနှင့်အတူ ဆုကြေးငွေအဖြစ် ပထမဆု (၃)သိန်း၊ ဒုတိယဆု (၂)သိန်း၊ တတိယဆု(၁)သိန်းနှင့် နှစ်သိမ့်ဆုရတဲ့အသင်းများကို ကျပ်(၅)သောင်းစီ ချီးမြှင့်သွား မည်ဖြစ်ကြောင်း၊ ဒီပြိုင်ပွဲကနေ ထူးချွန်တဲ့အားကစားသမားတွေကို ရွေးထုတ်ပြီး လာမည့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲတွင် မိမိတို့ဝန်ကြီးဌာနကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် စေမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲများမှာ အစဉ်အလာကောင်းများ ရှိခဲ့သည်နှင့်အညီ ယခုပြိုင်ပွဲတွင်လည်း မိသားစုစိတ်ဓါတ်၊ အဖွဲ့အစည်းစိတ်ဓါတ်၊ အားကစားစိတ်ဓါတ်အပြည့်ဖြင့် ကြိုးကြိုးစားစား ပါဝင်ယှဉ်ပြိုင်ကြပါလို့ တိုက်တွန်းလိုကြောင်းပြောကြားခဲ့ပြီး အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကာ ပြိုင်ပွဲတွင် ဖွင့်ပွဲအဖြစ် ဝန်ကြီးရုံးအသင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနအသင်းတို့၏ အမျိုးသမီးထုတ်စည်းတိုးပြိုင်ပွဲနှင့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့မှုကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။




နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR