ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ရန်ကုန်တို်ငးဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ဦးဆောင်သော တာဝန်ရှိ သူများနှင့်အတူ (၂၄-၄-၂၀၂၂) ရက်နေ့နံနက်ပိုင်းတွင် မြောက်ဉက္ကလာပမြို့နယ် (ည)ရပ်ကွက်ရှိ ဘုမ္မာ(၁၂)လမ်း သာသနာ့လင်းရောင်ခြည်ဓမ္မာရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဌဦးဆောင်သောတာဝန်ရှိသူများမှ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အတူ ဆန်နှင့် ဂျုံများအား ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သည် မြောက်ဉက္ကလာပမြို့နယ် ဝေဘာဂီရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဌဦးဆောင်သောတာဝန်ရှိသူများမှ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အတူ ဆန်နှင့် ဂျုံများ အား ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအား ပေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူမှုရေး ဝန်ကြီးလိုက်ပါလျက် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုး သမီးကလေးများသင်တန်း ကျောင်းသို့ ရောက်ရှိကြရာ တာဝန်ခံကျောင်းအုပ်က သင်တန်းကျောင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး က သင်တန်း ကျောင်းတိုးတက်ရေး၊ လက်ခံစောင့်ရှောက်ထားသောကလေးသူငယ်များ ပညာရည်တိုးတက်ရေး၊ နေ့စဉ် နေထိုင်မှုဘဝအဆင်ပြေချောမွေ့စေရေးတို့အတွက် လိုအပ်ချက်များအား မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ယူနေမှု အခြေအနေများနှင့် သင်တန်းသူအိပ်ဆောင်၊ ထမင်းစားဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များ အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး လိုက်ပါ လျက် ဗဟန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန ရန်ကုန်အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင် ကျောင်းသို့ရောက်ရှိကြရာ တာဝန်ခံကျောင်းအုပ်က သင်တန်းကျောင်းတွင် ပို့ချလျက်ရှိသည့် သက်မွေးလုပ်ငန်းအမျိုးအစားများနှင့် သင်တန်းပို့ချပေးနိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသားတိုးတက်ရရှိရေးအတွက် သင်တန်းဖွင့်လှစ်ပေးနေမှု အခြေအနေများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးဆောင်ရွက်သွားရန်နှင့် သင်တန်းနည်းပြများ အနေဖြင့် သက်မွေးပညာရပ်များကို ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသော ပညာရပ်များကို မျက်ခြေမပြတ် မွမ်းမံသင်ယူ၍ ထပ်ဆင့်ဖြန့်ဝေပို့ချနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာ ကြားခဲ့ပြီး အခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း ခန်းမဆောင်များနှင့် မြန်မာ/တရုတ်အစားအစာ သင်တန်းပို့ချသည့် ခန်းမများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါကျောင်းဝန်းအတွင်းရှိ စံပြရင်သွေးအိမ် မူလတန်းကြိုကျောင်း အားလည်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးလိုက်ပါ လျက် လူမှုဝန်ထမ်းဦးစီးဌာန        ရွှေဂုံတိုင်ကလေးပြုစုရေးဌာနသို့ရောက်ရှိကြရာတာဝန်ခံကျောင်းအုပ် က ကလေးငယ်များ၏အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်ခြင်း၊ အာဟာရပြည့်ဝစွာကျွေးမွေးခြင်း၊ ပြုစုစောင့်ရှောက်ခြင်း၊ ပညာရေးအတွက် ဆောင်ရွက်ပေးခြင်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကလေးများအား ပြုစုစောင့်ရှောက်နိုင်ရေးအတွက်ဝန်ထမ်းအင်အားဖြည့်တင်းပေးနိုင်ရေး၊ လေဝင် လေထွက်နှင့် အလင်းရောင်ကောင်းမွန်စွာရရှိနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိတွေ့ခံစားနိုင်ရေး ဆောင်ရွက်သွားရမည့်အချက်များအား လမ်းညွှန်မှာကြားခဲ့ပြီး ကလေးပြုငယ်များအား ပြုစုစောင့် ရှောက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုကာ ကလေးငယ်များအား ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR