ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်း က စစ်ကိုင်းမြို့ တွင် ဧရာဝတီမြစ်ရေမြင့်တက်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှုခဲ့ရာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန တာဝန်ခံက  စစ်ကိုင်းမြို့၏ စိုးရိမ်ရေမှတ်မှာ (၁၁၅၀)စင်တီမီတာ ဖြစ်ပြီး ယနေ့တွင် (၁၀၉၅) စင်တီမီတာသို့ရောက်ရှိနေကြောင်းနှင့် ဆက်လက် ကျဆင်းလာနိုင်ကြောင်းရှင်းလင်းတင်ပြခဲ့ပြီး ဘေးအန္တရာယ် တို့နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ် များကို စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ညှိနှိုင်းတိုင်ပင်ကာ လိုအပ်ချက်များအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြပြီး လက်ရှိတွင် စစ်ကိုင်းမြို့ပေါ်တွင် ယာယီရေဘေးရှောင်နေရာ (၆)ခုတွင် အိမ်ထောင်စု(၄၅၇)စု၊ လူဦးရေ(၂၀၀၁)ဦး ရှိကြောင်း သိရှိရပါသည်။

          ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများ၊ မသန်စွမ်းသူများ၊ ကိုဗစ်-၁၉ တတိယလှိုင်းနှင့် ရေဘေးကြောင့်ထိခိုက်ခံစား ခဲ့ရသည့် ထိခိုက်လွယ်အုပ်စုဝင်များနှင့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင် ထောက်ပံ့ခြင်းအခမ်းအနားကို ၄-၉-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ရှိ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ် များနှင့် အကျိုးခံစားခွင့်ရှိသူပုဂ္ဂိုလ်များ Social Distancing ပုံစံဖြင့် တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ၌ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန (၃)ခုဖြင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  လူမှုဝန်ထမ်းဦးစီး ဌာနအနေဖြင့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစု ပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများဘဝ မြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေးလုပ်ငန်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနရဲ့ မူဝါဒဖြစ်တဲ့ ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်း ဖြစ်ပေါ် စေရေးနှင့် ဘေးဒဏ်ခံစားရသောပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေး ဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ”၏ လမ်းညွှန်မှုဖြင့် ဘေးဒဏ်ကိုလက်တွေ့ရင်ဆိုင် ကြုံတွေ့ခံစားရတဲ့ ပြည်သူလူထုရဲ့ သဘာဝဘေးအသိပညာတိုးပွားရေး၊ ရပ်ရွာတွေရဲ့ ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားရေးတို့ကိုလည်း လူမှုရေးအဖွဲ့အစည်းများ အပါအဝင် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေနဲ့ ရပ်ရွာလူထုနဲ့အတူ သဘာဝဘေးဆိုင်ရာ ဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်း များဖွင့်လှစ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့် ခန်းများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေကြောင့် ခေတ္တရပ်နားထားရသည့်လုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန် ပြင်ဆင်လျက် ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက် ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကိုဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူပြည်သားများ သာတူ ညီမျှရရှိ ခံစားစေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး ဆိုတဲ့အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်း  ပညာရပ်များ သင်ကြားပေးခြင်း၊ လူကုန်ကူးခံရသူများအား လိုအပ်သောစောင့်ရှောက်မှုများ ပြုလုပ်၍ လူ့အသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးအတွက် ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးအတွက်  ကာကွယ်စောင့် ရှောက်ပေးခြင်းတို့ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန မှ ဆောင်ရွက် လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသော လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်လာ စေရေး၊ ထိခိုက်လွယ်အုပ်စုများကို ပိုမိုပံ့ပိုးနိုင်ရေး၊ ဝန်ကြီး ဌာနအနေဖြင့် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ မိမိတို့ဝန်ကြီးဌာနဟာ ဝန်ထမ်းဦးရေနည်းပါးတဲ့အတွက် အခြေခံကျသော စာရင်းဇယားအချက် အလက် များ ရရှိနိုင်ရေးနှင့် အကျိုးခံစားခွင့်ရှိသည့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြတဲ့ ဒေသအာဏာပိုင်အုပ်ချုပ် ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူ လူထု တစ်ရပ်လုံးက ဆက်လက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ရည်မှန်းချက်များ ထားရှိ၍ ဆောင်ရွက်နေမှု အခြေအနေများ၊ လက်တလောမြစ်ရေကြီးခြင်းနှင့် ပတ်သက်၍ကြိုတင်ပြင်ဆင်မှု၊ ထောက်ပံ့ကူညီရေးပစ္စည်းများကိုဖြန့်ဝေထားရှိမှုအခြေအနေများ ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ထောက်ပံ့ရခြင်းနှင့်စပ်လျဉ်းသည့် အခြေ အနေများကိုလည်းကောင်း အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက်ဆန်ရိက္ခာ၊ Mask ၊ ခေါက်ဆွဲခြောက်နှင့် ဆပ်ပြာများ၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူ (၁၆,၂၃၉)ဦးအတွက် ထောက်ပံ့ငွေကျပ်(၄၈၇,၁၇၀,၀၀၀)၊ Positive Center များတွင်တက်ရောက်ကုသမှုခံယူခဲ့သည့် ထိခိုက်လွယ်အုပ်စုဝင်(၂၄၅)ဦးအတွက် ထောက်ပံ့ငွေကျပ် (၇,၃၅၀,၀၀၀)၊ ရေဘေးသင့်အိမ်ထောင်စုများမှ ထိခိုက်လွယ် အုပ်စုဝင်များအတွက် ထောက်ပံ့ငွေကျပ် (၈,၃၇၀,၀၀၀)၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက်ဘိုးဘွား (၃၁,၁၈၅)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၉၃၅,၅၅၀,၀၀၀)၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း(၁၁၇)ဖွဲ့နှင့် စေတနာ့ဝန်ထမ်း (၁,၄၉၂)ဦးအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်း(၉)မျိုး စသည်ဖြင့် ထောက်ပံ့မှုတန်ဖိုးစုစုပေါင်း(၁,၄၅၂,၃၆၀,၀၀၀)ကျပ်တို့ကိုစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြ ပါသည်။ ထို့နောက် တက်ရောက်လာသူများကိုယ်စား ဦးဝင်းဦး က ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန် ရှိသူများသည် စစ်ကိုင်းမြို့ စိန်ကုန်းရပ်ကွက်ရှိ လေးကျွန်းမြေအုဋ်ကျောင်းသို့ ရောက်ရှိကာ တိုင်းဒေသကြီး သံဃနာယက အဖွဲ့ (ရွှေကျင်)ဉက္ကဌ ရတနာဓူဝံကျောင်း တိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစပဏ္ဍိတ၊ ဘဒ္ဒန္တဇောတိက ထံသို့ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်းကာ နိုင်ငံတော်ဝါဒစရိယ ခေမာသီဝံ ကျောင်းတိုက်ဆ‌ရာတော် ဘဒ္ဒန္တပညာသီရိထံမှ (၅)ပါးသီလ ဆောက်တည် ခံယူကြပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ရှိ ဘုန်းတော်ကြီးနှင့် သီလရှင်ချောင် (၅၀)မှ သံဃာတော်နှင့်သီလရှင်စုစုပေါင်း (၄၃၇)ပါးအတွက် ဝါတွင်းကာလအတွင်း ဆွမ်းဆန်ရိက္ခာနှင့် လှူဖွယ်ဝတ္ထုငွေ စုစုပေါင်းတန်ဖိုးကျပ် (၁၇၈၃၅၀၀၀)တို့ကို လှူဒါန်းထောက်ပံ့ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးဆန်းထွန်းစိန်က လက်ခံရယူခဲ့ပါသည်။   

          ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ စစ်ကိုင်းမျက်မမြင်ကျောင်းသို့ ရောက်ရှိကြရာ တာဝန်ခံကျောင်းအုပ်က အမြင်အာရုံမသန်းစွမ်းသူများအား ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များကို ရှာဖွေဖော်ထုတ် သင်ကြားရန်နှင့် သင်ကြား တက်မြောက်ထား သော ပညာရပ်များဖြင့် အမီအခိုကင်းစွာ ဘဝရပ်တည်နိုင်ရေးဆောင်ရွက်ပေး နိုင်ရန်အတွက်  သင်တန်း ကျောင်းဖွင့်လှစ်၍ မသန်စွမ်းမျက်မမြင်များအား စောင့်ရှောက်ပေးနေမှု အခြေအနေများကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းကာ စစ်ကိုင်းမြို့တွင် အခြေပြု၍ တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ကြီးဌာနလက်အောက်ခံ ရုံးဌာနသင်တန်းကျောင်း များမှ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်များကို ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မျက်မမြင်လက်စမ်းစာ သင်ယူလေ့ကျင့်နေမှု၊ ကွန်ပျူတာလေ့ကျင့်သင်ကြား နေမှုတို့ကို လိုက်လံ ကြည့်ရှုကာ  လိုအပ်ချက်များအား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR