ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီအောက်ရှိလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပရာအစည်းအဝေးသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ(၁)စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး၊ ဒုတိယဥက္ကဋ္ဌ(၂)တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများမှအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ(၁) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာ၌စာနာ/သက်မွေးလုပ်ငန်းကော်မတီအနေဖြင့် ပြီးခဲ့သောအမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်အရ IDP နှင့် တိုက်ပွဲရှောင်စခန်းများအတွက် လုပ်ငန်းကော်မတီစီမံချက်‌ရေးဆွဲပြီးအမျိုးသားအဆင့်ကော်မတီကိုတင်ပြရန်ရှိသည့်အတွက်လုပ်ငန်းကော်မတီဝင်ဌာနများက ပေးပို့လာသောအချက်အလက်များကိုစုစည်းပြီးစီမံချက်ရေးဆွဲထားမှုအခြေအနေအပါဝင် အစည်းအဝေးဆုံးဖြတ်ချက် များနှင့်စပ်လျဉ်းပြီးအစည်းအဝေးခေါ်ယူကျင်းပရခြင်းဖြစ်ပါကြောင်း၊  လုပ်ငန်းကော်မတီအနေဖြင့်အမျိုးသားအဆင့်ကော်မတီ၏လမ်းညွှန်ချက်များနှင့်အညီလုပ်ငန်းကော်မတီ၏ဆောင်ရွက်ချက်များကို (၂)လတစ်ကြိမ်နှင့် (၆)လတစ်ကြိမ် အစီရင်ခံစာများပြုစုပြီးအမျိုးသားအဆင့်ကော်မတီသို့ပုံမှန်တင်ပြလျက်ရှိပါကြောင်း၊စီမံချက်များတင်ပြရာတွင် IDP နှင့် တိုက်ပွဲရှောင်စခန်းများပြန်လည်နေရာချထားမည့် ဒေသများ၌ ထိရောက်စွာဆောင်ရွက်ပေးရန် ဖြစ်သည့်အတွက် အကောင်အထည်ဖော်‌ဆောင်ရွက်မည့် အစီအစဉ်များကိုပြန်လည်နေရာချထားမည့်နေရာများ၌သာဦးစားပေးရွေးချယ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ထို့အပြင် IDP အမျိုးသားအဆင့်ကော်မတီ၏ (၃/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်တွင် ပါရှိသောလုပ်ငန်းကော်မတီကဆောင်ရွက်ရမည့်ဆုံးဖြတ်ချက်များကိုစနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်၊ အသက်မွေးဝမ်းကေျာင်းလုပ်ငန်းများဖော်ဆောင်ပေးရာတွင်သင့်လျော်သည့် သင်တန်းများ၊ နည်းပညာများနှင့် ထောက်ပံ့မှုများဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ဆောင်ရွက်မည့်ဒေသအများစုသည်တိုင်းရင်းသားများနေထိုင်သည့်ဒေသများဖြစ်သောကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပတ်သက်ပြီးအလေးထားဆောင်ရွက်ပေးကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ခြေအဆင့်အထိသိရှိနားလည်သဘောပေါက်ကာပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးစီမံဆောင်ရွက်ကြရန် တို့ကိုပြောကြားပါသည်။

လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကယခင်လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၂/၂၀၂၂) ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ငန်းကော်မတီ၏ စီမံချက်ရေးဆွဲဆောင်ရွက်ထားမှုအခြေအနေများကိုရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသောအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများကဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကိုသက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌများကလိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်ပေးခဲ့ပါသည်။

လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ(၂)တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဌာနအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များအတွက် သက်ဆိုင်ရာဌာနများ၏  ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲကြရန်၊ အကူအညီပေးမည့်၊ ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများနှင့်လုပ်ငန်းများဆောင်ရွက်ရာတွင် ဉပဒေ၊ ညွှန်ကြားချက်များနှင့်အညီစနစ်တကျ ပူးပေါင်းလုပ်ဆောင်ကြရန်နှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းများကိုရေးဆွဲထားသောစီမံချက်နှင့်အညီအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိနားမကြားသောကလေးများကျောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထောက်ပံ့လှူဒါန်းသည့်ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိသိုလှောင်ထားမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခြင်းနှင့်ဝန်ထမ်းများအား တွေ့ဆုံခြင်း

MOS

DSW

DDM

DOR