ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးအခမ်းအနားနှင့်  Public Feedback Programme- PFP နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၂၃)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင် တက်ရောက်ခြင်းနှင့် Online မှ တက်ရောက်ခြင်းတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်နှင့် ကိုယ်စားလှယ်များ၊ သင်တန်းနည်းပြများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ  တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းများနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန် နိုင်ငံ့ဝန်ထမ်းများမှာလည်း တာဝန်ရှိသလို ပြည်သူကို ဝန်ဆောင်မှုပေးနေသော မိမိတို့ နိုင်ငံ့ဝန်ထမ်းများကိုယ်တိုင် အဂတိလိုက်စားမှုများ ပယ်ခွာမှသာ သာယာသည့် လူ့ဘောင်ပတ်ဝန်းကျင်ကိုဖြစ်စေသောဖြစ်တဲ့ လူနေမှုနဲ့ အုပ်ချုပ်မှုစနစ်တို့ကို တိုးတက်ကောင်းမွန်စေမှာဖြစ်ပါကြောင်း၊ အနာဂတ်တိုင်းပြည် တည်ဆောက်ရေးတွင် တစ်ထောင့်တစ်နေရာက ပါဝင်နေသည့် နိုင်ငံ့ဝန်ထမ်းများကိုယ်တိုင် အဂတိလိုက်စားမှုဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်းနဲ့ပြည်တွင်းဥပဒေတို့ကို သိရှိလိုက်နာရန်လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး  အဂတိလိုက်စားမှုတားဆီး  ကာကွယ်ရေးနှင့်ပတ်သက်၍ အဖွဲ့၏လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ မူဝါဒများအဖြစ် ပြည်သူလူထု၏ လိုအပ်ချက်အရ ဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အဂတိတရားများ ကင်းရှင်းစွာဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ ဝန်ထမ်းများ အဂတိလိုက်စားမှု ကင်းရှင်းစေရေးအတွက် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် အဂတိလိုက်စားကြောင်း စိစစ်ပေါ်ပေါက်ပါက အရေးယူခြင်းလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများကို အဂတိလိုက်စားမှုကင်းရှင်းစေရေး၊ ဝန်ကြီးဌာန၏ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဝန်ထမ်းများတွင် အဂတိလိုက်စားမှုကင်းရှင်းစေခြင်းဖြင့် ပြည်သူတစ်ဦးချင်းပေါ်သို့ ကျရောက်နိုင်ခြေရှိသော အဂတိလိုက်စားမှုအန္တရာယ်များ လျော့နည်းကျ ဆင်းစေရေးတို့ကို ချမှတ်ဆောင်ရွက်ထားရှိပါကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်(၃)ရပ်နှင့် လုပ်ငန်းအစီအစဉ် (၆)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာကျန်ရှိနေသည့် လုပ်ငန်းအစီအစဉ်များကိုလည်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ကို တိုက်တွန်းလိုပါကြောင်း၊ အဂတိလိုက်စားမှု ကင်းစင်သည့် ဝန်ကြီးဌာနဖြစ်စေရန် ဝန်ထမ်းတစ်ယောက်ချင်းဆီက ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်သလိုအဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက်ခိုင်မာသည့် စနစ်တခုကို တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ စနစ်တကျတည်ဆောက်နိုင်ဖို့နှင့် ခိုင်မာဖို့အတွက်ဆိုရင် အသိပညာဗဟုသုတများ လိုအပ်မှာဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်းများအား အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာများ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေပေးနိုင်ရန်၊ ဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် သိသင့်သိထိုက်သည့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်သင့်သည့်လုပ်ငန်းများအား အသိပညာ ဗဟုသုတ ရရှိစေရန်၊ အောက်ခြေရုံးခွဲများတွင် ဝန်ဆောင်မှုယူကြရသော ပြည်သူ တစ်ဦးချင်းထံသို့ Public Feedback Programme–PFP နည်းပညာအသုံးပြု၍ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြီး အသေးစား အဂတိလိုက်စားမှု မဖြစ်စေရန် တားဆီးကာကွယ်ရေးစနစ်ကို ထိရောက်စွာ အသုံးပြုဖို့ အကောင်အထည်ဖော်ရာမှာ ဝန်ထမ်းများ အသိပညာတိုးပွားရန်နှင့် အသုံးပြုနည်း သင်တန်းများရရှိစေရန် ရည်ရွယ်ပြီး ဝန်ကြီးဌာနတွင်ရှိသည့် ဝန်ထမ်းများအတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးအခမ်းအနားနှင့် နည်းပညာအသုံးပြုမှု သင်တန်းကို (၂)ရက်တာ ကျင်းပဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ အခမ်းအနားနှင့်သင်တန်းကရရှိလာမည့် အသိပညာ ဗဟုသုတတွေက မိမိတို့ ဝန်ကြီးဌာနတွင်ရှိသည့် ဝန်ထမ်းတွေကို အဂတိလိုက်စားမှုနဲ့ ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိစေပြီး အဂတိ ကင်းစင်သည့်ဝန်ကြီးဌာန(၁)ခု ဖြစ်လာစေရန် ခိုင်မာသည့် စနစ်တခုတည်ဆောက်နိုင်ရန် အထောက်အပံ့ပြုမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်းနှင့် အဂတိလိုက်စားခြင်းသည် မိမိ၏ကိုယ်ကျင့်သိက္ခာ၊ မိသားစုအသိုင်းအဝိုင်း ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ပုံရိပ်နှင့်စွမ်းဆောင်မှုကို ကျဆင်းစေပြီး၊ အများပြည်သူ ယုံကြည်မှုနှင့် ပူးပေါင်းပါဝင်မှုလျော့နည်းလာနိုင်ခြင်းကြောင့် ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများ အနေဖြင့် အဂတိတရား (၄)ပါးဖြစ်သည့် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ၊ မောဟာဂတိ စတဲ့ အဂတိတရားများ ကင်းကင်းနှင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြပါရန်၊ အခမ်းအနားနှင့် သင်တန်းမှပို့ချသည့် အသိပညာ၊ ဗဟုသုတများကို လေ့လာမှတ်သားပြီး အဂတိကင်းစင်သည့် ဝန်ကြီးဌာနဖြစ်စေရေး မှန်ကန်သည့်စနစ်တည်ဆောက် ရာမှာ ဝန်ထမ်းတစ်ဦး တစ်ယောက်ချင်းစီက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းအစီအစဉ် များကို အားကြိုးမာန်တက် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပညာပေးရေးနှင့်ပြည်သူ့ ဆက်ဆံရေးလုပ်ငန်းကော်မတီ၊ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ကော်မရှင် အဖွဲ့ဝင် ဦးမောင်မောင်တင့်မှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့နိုင်ငံများနည်းတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကုလသမဂ္ဂအဂတိလိုက် စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း(United Nations Convention Against Corruption- UNCAC) သို့ ၂၀-၁၂-၂၀၁၂ ရက်နေ့တွင် (၁၆၅)နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုဝင်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်းနှင့်တိုက်ဖျက်ခြင်းလုပ်ငန်းများကို ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်နှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၃ခုနှစ် တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ဖြစ်ပေါ်နေသည့် အဂတိလိုက်စားမှု အခြေအနေများကို လျော့နည်းကျဆင်းသွားစေရန်အတွက် အဂတိလိုက် စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)ကို ဒုတိယ လေးနှစ်တာကာလအဖြစ် သတ်မှတ်ပြီး ရည်မှန်းချက် (၄)ရပ်ချမှတ်၍ လုပ်ငန်းကဏ္ဍအလိုက် အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်း၊ အများပြည်သူသို့ အသိပညာပေးခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းလုပ်ငန်းတို့ကို မူဝါဒနှင့်ဥပဒေ မူဘောင်ခိုင်မာအောင်ဆောင်ရွက်ပြီး ဟန်ချက်ညီညီ အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း(၃၈)ခုတို့တွင် ဖွဲ့စည်းထားရှိပြီးဖြစ်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ပြည်ထောင်စု ဝန်ကြီးဌာနများ/ အဖွဲ့အစည်းများနှင့်ညှိနှိုင်းပြီး လုပ်ငန်းတာဝန် (၃)ရပ်နှင့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာလုပ်ငန်းအစီအစဉ် (၆)ရပ်တို့ကို ချမှတ်၍ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောဆွေးနွေးခြင်း PFP Web Portal အသုံးပြုနည်းသင်တန်း ပို့ချပေးခြင်းသင်တန်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်း ထိရောက်အောင်မြင်ရေး အတွက် ဝန်ထမ်းအားလုံးလိုက်ပါဆောင်ရွက်နိုင်ရန်အသိပညာပေးပြီး အားလုံးပါဝင်လာအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အများပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဌာနများဖြစ်သည်နှင့် အညီ အဂတိကင်းစင်သည့် လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်လာနိုင်မှာဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်အားကိုးမှု ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းဆိုသည်မှာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍ရသည့် ကိစ္စမျိုးမဟုတ်ဘဲ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင်ရှိသည့် တစ်ဦးတစ်ယောက်ချင်းမှစ၍ အဖွဲ့အစည်းအထိပါ ပူးပေါင်းဆောင်ရွက်ကြ ရမည့် လုပ်ငန်းမျိုးဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းကို ကော်မရှင်တစ်ခု တည်းကသာ ဆောင်ရွက်ရမှာ မဟုတ်ဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရန်မှာ အမျိုးသားရေးတာဝန်၊ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သော တာဝန် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အစိုးရက ဦးတည်ဆောင်ရွက်နေသည့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်းနှင့် အဂတိပယ်ခွာ၊ ပြည်သာယာမည်ဖြစ်ပါကြောင်း ပြောကြားသွားပါသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး မွန်းလွဲပိုင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးခြင်း၊ စီမံချက်ရေး ဆွဲခြင်းနှင့် အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပို့ချခဲ့ပါသည်။

Public Feedback Programme- PFP Web Portal နည်းပညာအသုံးပြုမှုသင်တန်းကို အဆိုပါဝန်ကြီးဌာန၌ ဒုတိယနေ့အဖြစ် ဆက်လက်ပို့ချမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR