ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မိန့်ခွန်းပါ အချက်အလက်များအား အရာထမ်း/ အမှုထမ်းများသို့ ရှင်းလင်းပြောကြားသည့် အခမ်းအနားကျင်းပ

၂၅-၂-၂၀၂၁၊ နေပြည်တော်

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့ တွင် နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ပြောကြားခဲ့သည့် မိန့်ခွန်းပါ အချက် အလက်များအား ထုတ်နုတ်၍ ဌာနဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်သို့ ထပ်ဆင့်ညွှန်ကြားကာ နားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ဒီကနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေး ခန်းမတွင် Zoom Meeting ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အဆင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ ကြပါသည်။

              ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အချို့ဝန်ထမ်းများသည် ရှောင်တခင်ခွင့်များ၊ လုပ်သက်ခွင့်များ ယူနေကြသော်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေး ခဲ့ပြီး အရေးယူ ဆောင်ရွက်ခဲ့ခြင်း မရှိပါကြောင်း၊ ၂၁-၂-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအုပ်ချုပ်မှုရုံး၌ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ အစည်းအဝေး ပြုလုပ်ခဲ့ ပြီး လက်ရှိလုပ်သက်ခွင့်ယူထားသူများကို ၂၄-၂-၂၀၂၁ ရက်နေ့အထိသာ ခံစားခွင့်ပြုခဲ့ပါသဖြင့် မီးဖွားခွင့်နှင့် အရေးကြီးသော ကျန်းမာရေး ကိစ္စများမှအပ ကျန်ကိစ္စများဖြင့် အကြောင်းအမျိုးမျိုး ကြောင့် လုပ်သက်ခွင့်ယူထားသူများကို ၂၅-၂-၂၀၂၁ ရက်နေ့တွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်ရန်နှင့် တာဝန်ထမ်းဆောင်ခြင်း မရှိပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဝန်ထမ်းတစ်ဦးချင်းစီသို့ စာပေးပို့ခဲ့ပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများဟာ Covid-19 Lockdown၊ Stay at Home တွေကြောင့် အခက်အခဲများ ဖြစ်ခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဟာလုပ်ငန်းအားဖြင့် လုံခြုံမှုအပြည့်ရှိပါကြောင်း၊ အခြားအခွင့် အလမ်းများဖြစ်သည့် နေထိုင်ရေးကိစ္စများ၊ ပြည်ပသင်တန်းကိစ္စများ၊ ပင်စင်လစာစသည့် အခွင့်အလမ်းများရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်ရခြင်းကို ဂုဏ်ယူရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ဝန်ထမ်းများနှင့် အာမခံချက်၊ အခွင့်အရေးမတူပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည့်အတွက် ရေရှည်မှာဝန်ထမ်းများ အတွက် ဘဝအာမခံချက်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိ ကာလတွင် ရုံးတက်ပြီးလုပ်ငန်းများဆောင်ရွက်ပေးနေသည့် ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ပါကြောင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများရဲ့ဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်းနဲ့ နိုင်ငံ့ဝန်ထမ်း( ၃ )မျိုးရှိသည့်အနက် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ဘဝအာမခံချက် အတည်ငြိမ်ဆုံးနဲ့ တက်လမ်းများရှိတဲ့ ဝန်ထမ်းများ ဖြစ်ပါကြောင်း၊ ပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းများဖြစ်တဲ့အတွက် အမြဲဂုဏ်ယူရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ စီးပွားတိုးတက်ဖို့ အစိုးရတစ်ရပ်ကောင်းမွန်ဖို့ လိုပါကြောင်း၊ အရေးကြီးတဲ့ အခန်း ကဏ္ဍအနေဖြင့် ဗျူရိုကရေစီယန္တရား ဖြစ်ပါကြောင်း၊ ဝန်ထမ်းများရဲ့ ကြိုးစားအားထုတ်မှု၊ စနစ် ကျမှု စသည့် အချက်များနှင့်အညီ ထိထိရောက်ရောက် လည်ပတ်ဆောင်ရွက်သွားဖို့ လိုအပ်ပါကြောင်း၊ အစိုးရအပြောင်းအလဲ ဘယ်လိုဘဲရှိရှိ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနဲ့အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းမိသားစုဘဝများ ပျော်ရွှင်အေးချမ်း စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

              ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရွှေမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့ တွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းပါ အချက် အလက်များကို ထုတ်နုတ်၍ Zoom Meeting ဖြင့် တက်ရောက်လာကြသော ဝန်ကြီးရုံးနှင့် ဦးစီး ဌာနများ၏ ရုံးချုပ်၊ ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား နားလည် သဘောပေါက်စေရန် ချပြရှင်းလင်းပြောကြားခဲ့ပါသည်။

              ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် အဓိကအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ပြည်သူ လူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် အရာထမ်း၊ အမှုထမ်းများအနေဖြင့် နားလည်သဘော ပေါက်စေလိုပါကြောင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ တင်ပြချက်များနှင့် အခြားတင်ပြချက်များ ရှိပါက တင်ပြနိုင်ပါကြောင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် စုပေါင်းတိုင်ပင်ဆွေးနွေးဆုံးဖြတ်ပေးသွား မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR