ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီမှ ဦးဆောင်၍ ဆက်စပ် ဌာနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မည့် လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး စီမံချက် (မူကြမ်း) ဒုတိယအကြိမ်အား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ Video Conferencingစနစ်ဖြင့် ကျင်းပရာပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများတက်ရောက်ကြသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကလမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက် (မူကြမ်း) အားပထမအကြိမ်တွင် Desk Review ဖြင့် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ စီမံချက်နယ်မြေနှင့် စီမံချက်ကာလများသတ်မှတ်ထားရှိခဲ့ပါ ကြောင်း၊ ယခုလက်ရှိတွင် စီမံချက်အပေါ်အကောင်အထည်ဖော်ဆောင်ရွက်မည့် Action Plan အားအတည်ပြုဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ဆက်လက်၍ မကြာမီကျင်းပမည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးတွင် ရှင်းလင်းဆွေးနွေး၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ လမ်းပေါ်နေ ကလေးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝတို့အတွက် မြှင့်တင်ဆောင်ရွက် ပေးရန်ဖြစ်ပါကြောင်း၊ ကလေးများ၏ Mindset ကိုအဓိကပြောင်းလဲပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးကလမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ် စောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ စနစ်တကျဆန်းစစ်လေ့လာခြင်း၊ စာရင်းရေးသွင်းခြင်း၊ အကဲဖြတ် မှတ်တမ်းတင်ခြင်း၊ လိုအပ်သည့် ထောက်ပံ့မှုများရရှိနိုင်ရန် ပံ့ပိုးပေးခြင်းနှင့် သက်ဆိုင်ရာသို့ ချိတ်ဆက်ညွှန်းပို့ ဆောင်ရွက်ခြင်းတို့အပါအဝင် စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်းနှင့် မှတ်တမ်းထားရှိခြင်းတို့ကို စီမံချက်စတင်ချိန်မှ စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဓိကမှာလူ့စွမ်းအားအရင်းအမြစ်ဖြစ်ပါ၍ စီမံချက်ဒေသများအလိုက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အခြားဆက်စပ်ဌာနများမှ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များအားလူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုသင်တန်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်း အသိပညာပေး သင်တန်းတို့ကိုထဲထဲဝင်ဝင် သင်ကြားပို့ချပေးထားရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ကြိုတင်အသိပညာပေးအစီအစဉ်များအပါအဝင် စီမံချက်နယ်မြေများအလိုက် ကလေးသူငယ်များ နှင့် ယုံကြည်မှုတည် ဆောက်ရေးမှာ အရေးကြီးပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်နေကလေးများဖြစ်ရခြင်းကြောင့် ၎င်းတို့၏အခက်အခဲများကို ခွဲခြမ်းစိတ်ဖြာနိုင်မှသာ လက်တွေ့ကျစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ စီမံချက်အပေါ် စတင်ဆောင်ရွက်ခြင်း မပြုမီကြိုတင် ပြင်ဆင်ရေးမှာ အရေးကြီးပါကြောင်း၊ လတ်တလောတွင်ကနဦးစီမံချက်ဖြင့် ဆောင်ရွက်သော်လည်း ကလေးများအတွက် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

          လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)က စီမံချက် (မူကြမ်း) ဒုတိယအကြိမ်နှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အကောင်အထည် ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ် အသေးစိတ်တို့ကိုရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့ကစီမံချက်အပေါ် လူမှုကာကွယ် စောင့်ရှောက်ရေး နည်းလမ်းများနှင့်အညီဆောင်ရွက်နိုင်ရေး၊ ဆန်းစစ်လေ့လာသည့် အချက်အလက်များအတွက် စာရင်းအင်းတိကျမှန်ကန်မှုရှိရေးနှင့် ပြန်လည်သုံးသပ်ခြင်း၊ အစီရင်ခံတင်ပြခြင်းတို့တွင် ခိုင်မာတိကျသည့်အချက်အလက်များ ဖြစ်ပေါ်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးချ နိုင်ပြီးနိုင်ငံ၏ စီမံကိန်းလုပ်ငန်းစဉ်များတွင် ထည့်သွင်းနိုင်ရေးအတွက် ဖြည့်စွက်ဆွေးနွေးခဲ့ကြပါ သည်။

          ဆက်လက်၍ ကနဦးစီမံချက်နယ်မြေများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးမှူးတို့ကစီမံချက် နယ်မြေအလိုက် လမ်းပေါ်နေကလေးများ၏ အခြေအနေများ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ၊  လမ်းပေါ်နေကလေးများ၏ လိုအပ်ချက်များအပေါ် ပံ့ပိုးပေးနိုင်မည့် အခြေအနေများအားတင်ပြဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက လမ်းပေါ်နေကလေးများအတွက် ဆောင်ရွက်ရာတွင် အဓိကမှာ ကလေးများကျောင်းတက်နိုင်ရေးဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက် သင်ကြား နိုင်ခြင်း မရှိပါကသက်မွေးပညာများ သင်ကြားပေးနိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း Volunteer များအားစနစ်တကျ သင်ကြားလေ့ကျင့်၍ ၎င်းတို့အတွက် ထောက်ပံ့မှု အစီအစဉ်များကိုဆောင်ရွက်နိုင်ရေး၊  ကျောင်းပညာဆက်လက် သင်ကြားနိုင်မည့် ကလေး သူငယ်များအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ်မှ Conditional Cash Transfer Program ဖြင့် ထောက်ပံ့နိုင်ရေး၊ ကျောင်းပြင်ပ ပညာဆက်လက်သင်ကြားနိုင်မည့် ကလေးများ အတွက် Mobile Schools အစီအစဉ်များ ဆောင်ရွက်၍ တိုင်းဒေသကြီး/ပြည်နယ် များတွင် စီမံချက်နယ်မြေများ တိုးချဲ့နိုင်ရေးဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နေ့လည် (၁၂:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR