ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းကိုယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင်သိုလှောင်ရုံများတွင် သိုလှောင်ထား ရှိသည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများသည် အရေးပေါ်အခြေအနေတွင်ဘေးသင့်သူများကို အချိန်နှင့်တစ်ပြေးညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်သိုလှောင်ထားသည့်အတွက်ထောက်ပံ့ရေး လုပ်ငန်းစဉ်၏ အရေးပါသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ သိုလှောင်ရုံများကို စနစ်တကျ စီမံခန့်ခွဲ ခြင်းသည် အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်(Emergency Logistics)၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါကြောင်း၊ သိုလှောင်ရုံစီမံခန့်ခွဲမှုလုပ်ငန်းများကိုစနစ်တကျ ဆောင်ရွက်မည်ဆိုလျှင်အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်သည်လည်း ဝန်ကြီးဌာန၊ ဦးစီး ဌာန၏ မျှော်မှန်းချက်အတိုင်း ဘေးသင့်သူများထံ အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပို့ဆောင်ပေး နိုင်မှာဖြစ်ပါကြောင်း၊ စနစ်တကျစီမံခန့်ခွဲနိုင်မှုမရှိခဲ့ပါက သိုလှောင်ထားသည့် ထောက်ပံ့ရေး ပစ္စည်းများသည် ပျက်စီးမှုများဖြစ်ပေါ်ပြီး နိုင်ငံ့ဘဏ္ဍာကိုအလဟဿဆုံးရှုံးမှုဖြစ်နိုင်သည့် အတွက် ကြောင့်အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ဒီကနေ့ဖွင့်လှစ်သည့်သင်တန်းသည်သိုလှောင်ရုံများတွင်သိုလှောင်ထားရှိသည့်ပစ္စည်းများကိုစနစ်တကျလက်ခံခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ ဖြန့်ဖြူးခြင်းစသည့်နည်းစနစ်များနှင့်ပတ်သက်ပြီးအခြေခံကျကျသိရှိစေရန်နှင့်ကယ်ဆယ်ရေးပစ္စည်းများလေလွင့်ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ရန်အပြင် ဘေးသင့်ပြည်သူတွေဆီဖြန့်ခွဲထောက်ပံ့ ပေးရာတွင်မိမိတို့ဝန်ထမ်းများသတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီနားလည်လိုက်နာဆောင်ရွက်နိုင်ရန်ဖွင့်လှစ်ခြင်းဖြစ်သည့်အတွက် လက်တွေ့လုပ်ငန်းခွင် တွင် များစွာအထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း၊ သင်တန်းကို Zoom Applicationအသုံးပြု၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီးယနေ့သင်တန်းတွင်ကနဦးအနေဖြင့်ဦးစီးအရာရှိ (၂၁)ဦးကိုလေ့ကျင့်ပို့ချ မည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ရန် ကျန်ရှိနေသည့်ဦးစီးဌာန၊ ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အသီးသီးတွင်တာဝန်ထမ်းဆောင်နေကြသည့် ဦးစီးအရာရှိမှ ဒုတိယဦးစီးမှူးရာထူးအဆင့်ထိဝန်ထမ်းစုစုပေါင်း (၂၁၄)ဦးကိုသင်တန်း (၈)ကြိမ်ဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်၍ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းတွင် ဆွေးနွေးမည့် လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များ၊ နည်းပညာများကိုမိမိတို့၏ အတွေ့အကြုံဖြင့် ပေါင်းစပ်ကာလုပ်ငန်းခွင်တွင် ပြန်လည်အသုံးချရန်တိုက်တွန်းပါကြောင်းပြောကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကသင်တန်းသား၊ သင်တန်းသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။

          သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ၊ နည်းပြများ၊ သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ကြပြီး အဆိုပါ သင်တန်းအားOnline စနစ်ဖြင့် (၆-၁-၂၀၂၂)ရက်နေ့မှ (၁၂-၁-၂၀၂၂) ရက်နေ့အထိသင်တန်းကာလ (၇)ရက်ကြာဖွင့်လှစ်မည်ဖြစ် ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR