ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          သက်ကြီးပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၉-၃-၂၀၂၆ရက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမရာဟိုတယ်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊  လူမှုဝန်ထမ်း၊ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကတက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် သက်ကြီးပုဂ္ဂိုလ်များ၏စကားသံများကို နားထောင်ပြီး လိုအပ်သောပံ့ပိုးမှုများ ဆောင်ရွက်နိုင်စေရန်၊ လူ့အဖွဲ့အစည်းအတွင်း သက်ကြီးပုဂ္ဂိုလ်များ ပါဝင်ဆောင်ရွက်ခွင့် ရရှိနိုင်စေရန်၊သက်ကြီးပုဂ္ဂိုလ်များအပေါ် အလေးထားမှုကို ပြသနိုင်စေရန်နှင့်သက်ကြီးများအချင်းချင်း တွေ့ဆုံခြင်းဖြင့် အတွေ့အကြုံများ မျှဝေနိုင်စေရန်ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲများကို ရန်ကုန်မြို့၌ ၂၇-၂-၂၀၂၃ ရက်တွင်လည်းကောင်း၊ မန္တလေးမြို့၌၄-၁၀-၂၀၂၃ ရက်တွင်လည်းကောင်း ကျင်းပခဲ့ပြီးဖြစ်ရာ ယခု‌ နေပြည်တော်၌ တတိယအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် သက်ကြီးပုဂ္ဂိုလ်များစောင့်ရှောက်ရေးလုပ်ငန်းများကို ဘိုးဘွားရိပ်သာအခြေပြုစောင့်ရှောက်ခြင်း၊ ရပ်ရွာအခြေပြု စောင့်ရှောက်ခြင်းနှင့် နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာများ ဖွင့်လှစ်စောင့်ရှောက် ခြင်းစသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊သက်ကြီးသူများသည် နိုင်ငံတော်က အလေးထားတန်ဖိုးထားရသော အတွေ့အကြုံများစွာရှိသော နိုင်ငံသားများဖြစ်ကြပါကြောင်း၊သက်ကြီးပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာမည့် အကြံပြုချက်များနှင့် ဆွေးနွေးချက်များကို အခြေခံ၍ သက်ကြီးပုဂ္ဂိုလ်များ စောင့်ရှောက်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ကြီးပုဂ္ဂိုလ်များ စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် သက်ကြီးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ လူမှုအသိုင်းအဝိုင်းအတွင်း သက်ကြီးပုဂ္ဂိုလ်များအား စောင့်ရှောက်မှု၊ အခြေခံပံ့ပိုးမှုများ အပေါ် လက်လှမ်းမီမှုနှင့် အတွေ့အကြုံများကို အုပ်စုလိုက် ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း

MOS

DSW

DDM

DOR