ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ဖွင့်လှစ်မည့် လူမှုသဟဇာတနှင့်လူမှု ပေါင်းစည်းရေး ဆိုင်ရာဆင့်ပွားသင်တန်း၊ သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် Virtual ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သင်တန်းဖွင့်အမှာ စကားပြောကြားရာတွင် လူတစ်ဦးနှင့်တစ်ဦး ကျား၊ မ၊ အသက်အရွယ်၊ မိသားစုအသိုင်းအဝိုင်း၊ သင်ကြားခဲ့ရသည့် ပညာရပ်များ၊ လူမျိုး၊ ဘာသာ စသည်ဖြင့် မတူညီမှုများစွာ ရှိသည့်အနက် တူညီသည့်အချက်များမှာ လူတိုင်းလူတိုင်းသည် ကြီးပွားတိုးတက်လိုခြင်း၊ ငြိမ်းချမ်းစွာနေထိုင်လိုကြခြင်းတို့ ဖြစ်ပါကြောင်း၊ လူမှုသဟဇာတ သဘောတရားများကို နားလည်သိရှိသူ များပြားလာသည်နှင့်အမျှ ပြည်သူအကြားအတွေးအခေါ်များ မြင့်တက်လာပြီး လူမှုပဋိပက္ခကင်းဝေးသော၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ်ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်သူများအနေနဲ့ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ မတူကွဲပြားသော လူအုပ်စုများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး   ကြိုးပမ်းမှုဖြစ်စဉ်တိုင်းမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဆင့်ပွားသင်တန်းမှရရှိသော အသိပညာ၊ ဗဟုသုတများကို မိမိတို့ရပ်ရွာဒေသမှာ ကိုယ်တိုင်လည်း လက်တွေ့ကျင့်သုံးသလို ရပ်ရွာအတွင်းတတ်စွမ်းသမျှ ထပ်ဆင့်အသိပညာပေးကာ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များမှာ ပိုမိုမြှင့်တင် ဖော်ဆောင်နိုင်သူများ ဖြစ်ကြပါစေကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားကို အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ စစ်တွေမြို့မှ  In person တက်ရောက်ကြသည့် နည်းပြများနှင့် သင်တန်းတက်ရောက်ကြမည့်  ရခိုင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းမှ အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ကာလမှာ ပူးပေါင်းလုပ်ဆောင်ကြသော စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များ၊ ဒေသတွင်းအမျိုးသမီးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို (၂၆-၉-၂၀၂၂ရက်နေ့မှ ၃၀-၉-၂၀၂၂)ရက်နေ့ထိ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ရန်ရည်ရွယ်၍ အသက်(၆)လမှ (၃)နှစ်အရွယ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း ဖွင့်ပွဲအခမ်းအနားကို (၂၆.၉.၂၀၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် ရုံးအမှတ်(၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်   ယနေ့ဖွင့်လှစ်ရသည့် သင်တန်းသည် ဝန်ကြီးဌာနများတွင် နေ့ကလေး ထိန်းဌာနများ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်၍ အသက်(၆)လမှ (၃)နှစ်အရွယ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ရုံး၊ ဌာနများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ခြင်းဖြင့် ကလေးငယ်များ၏မိခင် ဝန်ထမ်းအမျိုးသမီးများအတွက် အဆင်ပြေနိုင်စေသလို တစ်ဖက်ကလည်း ကလေးသူငယ်များ၏ အသက်အရွယ်အလိုက် စနစ်ကျတဲ့ ပြုစုစောင့်ရှောက်မှုကို ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဟုဆိုရာတွင် မွေးစမှ အသက်(၈) နှစ်အရွယ်အထိဖြစ်ပြီး မွေးစမှအသက် ၃ နှစ်အရွယ်သည် ဦးနှောက်ဖွံ့ဖြိုးမှုအား အကောင်းဆုံးအချိန်ဖြစ်တာကြောင့် နည်းလမ်းမှန်ကန်စွာဖြင့် ပြုစုစောင့်ရှောက်ရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အသက်(၃)နှစ်မှ (၅)နှစ်အထိ ကလေးများအတွက် ဌာနမူလတန်းကြိုကျောင်းများ ပုံမှန်တိုးချဲ့ဖွင့်လှစ်ခြင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား တည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်များပေးအပ်ခြင်း၊ ရပ်ရွာအခြေပြု ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နည်းပညာအကူအညီနှင့် ငွေကြေးအထောက်အပံ့များပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသော်လည်း အသက်(၆)လနှင့် အထက် ရင်ခွင်ပိုက် ကလေးငယ်များအတွက် နေ့ကလေးထိန်းများ ဖွင့်လှစ်နိုင်မှုမှာ အင်မတန်နည်းပါးနေသေးတာကို တွေ့ရှိရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနဲ့လည်း နေ့ကလေးထိန်းဌာနများ၊ မူလတန်းကြို ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက်ကူညီပံ့ပိုးသွားမှာဖြစ်ပါကြောင်း၊ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည်ဆိုလျှင် အမျိုးသမီးများသာမက အမျိုးသားများကပါ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ဝန်ကြီးဌာနအသီးသီးက သင်တန်းသူများမှတစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူ ဝန်ကြီးဌာနအသီးသီးက တာဝန်ရှိသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ မေမေ့ရင်ခွင်နေ့ကလေးထိန်းဌာနဖွင့်လှစ်ထားရှိမှု အခြေအနေ၊ ရုံး၊ဌာနများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ခြင်းဖြင့် မိဘများအနေဖြင့် ကလေးများအား ရင်အုပ်မကွာ စောင့်ရှောက်မှုပေးနိုင်မည့်အခြေအနေများ၊ မိခင်များအတွက် အလုပ်ထွက်နှုန်းကို လျှော့ချစေနိုင်ပြီး ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်ကျတဲ့ ပြုစုစောင့်ရှောက်မှုကို ရရှိစေနိုင်သည့်အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ပြီး ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက်၍ ဝိုင်းဝန်းကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို အမြဲတမ်းအတွင်းဝန်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာန(၂၃)ခုတို့မှ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းသူ(၂၅)ဦးတို့တက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR