ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          လူမှုရေးကဏ္ဍမှာကျယ်ပြန့်သည့်အလျောက် ကြားကာလအစိုးရသက်တမ်းကာလအတွင်းဝန်ကြီးဌာန၏ မူလလုပ်ငန်းတာဝန်များဖြစ်သောကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်  ထိခိုက်လွယ်အုပ်စုများဖြစ်သောကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားဖြစ်ထွန်းအောင် နည်းမှန်လမ်းမှန်ဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းဖြည့်ဆည်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ဌာနပိုင်၊ ပုဂ္ဂလိကနှင့် ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများဖွင့်လှစ်သင်ကြားပေးခြင်းအပြင် Online စနစ်ဖြင့်ပါ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ဌာနပိုင် သင်တန်းကျောင်း၊ ဂေဟာများသို့ ရောက်ရှိလာသည့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးရမည့် အမျိုးသမီးများ၏ ဘဝတိုးတက်မြင့်မားရေးအတွက် ၎င်းတို့ပညာသင်ယူခွင့်ရရှိရေး၊ အမှန်တကယ်အကျိုးရှိပြီးလက်တွေ့ကျသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ယူတတ်မြောက်နိုင်ရေးလိုအပ်သည့် နည်းပညာ၊ ငွေကြေး၊ လုပ်ငန်းများရပ်တည်လည်ပတ်နိုင်အောင် ကူညီပံ့ပိုးပေးရမည် ဖြစ်ကြောင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)ကိုအတည်ပြုပြဌာန်းနိုင်ရေးဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ပြီးဖြစ်ရပ်စီမံခန့်ခွဲသူများအနေဖြင့်လည်းအမှန်တကယ် ထိရောက်ကောင်းမွန်သောပံ့ပိုးမှုများဆောင်ရွက်နိုင်ရေးလူမှုရေးပညာတက္ကသိုလ်တည်ထောင်ဖွင့်လှစ် ပြီးစီးပါကလူမှုရေးပညာဖြစ်ရပ်စီမံခန့်ခွဲသူများများစွာမွေးထုတ်ပေးနိုင်တော့မှာဖြစ်ပါကြောင်း၊၂၀၁၄ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်အတိုင်းလက်ရှိတွင် အသက်(၈၅)နှစ်နှင့်အထက် အဖိုးအဖွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်()နှစ်အောက် ကလေးသူငယ်များအတွက် ငွေကြေးထောက်ပံ့ပေးမည့် အစီအစဉ်(MCCT)တို့တွင် Electronic Cash Transfer (ECT)နည်းလမ်းဖြင့် ပိုမိုထိရောက် ကျယ်ပြန့်စွာဆောင်ရွက် နိုင်ရေးအတွက် လူမှုရေးအချက်အလက် စီမံခန့်ခွဲမှုစနစ်ကိုထူထောင်နိုင်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊သင်တန်းကျောင်းများတွင် ထိန်းသိမ်းစောင့်ရှောက်ထားရှိသောကလေးသူငယ်များဘဝတစ်သက်တာရှင်သန်ရပ်တည်နိုင်ရေးအသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးရာတွင် ၎င်းတို့အတွက် လွယ်ကူစွာတတ်မြောက်ပြီးဝင်ငွေလက်လှမ်းမီရနိုင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာများကိုသင်တန်းကျောင်းအနေဖြင့် ဖြစ်ထွန်းအောင်မြင်ပြီးဈေးကွက်သို့ တင်ပို့နိုင်သည်အထိ ၎င်းတို့ဦးဆောင်မှုဖြင့် ၎င်းတို့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ပြီးငွေစာရင်းထားသိုနည်းပညာရပ်များအပါအဝင် ၎င်းတို့စီမံခန့်ခွဲမှုဖြင့် Ownership စိတ်ဓါတ်ကိန်းအောင်လာအောင်လေ့ကျင့်သင်ကြားပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ထိရောက်သောဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအတိုင်းကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက် ခြင်းနည်းလမ်းများဖြင့်ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာတ)ရှိလက်ရှိဖွင့်လှစ်နေသည့် သင်တန်းများအပြင် သင်တန်းကျောင်းနှင့် ပတ်သက်၍ Monitoring and Evaluation Workshop ()ခုပြုလုပ်၍ ပြန်လည်ဆန်းစစ် သုံးသပ်ကာရှေ့လုပ်ငန်းစဉ်များချမှတ်ရန်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးနှင့် လူကုန်ကူးခံရသူများလူ့အဖွဲ့အစည်းအတွင်းပြန်လည်ဝင်ဆံ့ပေါင်းစည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ဖွဲ့စည်းပုံကိုထပ်မံတိုးချဲ့ ခွင့်ပြုခဲ့ပြီးဖြစ်သည့်အတွက် လုပ်ငန်းများပိုမိုထိရောက်ကျယ်ပြန့်စွာဆောင်ရွက်သွားနိုင်တော့မည်ဖြစ်ကြောင်းယခုအစည်းအဝေးတွင် အဆိုပါ လုပ်ငန်းများအားလုံးပေါက်မြောက်အောင်မြင်အောင် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့် အလိုက် ကာလသတ်မှတ်ချက် (Time Frame)ချမှတ်အတည်ပြုပြီးလစဉ်တိုးတက်မှုအခြေအနေနှင့် ညှိနှိုင်းသုံးသပ်ခြင်းများဆက်လက်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့််ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၂၃ တွင်ယနေ့ကျင်းပပြုလုပ်ခဲ့သည့်  လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန၏ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်ကဆွေးနွေးမှာကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်ကဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့ပြီးဝန်ကြီးရုံးမှ ဌာနခွဲများမှ လက်ထောက်အတွင်းဝန်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ ဌာနတာဝန်ခံညွှန်ကြားရေးမှူးများကသက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကာလသက်မှတ်ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုရှင်းလင်းတင်ပြခဲ့ရာအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီးတင်ပြချက် တစ်ချက်ချင်းအပေါ် ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များအားပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ဝန်ကြီးရုံးနှင့် ဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများက In Person တက်ရောက်ခြင်းဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး / ပြည်နယ်အဆင့်နှင့်ခရိုင်အဆင့် တာဝန်ရှိသူများက Virtual ပုံစံဖြင့်လည်းကောင်းပါဝင်တက်ရောက်ခဲ့ပြီးအစည်းအဝေးကိုညနေပိုင်းတွင်အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR