ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန(ရုံးချုပ်)မှ   Helpline တာဝန်ကျဝန်ထမ်းများအား ကျား၊မအခြေပြု အကြမ်းဖက်မှု ဖြစ်ရပ်များဖြေရှင်းဆောင်ရွက်မှုဆိုင်ရာသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်များနှင့် သက်ဆိုင်ရာဌာနခွဲမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုရေးဝန်ဆောင်မှုပေးတဲ့လုပ်ငန်းများကို ‌ဆောင်ရွက်နေတဲ့ ဌာနတစ်ခုဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်း၊ သက်ကြီးရွယ်အို စတဲ့ ကာကွယ်စောင့်ရှောက်ရန်လိုအပ်တဲ့ အုပ်စုများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ မြှင့်တင်ခြင်းလုပ်ငန်းတွေကို အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများ၊ အာဆီယံဆိုင်ရာသဘောတူညီချက်များ၊ ပြည်တွင်းထုတ်ပြန်ထားသည့်ဥပဒေများ၊ နည်းဥပဒေများ၊ မူဝါဒများနဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းလူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့   အမျိုးသမီးများနှင့်မိန်းကလေးငယ်ရွယ်များ အပေါ် ကျား၊ မရေးရာ အခြေပြုအကြမ်းဖက်မှုများနဲ့ စပ်လျဉ်းပြီး ကြိုတင်ကာကွယ်ခြင်း ၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်းတို့ကို သက်ဆိုင်ရာအစိုးရဌာန/အစိုးရအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျား၊ မ အခြေပြုအကြမ်းဖက်ခြင်း အထူးသဖြင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများဟာ နေရာမရွေး၊ အချိန်မရွေးဖြစ်ပွားနိုင်ပါကြောင်း၊ အကြမ်းဖက်မှုဖြစ်ပွားတာနဲ့ တစ်ပြိုင်နက်တုံ့ပြန်ကာကွယ်မှုပေးရန်လည်း လိုအပ်ပါကြောင်း၊ အကြမ်းဖက်ခံရသူများအနေနဲ့ ဒီလိုဝန်ဆောင်မှုတွေရရှိဖို့အတွက် ကျွန်မတို့ဝန်ကြီး ဌာနအနေနဲ့  အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများကို သတင်းပို့တိုင်ကြားနိုင်ရေးအတွက် (၂၄)နာရီ Helpline ဝန်ဆောင်မှုကိုထားရှိပြီး တိုင်ကြားစာများကို လက်ခံဖြေရှင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ ဖုန်းဖြင့် တိုင်ကြားမှုအပြင် နည်းလမ်းမျိုးစုံဖြင့်  တိုင်ကြားနိုင်ဖို့အတွက် Viber နှင့် Facebook Page များတည်ထောင်ကာ   စာတိုပေးပို့ ၍ တိုင်ကြားနိုင်ရေးကိုလည်း စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်းအကြမ်းဖက်ခံရတဲ့ဖြစ်စဉ် တိုင်ကြားမှုကို လက်ခံရရှိတာနဲ့ တိုင်ကြားမှုကို ဖြေရှင်းဆောင်ရွက်ရန် နေပြည်တော်အပါအဝင်တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာ စနစ်တကျလေ့ကျင့်သင်ကြားပေးထားတဲ့ Case Manager များမှ အကြမ်းဖက်ခံရသူများ နဲ့တွေ့ဆုံပြီး ၎င်းတို့ရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းနှင့် စွမ်းဆောင်ရည်ပြန်လည်မြှင့်တင်ပေးရေးဆိုင်ရာလိုအပ်သည့်အကူအညီများ ပံ့ပိုးပေးနိုင်ရေးအတွက် Case Management Process နှင့်အညီ  ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်းလူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားတဲ့ Helpline ဖုန်းများကို စတင်ဖွင့်လှစ်တဲ့ ၂၉.၁၁.၂၀၁၆ နေ့မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ တိုင်ကြားလာတဲ့ Case ပေါင်း(၁,၇၁၉)ရှိပြီး ယင်းတို့အနက် GBV Case ပေါင်း (၁,၀၈၀)မှုနဲ့ အခြားCase ပေါင်း(၆၄၉)မှုကို ဖြေရှင်းဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် Helpline ဝန်ဆောင်မှုသည် ပြည်သူနှင့်တိုက်ရိုက်ဆက်ဆံရသည့်နေရာဖြစ်ကြောင်း၊ ပြည်သူများသို့ ဆက်ဆံပြောဆိုခြင်းနှင့် ဝန်ဆောင်မှုပေးရာတွင် ဝန်ဆောင်မှုပေးသူ၏ ဆက်ဆံတုံ့ပြန်ပြောဆိုမှုသည် ဌာနကိုကိုယ်စားပြုပါကြောင်း၊ ဆက်ဆံရေးပြေပြစ်ကောင်းမွန်ဖို့လိုအပ်ကြောင်း၊ စကားအသုံးအနှုန်းသည် ယဉ်ကျေးသိမ်မွေ့ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာန၏ လုပ်ငန်းအားလုံး၊ ဝန်ဆောင်မှုအားလုံးကို ယေဘူယျအားဖြင့် သိရှိထားဖို့လိုကြောင်း၊ သို့မှသာကောင်းမွန်ထိရောက်သည့် ဝန်ဆောင်မှုများပေးအပ်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းတွင် သင်တန်းသား/သူ (၂၀)ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၇.၈.၂၀၂၂ ရက်နေ့မှ ၁၈.၈.၂၀၂၂ ရက်နေ့ထိ (၂)ရက်တာ သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR