ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

    ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၅)သင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင်တာဝန်ထမ်းဆောင်နေကြသည့်အလယ်အလတ်အဆင့်အရာထမ်းများအနေဖြင့်ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှုစွမ်းရည်များမြင့်မားစေရေး၊ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနားလည်ပြီးကျွမ်းကျင်စွာဆောင်ရွက်နိုင်စေရေး၊လုပ်ငန်းဆောင်ရွက်ရာ၌ချမှတ်ထားသည့်ဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်း၊ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်နိုင်စေရေးနှင့်ဘေးသင့်သူများသို့အချိန်နှင့်တစ်ပြေးညီထောက်ပံ့မှုများဆောင်ရွက်နိုင်ရန်ဖွင့်လှစ်ထားသည့်သိုလှောင်ရုံများကိုစနစ်တကျစီမံခန့်ခွဲနိုင်စေရေးစသည့်ရည်ရွယ်ချက်များဖြင့်ယခုသင်တန်းကိုစီစဉ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊

          အလယ်အလတ်အဆင့်ရှိအရာထမ်းများသည်အထက်အဆင့်အရာရှိကြီးများနှင့်အောက်တွင်အဆင့်ဆင့်တာဝန်ထမ်းဆောင်နေကြသည့်အရာထမ်း၊အမှုထမ်းများအကြားကွာဟချက်များကိုထိန်းညှိဆောင်ရွက်ပေးသူများဖြစ်သည့်အတွက်ကြောင့်မိမိတို့၏လုပ်ငန်းအပေါ်နားလည်မှု၊စွမ်းဆောင်ရည်ရှိမှုနှင့်စနစ်တကျစီမံခန့်ခွဲတတ်မှုများသည်ဌာန၏လုပ်ငန်းလည်ပတ်မှုအပေါ်၌များစွာအကျိုးသက်ရောက်မှုရှိနိုင်မည်ဖြစ်သည့်အတွက်နိုင်ငံ့ဝန်ထမ်းဥပဒေ၊နည်းဥပဒေများကိုသိရှိနားလည်ပြီးဝန်ထမ်းရေးရာကိစ္စရပ်များအားစနစ်တကျစီမံဆောင်ရွက်နိုင်ရေးအတွက်ပြည်ထောင်စုရာထူးဝန်အဖွဲ့ကလာရောက်ပို့ချပေးမည်ဖြစ်ကြောင်း၊

ဝန်ထမ်းများအနေဖြင့်နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေကိုသုံးစွဲ၍ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာ၌ဘဏ္ဍာရေးစည်းမျဉ်း၊စည်းကမ်းများနှင့်အညီစနစ်တကျဆောင်ရွက်ရေးသည်အရေးကြီးသည့်အတွက်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးများကိုပို့ချပေးသွားမှာဖြစ်ကြောင်း၊

          ဦးစီးဌာန၏ရည်ရွယ်ချက်နှစ်ရပ်အနက်ပထမရည်ရွယ်ချက်ဖြစ်သည့် သဘာဝဘေးအန္တရာယ်များကြောင့်အတိဒုက္ခကြုံတွေ့နေရသည့်ဘေးသင့်သူများ၏လတ်တလောစားဝတ်နေရေးသက်သာချောင်ချိမှုရရှိစေရေးအထောက်အပံ့ပေးရန်ဆိုသည့်အချက်အားအကောင်အထည်ဖော်ရာ၌ထောက်ပံ့မှုလုပ်ငန်းများကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးနိုင်ရေးပစ္စည်းများကြိုတင်ဝယ်ယူသိုလှောင်ထားရှိသည့်သိုလှောင်ရုံများကိုစနစ်တကျစီမံခန့်ခွဲတတ်စေရေန်သိုလှောင်ရုံထိန်းသိမ်းခြင်းဆိုင်ရာသင်ခန်းစာများကိုလည်းဆွေးနွေးပို့ချမည်ဖြစ်ကြောင်း၊

          အာဆီယံအဆင့်တွင်လည်း အာဆီယံအရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးစနစ်” Disaster Emergency Logistics System for ASEAN (DELSA)ကိုဆောင်ရွက်လျက်ရှိပြီးအာဆီယံဒေသတွင်းနိုင်ငံများ၌ဘေးဖြစ်ပွားသည့်အချိန်တွင်ထောက်ပံ့နိုင်ရေးမလေးရှားနိုင်ငံ၊ဆူဘန်းမြို့၊ထိုင်းနိုင်ငံ၊ချိုင်းနတ်ခရိုင်နှင့်ဖိလစ်ပိုင်နိုင်ငံ၊ကွာဇုန်မြို့များတွင်ဒေသအလိုက်သိုလှောင်ရုံများထားရှိကာထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊၂၀၂၃ခုနှစ်၌မိုခါမုန်တိုင်း၊၂၀၂၄ခုနှစ်ရာဂီနှင့်ဆက်စပ်ဖြစ်ပေါ်သည့်ရေဘေး၊၂၀၂၅ခုနှစ်မန္တလေးငလျင်ကြီးလှုပ်ခတ်မှုများ၌လည်းမြန်မာနိုင်ငံမှဘေးသင့်သူများသို့ထောက်ပံ့ပေးမှုများပေးခဲ့သဖြင့် သိုလှောင်ရုံဆိုင်ရာကိစ္စရပ်များသည်လည်း အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်၍သင်တန်းမှရရှိခဲ့သည့်အတွေ့အကြုံဗဟုသုတများကိုအသုံးချ၍လုပ်ငန်းခွင်၌စနစ်တကျ၊မှန်မှန်ကန်ကန်ဆုံးဖြတ်ဆောင်ရွက်နိုင်စေရေးကြိုးစားလေ့လာပြီးအခြားသူများကိုလည်းလက်ဆင့်ကမ်းမျှဝေကာအချင်းချင်းလုပ်ငန်းအတွေ့အကြုံများဖလှယ် ကြစေလိုကြောင်းတို့ပြောကြားပါသည်။

ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီး၊ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်များ၊ နည်းပြများ တက်ရောက်ကြပါသည်။အဆိုပါသင်တန်းသို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်)နှင့်တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ဦးစီးမှူးရုံးများမှဒုတိယညွှန်ကြားရေးမှူး (၃၆)ဦးတက်ရောက်ခဲ့ကြပြီးသင်တန်းကို၈-၁၂-၂၀၂၅ရက်နေ့မှ၁၁-၁၂-၂၀၂၅ရက်နေ့အထိ၄ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR