ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်နှင့်အဖွဲ့သည် တိုင်းဒေသကြီးဦးစီးမှူးလိုက်ပါလျက်နိုဝင်ဘာ(၂၉)ရက်နေ့၊ နံနက်ပိုင်းတွင်မန္တလေးမြို့ရှိကလေးပြုစုရေးဌာနသို့ ရောက်ရှိကြပြီးဌာနမှစောင့်ရှောက်ထားရှိသောကလေးသူငယ်(၃၃)ဦးအား စောင့်ရှောက်ပေးနေမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီးလူငယ်သင်တန်းကျောင်းဧရိယာအတွင်း၌ ပြန်လည်ထူထောင်ရေးဦးစီးဌာနအတွက်ရွေးချယ် သတ်မှတ်ပေးထားသည့်မြေနေရာ၊ တစ်ရှုးငှက်ပျောစိုက်ခင်းများစိုက်ပျိုးထားရှိမှုအခြေ အနေနှင့် သင်တန်းသားအိပ်ဆောင်ဆောက်လုပ်ရန်လျာထားမြေနေရာတို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း၊ တာဝန်ခံကျောင်းအုပ်မှ စောင့်ရှောက်ထားသောသင်တန်းသား(၂၉၉)ဦးတို့ကိုစောင့်ရှောက်ပေးမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးကကျောင်း၏လုံခြုံရေးကိုအထူးဂရုပြုဆောင်ရွက်ရန်၊ သင်တန်း သားအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုမရှိစေရေးကြပ်မတ်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကိုစာတွေ့လက်တွေ့ လေ့ကျင့်သင်ပေးနိုင်ရေးအတွက် လျာထားဆောင်ရွက်ရန်၊ သင်တန်းကျောင်းခြံစည်းရိုးကာရံခြင်းအတွက် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်သွားရန်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောဆရာဝန်များအား စေတနာ့ဝန်ထမ်းအသိအမှတ်ပြုလက်မှတ်များပေးအပ်နိုင်ရေးဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် သင်တန်းသားများအပေါ် စိတ်ရင်းစေတနာကောင်းဖြင့် ဝန်ဆောင်မှုများပေးနိုင်ရေးကြိုးစားဆောင်ရွက်သွားရန်၊ ကျောင်း၏ဆောင်ရွက်နေသောလုပ်ငန်းစဉ်များအတိုင်းအရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်၊ ငှက်ပျောစိုက်ပျိုး ရေးကိုအောင်မြင်အောင် ဆက်လက်စိုက်ပျိုးရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသက်မွေးဝမ်းကျောင်းပညာသင်ကြားနေသောသင်တန်းသားများအားလှည့်လည်ကြည့်ရှုအားပေးနှစ်သိမ့်ပြီးသင်တန်းမှ လေ့ကျင့်ပျိုးထောင်ပေးလိုက်သောအလေ့အကျင့်ကောင်းများဖြင့် ပတ်ဝန်းကျင်ကိုအကျိုးပြုသူများအဖြစ် ရပ်တည်နိုင်စေရန်အတွက် ဆုံးမသွန်သင်လမ်းညွှန်ခြင်း၊ ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့် ရရှိပြီးပါကယခုသင်ကြားပေးလိုက်သောအသက်မွေး ဝမ်းကျောင်းပညာရပ်များဖြင့် ကောင်းမွန်စွာရပ်တည်နေထိုင်သွားရန်နှင့်ကျောင်းမှထွက်ပြေးလျှင်ကျခံရမည့် ပြစ်ဒဏ်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိပြီးသင်တန်းကျောင်းအစည်းအဝေးခန်းမတွင် တိုင်းလူမှုဝန်ထမ်းရုံး၊ ဌာနငယ်/သင်တန်းကျောင်းများ၊ မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မန္တလေးလူငယ်သင်တန်းကျောင်းတာဝန်ခံကျောင်းအုပ်ဒုတိယညွှန်ကြားရေးမှူးဦးသီဟအောင်သင်တန်းသား(၃၈၄)ဦးအားစောင့်ရှောက်ထားမှုအခြေအနေများ၊ မူလတန်းကြိုကျောင်းများရှိကျောင်းအုပ်ကြီးများမှ မူကြိုကျောင်းများအလိုက် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကိုရှင်းလင်းတင်ပြခဲ့ရာဒုတိယဝန်ကြီးမှပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်ပြီးဒုတိယဝန်ကြီးသည် သင်တန်းသားအိပ်ဆောင်များ၊ ထမင်းစားဆောင်နှင့် နေ့လည်စာကျွေးမွေးမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးကျန်းမာရေးနှင့် ညီညွတ်ပြီးအာဟာရပြည့်ဝသော ကျွေးမွေးမှုပုံစံများဖြင့် စီမံဆောင်ရွက်သွားကြရန်၊ လုံခြုံရေးအထူးဂရုပြုဆောင်ရွက်သွားရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသောဆရာဝန်များအားစေတနာ့ဝန်ထမ်းအသိအမှတ်ပြုလက်မှတ်များပေးနိုင်ရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် အသက်မွေးဝမ်းကျောင်းပညာသင်ကြားနေသောသင်တန်းသားများအားတွေ့ဆုံအားပေးနှစ်သိမ့်ပြီးသင်တန်းကျောင်းစည်းကမ်းများနှင့်အညီလိမ်မာယဉ်ကျေးစွာနေထိုင်သွားကြရန် ဆုံးမသွန် သင်ခြင်းများဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီးဒုတိယဝန်ကြီးသည် မန္တလေးမူလတန်းကြိုကျောင်း အမှတ်(၁)နှင့် အမှတ်(၂) တို့သို့ သွားရောက်ခဲ့ပြီးကလေးငယ်များအတွက် နေ့လည်ပိုင်းဖြည့်စွက်စာကျွေးမွေးရန် ပြင်ဆင်ထားရှိမှုများ၊ ကလေးသူငယ်များလွတ်လပ်လုံခြုံစွာ ကစားနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR