ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လုံခြုံစိတ်ချရသော အာတိတ်ဒေသလေ့ကျင့်ခန်း အစီအစဉ် ၂၀၂၅ သို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာရခန်ဂလစ်မြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်(၂၉.၁.၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် ရုရှားမျိုးချစ်သူရဲကောင်းများဗိမ္မာန်၌ ကျင်းပသောအမှတ်တရအခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပြည်သူ့ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ အာရခန်ဂလစ်မြို့မြို့တော်ဝန်၊ ဘီလာရုစ်နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အီရန်နိုင်ငံ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံအပါအဝင်နိုင်ငံပေါင်းနှစ်ဆယ့်ငါးနိုင်ငံမှ သဘာဝဘေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဝန်ကြီးဌာနများမှဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံအသီးသီးမှ အခမ်းအနားတက်ရောက်သူများနှင့်အတူ တစ်မိနစ် ငြိမ်သက်အသိအမှတ်ပြုခြင်း၊ အမှတ်တရပန်းစည်းချခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာရခန်ဂလစ်မြို့ မြောက်ဒီဗီနာမြစ်ကမ်းပါးရှိ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မည့်နေရာသို့ သွားရောက်ကာ ရေခဲပြင်ရှာဖွေကယ်ဆယ်ရေးသုံး ခေတ်မီယာဉ်ယန္တရားများအသုံးပြု ကူညီကယ်ဆယ်မှု၊ ရေခဲပြင်ပေါ်၌ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရသူများ ယာယီနားခိုရန်နှင့် စောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားရှိမှုများအား လေ့လာကြည့်ရှု၍ ရုရှားနိုင်ငံမှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများကို သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဇာတ်တိုက်လေ့ကျင့်မှုဖြစ်စဉ်အဖွင့်အရ ရေခဲပြင်အတွင်း ပိတ်မိနေသည့် အပြည်ပြည်ဆိုင်ရာရေကြောင်းသွားသင်္ဘောတစ်စီးပေါ်ရှိ အန္တရာယ်ကြုံတွေ့ရသူများအား ဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ကူညီရေးအဖွဲ့များမှ မောင်းသူမဲ့လေယာဉ်၊ ရေခဲပြင်သွား ရှပ်ပြေးယာဉ်၊ ရဟတ်ယာဉ်၊ ရေခဲပြင်သွား လူနာတင်ယာဉ်များအသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်းနှင့်လိုအပ်သည့်ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခြင်းတို့အတွက် ရုရှားနိုင်ငံနှင့် မိတ်ဆွေနိုင်ငံများမှအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်မှုအား ကြည့်ရှုအားပေးပါသည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပြည်သူကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးအား တွေ့ဆုံနှုတ်ဆက်ကာ ဇာတ်တိုက်လေ့ကျင့်မှုအား တက်ရောက်မှုအတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ ရေခဲပြင်ဒေသများတွင် ဘေးအန္တရာယ်ကြုံတွေ့ပါက ကူညီကယ်ဆယ်ရေးအတွက် ခေတ်မီစက်ယန္တရားများ အသုံးပြုမှုကို လေ့လာခွင့်ရရှိခြင်းသည် မြန်မာနိုင်ငံအတွက် အတိုင်းအတာတစ်ခုအထိ အတွေ့အကြုံများရရှိမည်ဟု ယုံကြည်ကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများတွင် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ပြည်ထောင်စုဝန်ကြီးကလည်း မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ရေခဲတောင်များရှိသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ကြောင်း၊ ရေခဲတောင်ဒေသတွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ပံ့ပိုးရန် ကန့်သတ်ချက်များ ရှိနေသော်လည်း ယခုဇာတ်တိုက်လေ့ကျင့်မှုမှ အတွေ့အကြုံကောင်းများစွာ လေ့လာခွင့်ရရှိပါကြောင်း၊ သဘာဝဘေးကူညီမှုဆိုင်ရာဆက်စပ်လုပ်ငန်းကဏ္ဍများတွင် လိုအပ်သလိုဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားကာ ဇာတ်တိုက်လေ့ကျင့်မှုနှင့်စပ်လျဉ်း၍ အကြံပြုမေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR