ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လုံခြုံစိတ်ချသောအာတိတ်ဒေသလေ့ကျင့်ခန်းအစီအစဉ် ၂၀၂၅ တက်ရောက်ရန်ရုရှားဖက်ဒရေးရှင်း နိုင်ငံအာရခန်ဂလစ်မြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်ဇန်နဝါရီလ၃၀ရက်နေ့နံနက်ပိုင်းတွင် မြောက်ပိုင်း အာတိတ်ဒေသဖက်ဒရယ်တက္ကသိုလ်သို့သွားရောက်၍ အာတိတ်ရေခဲပြင်တွင်ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များအား ကြိုတင်သတိပေးခြင်း၊တုံ့ပြန်ခြင်းတို့တွင်အသုံးပြုသည့်အဆင့်မြင့် နည်းပညာသုံး စက်ကိရိယာများပြပွဲ၏ဖွင့်ပွဲအခမ်းအနားအား နိုင်ငံ(၂၅)နိုင်ငံမှာဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူတက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ပြပွဲအတွင်းပြသထားသည့် ဘေးအန္တရာယ်ကျရောက်မှုများအားထောက်လှမ်းရှာဖွေခြင်း၊ အလိုအလျောက် မီးငြိမ်းသတ်ခြင်းများတွင် အသုံးပြုသည့်မောင်းသူမဲ့လေယာဉ်ငယ်၊ ရဟတ်ယာဉ်ငယ်နှင့် မော်တော်ယာဉ် ငယ်များ၊ အအေးပိုင်းဒေသများတွင်ဘေးသင့်သူများအားအသက်ကယ်တင်နိုင်ရေး အထူးတီထွင်ထားသည့် ဝတ်စုံများ၊ ရှာဖွေကယ်ဆယ်ရေးနှင့်အရေးပေါ်ဆေးကုသရေးများတွင် အသုံးပြုသည့်အဆင့်မြင့် နည်းပညာသုံးပစ္စည်းများအားလေ့လာကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏ရှင်းလင်းပြသမှုများအပေါ် သိရှိ လိုသည်များမေးမြန်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်အဆိုပါတက္ကသိုလ်တွင်ကျင်းပသည့် အာတိတ်ဒေသ ဘေးကင်း လုံခြုံမှုအတွက်ကြုံတွေ့ရသည့် အဓိကစိန်ခေါ်မှုများနှင့်ခြိမ်းခြောက်မှုများဆိုင်ရာစားပွဲဝိုင်းဆွေးနွေးပွဲသို့ လေ့လာသူအဖြစ်တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲအားရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ပြည်သူ့ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့်သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အာရခန်ဂလစ်မြို့ မြို့တော်ဝန်၊ ဖက်ဒရယ်တက္ကသိုလ်ပါမောက္ခချုပ်နှင့်ဝန်ကြီးဌာန၏အကြံပေးပုဂ္ဂိုလ်တို့က ဦးဆောင် ကျင်းပခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် ကမ္ဘာတွင်အထူးစိတ်ဝင်စားမှုမြင့်မားနေသည့် အာတိတ်ဒေသတွင်ကြုံတွေ့နေရသည့် ဘေးအန္တရာယ်အလိုက်ကြိုတင်အသိပေးချက်ထုတ်ပြန်နိုင်ရေး၊ ထိရောက်လျင်မြန်စွာတုံ့ပြန်ရင်ဆိုင်နိုင်ရေးဆောင်ရွက်နေမှုဆိုင်ရာ အတွေ့အကြုံနှင့်အခက်အခဲများ အားဖလှယ်ဆွေးနွေးမှုသို့ပါဝင်တက်ရောက်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင ပြည်ထောင်စုဝန်ကြီးသည်အာတိတ်ဒေသဘေးကင်းလုံခြုံရေး ကဏ္ဍအသီးသီးက ကြိုးစားဆောင်ရွက်နေမှုနှင့် တက်ရောက်လာသည့် နိုင်ငံအလိုက်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံဖလှယ်ခြင်းညီလာခံသို့ ဆက်လက်တက်ရောက်ခဲ့ပါသည်။ ညီလာခံတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံပြည်သူ့ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့်သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ တက္ကသိုလ်များ နှင့်လူမှုအဖွဲ့အစည်းများက အာတိတ်ဒေသရှိလူပုဂ္ဂိုလ်များပြင်းထန်သောရာသီဥတု အခြေအနေ အောက်တွင်ဘေးကင်းလုံခြုံရေး စုစည်းဆောင်ရွက်မှုဆိုင်ရာသုတေသနနှင့်အတွေ့အကြုံ တွေ့ရှိချက်များ အားတင်ပြဆွေးနွေးကြပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ မိတ်ဆွေနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများအား ပါဝင်တင်ပြဆွေးနွေးခဲ့ပါသည်။

ယင်းနောက် အာရခန်ဂလစ်မြို့မြို့တော်ဝန်ကဘေးကင်းလုံခြုံသော အာတိတ်ဒေသအစီအစဉ် အမှတ်တရညစာစားပွဲအား မြို့တော်ခန်းမ၌တည့်ခင်းဧည့်ခံခဲ့ရာအခြားနိုင်ငံအသီးသီးမှ တာဝန်ရှိသူများ နှင့်အတူပါဝင်တက်ရောက်ခဲ့ပါသည်။ ညစာစားပွဲ၏တက်ရောက်လာသော နိုင်ငံအလိုက်နှုတ်ခွန်းဆက် စကားပြောကြားခြင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက နှုတ်ဆက်စကားပြောကြားရာ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြားချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှု ၇၅ နှစ်ကျော်ရှိပြီ ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုနှင့်အတွေ့အကြုံဖလှယ်ခြင်းများ အောင်မြင်စွာဆောင်ရွက်ခဲ့ပြီး ဖြစ်သလို အနာဂတ်ကာလများတွင်လည်းလိုအပ်သလို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ဆုမွန် တောင်းလိုပါကြောင်း၊ မြန်မာနိုင်ငံတွင်တိုက်ခတ်ခဲ့သည့်ဆိုင်ကလုန်းမိုခါကြောင့် ဘေးသင့်သူများအား ပံ့ပိုးကူညီခဲ့သည့် ရုရှားဖက်ဒရေးနိုင်ငံနှင့်ပြည်သူ့ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာ ဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာနတို့အား အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း တို့ပါဝင်ပြောကြားခဲ့ ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတောင်သူလယ်သမားနေ့အခမ်းအနားပိတ်ပွဲသို့တက်ရောက်ခြင်း၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်း (MCCT)အစီအစဉ်နှင့်လူမှုရေးပင်စင်အစီအစဉ် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်း ဆောက်လုပ်နေမှု၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိမြို့နယ် လူမှုဝန်ထမ်းရုံးနှင့် မူလတန်းကြိုကျောင်းအမှတ်(၁)သို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT)နှင့် လူမှုရေးပင်စင်အစီအစဉ်တို့မှ အကျိုးခံစားခွင့်ရှိသူများထောက်ပံ့ကြေးထုတ်ယူနေမှုများအားကြည့်ရှုအားပေးခြင်းနှင့်လူမှုဝန်ထမ်းလုပ်ငန်းရပ်များကြည့်ရှုူစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံ‌ရေးထူထောင်မှု (၇၇) နှစ်မြောက် အထိမ်းအမှတ်ဆွေးနွေးပွဲသို့တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR