ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အာဆီယံ၏ One ASEAN One Response နှင့်အညီအာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ် လေ့လာရေးအဖွဲ့ (ASEAN-ERAT)သည် ဆိုင်ကလုန်းမုန်တိုင်း မိုခါဘေးသင့်ဒေသများဖြစ်သောရခိုင်ပြည်နယ်ရှိစစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် များသို့ (၂၂-၅-၂၀၂၃) နေ့မှ (၂၅-၅-၂၀၂၃)နေ့အထိကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ပါသည်။

အဆိုပါ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့(ASEAN-ERAT) ၏ ရခိုင်ပြည်နယ်ရှိစစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်များသို့ ကွင်းဆင်းစစ်တမ်းကောက်ယူမှုအတွက် တွေ့ရှိချက်နှင့် လုပ်ငန်းစဉ်များကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံရှင်းလင်းတင်ပြခြင်းအစီအစဉ်ကို(၂၈.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊အမြဲတမ်းအတွင်းဝန်၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ AHA Centre ၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး(လုပ်ငန်း)၊ AHA Centre မှဝန်ထမ်းများနှင့် ASEAN-ERAT အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာကွင်းဆင်းစစ်တမ်းကောက်ယူခဲ့သောအဖွဲ့(၂)ဖွဲ့၏ ခေါင်းဆောင်များကစစ်တမ်းကောက်ယူမှုမှ ဦးစားပေးလုပ်ငန်းများဖြစ်သည့် အစားအစာ၊ အမိုးအကာ၊ ရေနှင့် သန့်ရှင်းရေးနှင့် သောက်သုံးရေ၊ အသက်မွေးဝမ်းကျောင်းနှင့် အလုပ်အကိုင်စသည်တို့နှင့်စပ်လျဉ်း၍စစ်တမ်းကောက်ယူခဲ့မှုအစီအစဉ်၊ တွေ့ရှိချက်၊ ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများကိုရှင်းလင်းတင်ပြပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ ASEAN-ERAT အဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကိုအသိအမှတ်ပြုကျေးဇူးတင်ပါကြောင်း၊ ကွင်းဆင်းကောက်ယူမှုများသည်လည်းကျစ်လျစ်၍ ပြီးပြည့်စုံမှုရှိပါကြောင်း၊ အစိုးရအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ မီးရရှိမှုနှင့် ဆက်သွယ်ရေးကဏ္ဍများကိုဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊သောက်သုံးရေသန့်ရရှိရေးအတွက် ပျက်စီးသွားသောရေကန်များပြင်ဆင်ခြင်း၊ အသက်မွေးဝမ်းကြောင်းကဏ္ဍတွင် သက်ဆိုင်ရာဌာနများမှမျိုးစေ့များ၊ မွေးမြူရေးအတွက် မျိုးသားပေါက်များဖြန့်ဝေရန်စီစဉ်လျက်ရှိပါကြောင်း၊ Cash for work အစီအစဉ်ဆောင်ရွက်ရန်လည်းစီစဉ်ထားပါကြောင်း၊တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ စေတနာ့ဝန်ထမ်းများကလည်းအများပြည်သူပိုင်နေရာများအားရှင်းလင်းလျက်ရှိပါကြောင်း၊ ဈေးများပြန်လည်ဖွင့်နိုင်ရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ရေသန့်စက်တင်ဆောင်ထားသည့် ယာဉ်များဖြင့် ရေသန့်ဖြန့်ဝေမှုများလည်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းဆွေးနွေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှု စောင့်ကြည့်လေ့လာရေးနှင့်အစီရင်ခံစာတင်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR