ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဦးစီးဌာနအလိုက်လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဆန်းစစ်အကဲဖြတ်မှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးမှ  ဌာနခွဲတာဝန်ခံ လက်ထောက်အတွင်းဝန်များ၊ ဦးစီးဌာန(ရုံးချုပ်)များမှ ညွှန်ကြားရေးမှူးများမှ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင်ပါဝင်တက်ရောက်သည့်ပုံစံဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ သင်တန်းကျောင်းများ၊ စခန်းများ၊ ဂေဟာများ၊ ဌာနငယ်များမှ တာဝန်ခံအရာရှိများက Virtual ပုံစံဖြင့်လည်းကောင်း ပါဝင်တက်ရောက် ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာ၌ ဝန်ကြီးဌာန၏ ပင်မလုပ်ငန်းများ ဆောင်ရွက်ရာ၌ တိုင်းဒေသကြီးနဲ့ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရုံးများမှာရှိသည့် မိမိတို့ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်၊ နေအိမ်များနှင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုံခြုံရေးသတိအမြဲရှိရန်မှာကြားလိုပါကြောင်း၊ ဝန်ကြီးရုံးအနေဖြင့် အထက်ဌာန အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအချင်းချင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ လက်အောက်ဦးစီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင်   ဝန်ကြီးဌာန၏ မူဝါဒလမ်းညွှန်ချက်များကို   ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အရေးပါသည့်အစိတ်အပိုင်း တစ်ခုဖြစ်တဲ့အတွက် Operational Excellence ဖြစ်ဖို့အတွက် တာဝန်ယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးလုပ်ငန်းများကို ဆောင်ရွက်နေရတာဖြစ်သည့်အတွက် အရာထမ်း၊ အမှုထမ်းများအနေဖြင့် ကျင့်ဝတ်များနဲ့အညီ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်နှင့် ရုံးဌာနအကြီးအကဲများ အနေဖြင့် ဝန်ထမ်းများ ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်တင်ပြကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းတွေကို Time Line ရေးဆွဲ သတ်မှတ်ထားပြီးဖြစ်သည့် အတွက်သတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လူငယ်သင်တန်းကျောင်းများတွင် အသက်(၁၈)နှစ်အထိ ပြစ်ဒဏ်ကျကလေးသူငယ်တွေကို လက်ခံစောင့်ရှောက်ထားရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းသွားရန်နှင့် INGONGO အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများအပါအဝင် ပရဟိတဂေဟာများ တည်‌ထောင်ဖွင့်လှစ်ခြင်း၊ လူမှုကူညီရေးအဖွဲ့အစည်းများ တည်ထောင်ဖွင့်လှစ်မှတ်ပုံတင်ခြင်းနှင့်  မိမိတို့နဲ့ပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်းများနဲ့  ပတ်သက်၍ ဆက်စပ်ဝန်ကြီးဌာနများနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် အချက်များကိုပြုစုထားရှိရမှာဖြစ်ပါကြောင်း၊ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး Pilot Project ဆောင်ရွက်ရန်နှင့်ပတ်သက်ပြီး Time Line ပါဝင်သည့်အမှန်တကယ်ဆောင်ရွက်မယ့် Action Plan ပြန်လည်တင်ပြရန်ဖြစ်ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီရဲ့ (၁/၂၀၂၂) အစည်းအဝေးကျင်းပနိုင်ရေး ပြင်ဆင်ရမည့်အချက်များအား Check List ပြုစုထားရှိရေး၊  နိုင်ငံအဝှမ်းဖြစ်ပွားတဲ့ ဘေးအမျိုးမျိုးနဲ့ ပျက်စီးဆုံးရှုံးမှုများ၊ ထောက်ပံ့ပြီးစီးများတွေကို ဘေး/စီမံဦးစီးဌာနကဆောင်ရွက်နေတဲ့ ERP စနစ်အတွင်း ဖြည့်သွင်းထားရန် တာဝန်ပေးထားပြီး ဖြစ်တဲ့အတွက် (၆)လစာ Report  တင်ပြပေးရန်ဖြစ်ပြီး အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ပြန်လည်တိုက်ဆိုင် စိစစ်ဖို့လိုအပ်မှာ ဖြစ်ကြောင်း၊ သဘာဝဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းကျောင်းနဲ့ ပတ်သက်တဲ့ Evaluation Workshop ကိုလည်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်တဲ့အတွက် ဆက်လက်ဆောင်ရွက် သွားမယ့်လုပ်ငန်းတွေကို မျက်ခြေမပျက် ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်ရေး၊ မသန်စွမ်းအခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်းနဲ့ပတ်သက်ပြီး အတည်ပြုချက် ရရှိရေး ဆက်လက်ဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း၊ လူကုန်ကူးဂေဟာများမှာ လက်ခံ စောင့်ရှောက်ပြီး ပြန်လည်ထူထောင် ပေးနိုင်ခဲ့တဲ့ Success Story များကို Documentary ရိုက်ကူး ဖော်ပြနိုင်ရေး စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဌာနမှဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်နိုင်ရေးအတွက် Evidence Based Policy နှင့်အညီ အမှန်တကယ် ထပ်မံဆောင်ရွက်သင့်သော လုပ်ငန်းများကို အကြံပြုတင်ပြကြရန်၊ သက်ဆိုင်ရာတာဝန်ခံများအနေဖြင့် လုပ်ငန်းလိုအပ်ချက် များကို မျက်ခြေမပြတ်အနီးကပ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး အမြဲတမ်းအတွင်းဝန်က ယခင်ပြုလုပ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များ တစ်ချက်ချင်းအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးမှ ဒုတိယအမြဲတမ်း အတွင်းဝန်၊ လက်ထောက်အတွင်းဝန်များ၊ ရုံးချုပ်ရှိဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများက လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ လမ်းညွှန်မှုခံယူလိုသည့် အချက်များနှင့် ညှိနှိုင်းဖြည့်ဆည်း ပေးစေလိုသည့်အချက်များအား ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့က လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ညနေပိုင်းတွင်အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR