ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ဦးအောင်ထွန်းခိုင်သည် (၁၂.၆.၂၀၂၂)ရက်နေ့မှ (၁၅.၆.၂၀၂၂) ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းဝန်ကြီးဌာနလက်အောက်ရှိပြည်နယ်ဦးစီးမှူးရုံးများနှင့် ဌာနငယ်/သင်တန်းကျောင်းများ၊ မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသိုလှောင်ရုံများအားစစ်ဆေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။

(၁၂.၆.၂၀၂၂) ရက်နေ့ စစ်တွေမြို့ရှိဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးကနိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုများကိုလိုက်နာကြရန်လိုအပ်ကြောင်း၊ နေ့စဉ်ထုတ်သတင်းစာများဖတ်ရှုကြရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အားမှတ်သားလိုက်နာကြရန်၊ တိုင်းရင်းသားဒေသတွင်တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများဖြစ်ကြသဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုအလေးထားဆောင်ရွက်ကြရန်၊ မိမိတို့၏ အရည်အချင်းများအားအမြဲတမ်းတိုးတက်နေအောင်ဆောင်ရွက်ကြရန်နှင့် အရည်အချင်းပြည့်ဝပြီးလုပ်ငန်းကျွမ်းကျင်သောဝန်ထမ်းများဖြစ်လာစေဖို့ ကြိုးစားကြရမည်ဖြစ်ကြောင်းလမ်းညွှန်မှာကြားခဲ့ပါသည်။

(၁၃.၆.၂၀၂၂) ရက်နေ့ နေ့လည်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေပြည်နယ်ဦးစီးမှူးရုံးရှိသိုလှောင်ရုံအားကြည့်ရှုစစ်ဆေးကာထောက်ပံ့ရေးပစ္စည်းများအားအလေအလွင့်မရှိဂရုတစိုက်ထိန်းသိမ်းရန်၊ ဘေးအန္တရာယ်များဖြစ်ပွားလာပါကထောက်ပံ့ရေးပစ္စည်းများအားအမြန်ဆုံးထောက်ပံ့နိုင်ရေးဆောင်ရွက်ထားရန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနစစ်တွေမူလတန်းကြိုကျောင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာကျောင်းသို့ ရောက်ရှိစစ်ဆေးခဲ့ပြီးအခြေခံ ECCD အခမဲ့တစ်လသင်တန်းမှ သင်တန်းသူများအားကလေးသူငယ်ဘဝဖွံ့ဖြိုးရေးအကြောင်းဆွေးနွေးပြောကြားပြီးလိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ (၁၄.၆.၂၀၂၂) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အမ်းမြို့နယ်လူမှုဝန်ထမ်းရုံးနှင့် အမ်းမူလတန်းကြိုကျောင်းများအားကြည့်ရှုပြီး အမ်းမူလတန်းကြိုကျောင်းတွင် ကလေးအားကစားကွင်းတည်ဆောက်နိုင်ရေး၊ ကလေးသူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအားမှာကြားခဲ့ပါသည်။

ထို့နောက် (၁၅.၆.၂၀၂၂) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမ်းမြို့နယ်ရုံးယာယီနေရာနှင့် သိုလှောင်ရုံတို့ကိုကြည့်ရှုစစ်ဆေးပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မန္တလေးမြို့လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများအားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်မူလတန်းကြိုကျောင်းများနှင့်ပြင်ဦးလွင်မြို့ပရဟိတမျက်မမြင်ကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR