ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂) ပြန်လည် ထူထောင်ရေးအစည်းအဝေးခန်းမ၌ ယနေ့နေ့လည်ပိုင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဉက္ကဌ၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မိမိတို့ ဝန်ကြီးဌာနသည် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို  သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနဲ့နီးကပ်စွာ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၀၄ခုနှစ်တွင် Coordinated Mekong Ministerial Initiative Against Trafficking (COMMIT) နဲ့ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း( The United Nations Convention Against Transnational Organized Crime)နှင့် ၎င်း၏နောက်ဆက်တွဲစာချုပ်တစ်ခုဖြစ်သော အမျိုးသမီးများနှင့် ကလေးသူငယ်များအား အထူးပြုသည့် လူကုန်ကူးမှုနှိမ်နင်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာစာချုပ်၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း၊ မိမိတို့ လုပ်ငန်းအဖွဲ့ အနေနဲ့လည်း  အကောင်အထည်ဖော် ဆောင်ရွက်ရသည့် လုပ်ငန်းရပ်များကို ထိရောက်စွာနဲ့ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်နိုင်ရေးနှင့် လူကုန်ကူးခံရသူများကို ဝန်ဆောင်မှုပေးရာမှာ အချိန်နှင့်တပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန်အတွက် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံ‌ရေး၊   မိဘရပ်ထံပြန်လည် အပ်နှံရေးနှင့် မိသားစုပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ အမျိုးသားလုပ်ငန်းလမ်းညွှန်၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်၊ မြန်မာ-ထိုင်းဖြစ်ရပ် စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ်စသည် တို့ကို ထုတ်ဝေဖြန့်ချိပြီးဖြစ် ကြောင်း၊ လုပ်ငန်းအဖွဲ့အစည်းအဝေးများကို ပုံမှန်ဆောင်ရွက် သွားနိုင်ရေးစီစဉ်သွားမည်ဖြစ်ပါ ကြောင်း၊ ယခုလက်ရှိကာလသည် ကိုဗစ်-၁၉ ရဲ့ နောက်ဆက်တွဲအကျိုးဆက်များကြောင့် စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေးနှင့် အခြားလူမှုရေးပြဿနာများ၊ အိမ်တွင်းအကြမ်းဖက်မှုများ၊ လူကုန်ကူးမှုအန္တရာယ်များ အထူးသဖြင့်ရွေ့ပြောင်းသွားလာခြင်းကြောင့်  ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေအများကြီးကို ကြိုတင်တွက်ဆထားရမှာဖြစ်ပါကြောင်း၊  ကိုဗစ်-၁၉ လျော့နည်းလာတဲ့ ကာလဖြစ်သည့်အတွက် တဖက်နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်း သွားလာခြင်းအစီအမံများ၊ သတင်းအချက်အလက်များ၊ လူကုန်ကူးခံရသူများအား ကာကွယ် စောင့်ရှောက်ရေးအစီအမံများကို ကြိုတင်ချမှတ်ဆောင်ရွက်ထားရန်  အထူးလိုအပ်ပါကြောင်း၊ လူကုန်ကူးမှုနှင့်ရွှေ့ပြောင်းသွားလာခြင်းသည် ချိတ်ဆက်နေသည့်အတွက် တရားဝင်‌ရွှေ့ပြောင်း သွားလာခြင်းဖြစ်အောင် ဝိုင်းဝန်းကြိုးစားစေလိုကြောင်း၊ ကာကွယ်ရေးလုပ်ငန်းများသည် မိမိတို့ လုပ်ငန်းအဖွဲ့အနေဖြင့်   အဓိကတာဝန်ယူထားရသည့် လုပ်ငန်းတာဝန်နှင့် တိုက်ရိုက်သက်ဆိုင် ခြင်းမရှိသော်လည်း အားလုံးဝိုင်းဝန်းဆောင်ရွက်လျင် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများ ကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် များ ကို  ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများမှ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR