ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီအစည်းအဝေး(၂/၂၀၂၃)ကို ယနေ့နေ့လယ်(၁၄:၀၀)နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီးရုံး၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊  ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌကာကွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ အဖွဲ့ဝင်များဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊  ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့်ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး အဖွဲ့ဝင်များဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

             အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကအဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေး ကျင်းပရခြင်းမှာ၂၀၂၃ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ အစည်းအဝေး၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆွေးနွေးနိုင်ရန်ဖြစ်ပါကြောင်း၊လက်ရှိတွင် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် စတုတ္ထ()လပတ်အစီရင်ခံစာကို   လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၃) မှာ အတည်ပြုဆွေး‌နွေးခဲ့ကြပြီး ကောက်နုတ်ချက်ရေးသားပြုစုနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအနက် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင်များထဲမှ အဖွဲ့ဝင် (၈) ဦးဖြင့် Core Group ဖွဲ့စည်းထားရှိမှု၊ သက်တမ်းတိုးဆောင်ရွက်မည့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ လုပ်ငန်းအကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ () လတစ်ကြိမ် အစီရင်ခံစာရေးသားပြုစုနေမှု အခြေအနေများ၊ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များမှာ ဖွဲ့စည်းထားသည့် အမျိုးသမီးကော်မတီများမှ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍အမျိုးသားအဆင့်ကော်မတီဝင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်ပြောကြားခဲ့ပါသည်။

             ဆက်လက်၍ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခင်အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ၏ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ခဲ့မှုများ၊ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး ၈အမှတ်စဉ် (၁/၂၀၂၃)၏ အစည်းအဝေးဆုံးဖြတ်ချက်များကို တင်ပြဆွေးနွေးခဲ့ပါသည်။

             ထိုနောက် တက်ရောက်လာသူများမှ Core Group ဖွဲ့စည်းရေး၊ သက်တမ်းတိုးဆောင်ရွက်မည့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ရေး နှင့် အစီရင်ခံစာ ရေးသားတင်ပြရေးတို့အား ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား ညနေ(၁၆:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR