ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်း အမှတ်စဉ်(၆)နှင့် မသန်စွမ်းစာရင်းများအား Disabled Management Information System (DMIS) Software တွင် ရေးသွင်းနည်း Online သင်တန်းဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းကဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကယခုသင်တန်းသည် ပြည်ထောင်စုအဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်နေသည့် ဝန်ကြီးဌာနများအတွက်သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါကမြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့အနေဖြင့် အချိန်နှင့်တပြေးညီပူးပေါင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင်ရှိသည့်လုပ်ငန်းကော်မတီအသီးသီးတွင်တာဝန်ယူဆောင်ရွက်နေသည့် ဝန်ကြီးဌာနများရှိ ဦးစီးဌာနများမှကိုယ်စားလှယ်များကိုအဓိကဦးတည်လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်းသက်သာစေရေးသက်ဆိုင်ရာတာဝန်ရှိသူများနှင့် အရှိန်အဟုန်မြင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်များဖြစ်ပွားလာပါကအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်နိုင်ရေးကြိုတင်ပြင်ဆင်ခြင်းအနေဖြင့် မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်းကာ ၂၀၂၁ခုနှစ်မှစ၍ သင်တန်းများဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးယခုသင်တန်းသည် ဆဌမအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၀ပြည့်နှစ် စတင်ညှိနှိုင်းချိန်မှ ယနေ့အချိန်ထိနည်းပြသင်တန်း (၁)ကြိမ်၊ မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်း(၅)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီးမြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ဝင် စုစုပေါင်း(၁၅၉)ဦးအထိမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုသင်တန်းအပတ်စဉ်၌ ဆွေးနွေးပို့ချမည့်သင်ခန်းစာများတွင်  ၂၀၂၂ခုနှစ်၊ဇူလိုင်လကရေးဆွဲထုတ်ပြန်ခဲ့သည့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်နှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊အဆိုပါတည်မြဲအမိန့်ကိုအခြေပြု၍လုပ်ငန်းကော်မတီ(၁၂)ခုပါဝင်သည့်ဇာတ်တိုက်လေ့ကျင့်ခန်းများကိုမကြာမီကာလအတွင်းအဆင့်လိုက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့အနေဖြင့်ပြည်တွင်း၌သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါကဘေးတုံ့ပြန်ရေးလုပ်ငန်းများ၊ဆန်းစစ်လေ့လာရေးလုပ်ငန်းများနှင့်ညှိနှိုင်းပေါင်းစပ်မှုလုပ်ငန်းများဆောင်ရွက်သည့်နေရာများတွင်နိုင်ငံ၏အရေးပါသည့်အဖွဲ့ဖြစ်လာစေရန်မျှော်မှန်းထားသည့်အတွက် ယခင်သင်တန်းတက်ရောက်ထားသည့် MDRT အဖွဲ့ဝင်များ၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူလက်တွဲ၍နောင်သဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများတွင်ပူးပေါင်းပါဝင်လုပ်ဆောင်ပေးကြရန်တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ AHA Centre ၏ ဒုတိယအလုပ်အမှုဆောင် ညွှန်ကြားရေးမှူးကမြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်းများဖွင့်လှစ်ခြင်း၏ နောက်ခံအကြောင်းအရင်းနှင့် ရည်ရွယ်ချက်များအားရှင်းလင်းခဲ့ပြီးမြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်နိုင်ခြင်းကိုအားပေးဂုဏ်ယူဝမ်းမြောက်ပါကြောင်းပြောကြားခဲ့ပါသည်။

မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်းအမှတ်စဉ်(၆)ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နည်းပြများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်တွင်ရှိသည့်လုပ်ငန်းကော်မတီအသီးသီးတွင်  တာဝန်ယူဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနများရှိ ဦးစီးဌာန(၁၅)ခုမှ သင်တန်းသား စုစုပေါင်း(၃၁)ဦးတို့က လူကိုယ်တိုင်တက်ရောက်ကြပါသည်။ AHA Centre မှ Deputy Executive Director Mr. Krishna Putra Tanajaနှင့် တာဝန်ရှိသူများက Online မှ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ မသန်စွမ်းစာရင်းများ အား Disabled Management Information System (DMIS) Software တွင် ရေးသွင်းနည်း Online သင်တန်းဖွင့်ပွဲအခမ်းအနားကို ဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် Hybirdပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ (၂၅.၁၀.၂၀၂၂)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့်မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ၏(၂/၂၀၂၂)အစည်းအဝေးတွင်၂၀၂၄ခုနှစ်၊သန်းခေါင်စာရင်းကောက်ယူရာတွင် မသန်စွမ်းသူမှတ်ပုံတင်ခြင်းလုပ်ငန်းကို အထောက်အကူပြုစေသည့်အချက်များကိုထည့်သွင်းကောက်ယူဆောင်ရွက်ပေးနိုင်ရေးဆောင်ရွက်ရန်လမ်းညွှန်မှုအရမိမိတို့ဝန်ကြီးဌာနအနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပကြောင်း၊အဆိုပါလမ်းညွှန်ချက်အရမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့မှ အိမ်တိုင်ရာရောက် စာရင်းကောက်ယူရာတွင် မသန်စွမ်း(၅)မျိုးဖြစ်သည့် ကိုယ်ခန္ဓာ၊ အမြင်၊အကြား၊ ဉာဏ်ရည်၊ စိတ်ပိုင်းစာရင်းကိုပါတစ်ပါတည်းကောက်ယူပေးခဲ့ပါကြောင်း၊ယနေ့အထိမသန်စွမ်းသူ(၂၀၇၇၉၄)ဦးစာရင်းအားလွှဲပြောင်းလက်ခံရရှိပြီးဖြစ်ပါကြောင်း၊အဆိုပါ သတင်းအချက်အလက်များကို စာရင်းရေးသွင်းနိုင်ရေးအတွက်တပ်မတော်သတင်းနည်းပညာဌာနမှ (DMIS)Software ကိုရေးဆွဲပေးခဲ့ပါကြောင်း၊ အဆိုပါ (DMIS)Software တွင် မသန်စွမ်းသူများ၏အချက် အလက်များရေးသွင်းနိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊မြို့နယ်လူမှုဝန်ထမ်းရုံးများမှဝန်ထမ်း(၁၂၆)ဦးတို့အားOnline ဖြင့်(၂၈.၃.၂၀၂၃)ရက်နေ့မှ(၃၁.၃.၂၀၂၃)ရက်နေ့အထိ(၄)ကြိမ်ခွဲ၍သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊မသန်စွမ်းအချက်အလက်များကိုရေးသွင်းခြင်းဖြင့်မြန်မာတစ်နိုင်ငံလုံးရှိမသန်စွမ်းမှု(၅)မျိုး၏ လူဦးရေစာရင်းအားတိကျစွာခွဲခြားသိရှိနိုင်ပြီး၊ မသန်စွမ်းမှုဆိုင်ရာမူဝါဒများ၊စီမံကိန်းများရေးဆွဲဆောင်ရွက်ရာတွင်လည်းကောင်း၊ မသန်စွမ်းမှတ်ပုံတင်ခြင်း၊ မသန်စွမ်းမှုဆိုင်ရာအထောက်အပံ့၊အခြားသောဝန်ဆောင်မှုပေးခြင်းများအပြင် DMIS စနစ်အားအသုံးပြုခြင်းဖြင့်Digital Platform အားတွင်ကျယ်စွာအသုံးပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် တပ်မတော် သတင်းနည်းပညာဌာန၊ ဌာနမှူးမှ DMIS Software ရေးသွင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီးကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR