ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်သုံးသပ်ညှိနှိုင်းအစည်းအဝေးကို (၁၇.၂.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်စီမံချက်နယ်မြေများမှညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုစီမံချက်ကို၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ အချိန်ကာလ ၁ နှစ်ခွဲ သတ်မှတ်၍ ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း၊စီမံချက်ကာလအတွင်း ချမှတ်ထားတဲ့ လုပ်ငန်းစဉ်များကိုသတ်မှတ်ကာလအတွင်း ပြည့်မြောက်အောင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စီမံချက်မြို့နယ်များတွင်လည်း လမ်းပေါ်နေကလေးများရဲ့ အချက်အလက် ဆန်းစစ်လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်တာကြောင့်လမ်းပေါ်နေကလေးများရဲ့သဘောသဘာဝနဲ့ လမ်းပေါ်နေကလေးဖြစ်ရခြင်းအကြောင်းရင်းများကိုထပ်မံလေ့လာ၍လက်တွေ့မြေပြင်အတွေ့အကြုံများအရအသိပညာပေးခြင်း၊ ဖြစ်ရပ်စီမံခန့်ခွဲခြင်း၊ သက်မွေးပညာ၊ အတန်းပညာနဲ့ ကျောင်းပြင်ပ ပညာရေးပံ့ပိုးမှု၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းတို့ရဲ့ပါဝင်ဆောင်ရွက်မှု စတဲ့အခန်းကဏ္ဍများအလိုက်အရေးပါတဲ့ အစိတ်အပိုင်းများကိုဦးစားပေးနယ်ပယ်သတ်မှတ်ပြီး ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါ ကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စီမံချက်ကာလအတွင်း ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများနှင့် စီမံချက်အပေါ် အားသာချက်၊ အားနည်းချက်တို့နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စီမံချက်နယ်မြေများဖြစ်သည့် ရန်ကုန်တိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီတို့မှ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေး မှူးများက လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်အပေါ် ဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် စီမံချက်အပေါ် သုံးသပ် တင်ပြချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်း

အကြံပြုဆွေးနွေးခဲ့ကြပါသည်။

နိဂုံးချုပ်အားဖြင့် ပြည်ထောင်စုဝန်ကြီးက လမ်းပေါ်နေကလေးဖြစ်ရခြင်း၏ အဓိကအခြေခံအကြောင်းအရင်းတစ်ရပ်မှာ ဆင်းရဲနွမ်းပါးမှုကြောင့်ဖြစ်ပြီး ပြဿနာ၏ဇစ်မြစ်ကိုသိသော်လည်း လက်တွေ့ရင်ဆိုင်ဖြေရှင်းရာတွင် ကလေးနှင့်မိသားစုများ၏နောက်ခံအကြောင်းအရင်း၊ ပတ်ဝန်းကျင်အခြေအနေ၊ ၎င်းတို့ရဲ့ဘဝခံယူချက်၊ လူ့အဖွဲ့အစည်း၏ အမြင်သဘောထား၊ တုံ့ပြန်ဆက်ဆံမှုစသည့်မြင်သာပြီး ဖြေရှင်းရန်ခက်ခဲသည့်  လူမှု-ယဉ်ကျေးမှုအခြေအနေတွေအပေါ်မှာ မူတည်နေကြောင်းကို သုံးသပ်နိုင်ပါကြောင်း၊ ယခုစီမံချက်ပါမြို့နယ်များမှာတွေ့ကြုံခဲ့တဲ့ဖြစ်ရပ်များကိုနမူနာယူပြီး အခြားအလားတူဖြစ်ရပ်များမှာ ပိုမိုသာလွန်ကောင်းမွန်တဲ့ ဖြစ်ရပ်စီမံခန့်ခွဲမှုတွေ ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ယခုစီမံချက်ပါကလေးများနှင် မိဘများကိုလည်း ထပ်မံ၍လမ်းပေါ်နေကလေးများ မဖြစ်ပေါ်စေဘဲ လမ်းပေါ်နေသံသရာက လွတ်မြောက်စေဖို့အတွက်ချမှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း နောက်ဆက်တွဲစောင့်ရှောက်မှုများကို အကောင်ထည်ဖော်ဆောင်ရွက်ပြီး စနစ်တကျမှတ်တမ်းတင်ထားရှိဖို့လည်း လိုအပ်ပါကြောင်း၊ယခုစီမံချက်မှာ ပါဝင်ဆောင်ရွက်ပေးခဲ့ကြတဲ့ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား နေ့လယ် (၁၂:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ (၁၈) လတာ သတ်မှတ်ဆောင်ရွက်ခဲ့ပြီး နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အောင်မြေသာစံနှင့် ချမ်းအေးသာစံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်း၊ မင်္ဂလာတောင်ညွန့်၊ လှိုင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့မှ လမ်းပေါ်နေကလေး (၁၀၀) ဦးအတွက် ရည်ရွယ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR