ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

-        မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှယနေ့မြန်မာစံတော်ချိန် (၁၅၃၀) နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသောအားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ (MOCHA)” သည်မြောက်- အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ရောက်ရှိခဲ့ကာမြန်မာနိုင်ငံ၊ကိုကိုးကျွန်းမြို့ (CoCo Island)၏အနောက်ဘက်ရေမိုင်(၂၉၅)မိုင်ခန့်၊ဟိုင်းကြီးကျွန်းမြို့ (Hainghyigyun)၏အနောက်-အနောက်တောင်ဘက်ရေမိုင်(၃၇၀)မိုင်ခန့်၊စစ်တွေမြို့ (Sittwe)၏တောင်-အနောက်တောင်ဘက်ရေမိုင်(၄၅၀)မိုင်ခန့်၊အိန္ဒိယနိုင်ငံ၊ပို့ပလဲယား (Port Blair)၏အနောက်မြောက်ဘက်ရေမိုင်(၃၀၀)မိုင်ခန့်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားမြို့ (Cox’s Bazar)၏တောင်-အနောက်တောင်ဘက်ရေမိုင်(၄၉၀)မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။အဆိုပါအားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Strom) “မိုခါ(MOCHA)” သည်မြောက်-အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး၊ပိုမိုအားကောင်းလာကာယနေ့ညပိုင်းတွင်ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) ) “မိုခါ (MOCHA)” အဖြစ်သို့ရောက်ရှိနိုင်ပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားမြို့ (Cox’s Bazar)နှင့်မြန်မာနိုင်ငံ၊ကျောက်ဖြူမြို့ (Kyaukpyu) တို့ကြားစစ်တွေမြို့ (Sittwe)အနီးမှ၁၄-၅-၂၀၂၃ရက်နေ့နေ့လယ်ပိုင်းတွင်အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ (MOCHA)” အနေဖြင့်ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုခန်မှန်းရပါသည်။

-        မုန်တိုင်းဖြတ်ကျော်စဉ်အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင်မိုင် (၉၀) မှ (၁၁၀) ခန့်ထိတိုက်ခတ်ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုခန့်မှန်းရပါသည်။

- မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နေချိန်လေတိုက်နှုန်းတစ်နာရီလျှင်မိုင်၉၀မှမိုင်၁၁၀အတွင်းတိုက်ခတ်ပါကမုန်တိုင်းဒီရေအမြင့်မှာ၉ပေမှ၁၆ပေခန့်အတွင်းရှိနိုင်ကြောင်းခန့်မှန်းရပါသည်။သို့ဖြစ်၍၁၆ပေအောက်နိမ့်သောနေရာများတွင်နေထိုင်ကြသည့်ပြည်သူများအနေဖြင့်နီးစပ်ရာဆိုင်ကလုန်း Shelter များ(သို့မဟုတ်) ရေဘေးလွတ်ကင်းရာကုန်းမြေမြင့်များသို့ရွှေ့ပြောင်းနိုင်ရေးကြိုတင်စီမံထားရန်နှင့်မရှိမဖြစ်လိုအပ်သည့်တစ်ကိုယ်ရည်သုံးပစ္စည်းများအားရွှေ့ပြောင်းအခြေပြုမည့်နေရာသို့ကြိုတင်ပို့ဆောင်ထားခြင်းဖြင့်အန္တရာယ်ကျရောက်ချိန်တွင်ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်းအကြံပြုသတိပေးနှိုးဆော်အပ်ပါသည်။

-          မုန်တိုင်းတိုက်ခတ်ရာခန့်မှန်းလမ်းကြောင်းတွင်တည်ရှိနေသည့်စစ်တွေမြို့နှင့်မောင်တောမြို့အနီးတစ်ဝိုက်ဒေသများသည်မုန်တိုင်းဒီရေတက်ရောက်ပါကရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်ပြီးခန့်မှန်းတွက်ချက်မှုများအရနတ်မြစ်ကြောင်းတစ်လျှောက်မြစ်ဝမှတောင်ပြိုလက်ဝဲမြို့အထိအရှေ့ဘက်ကမ်းဒေသများ၊မေယုမြစ်ကြောင်းတစ်လျှောက်မေယုမြစ်ဝမှရသေ့တောင်၊ဘူးသီးတောင်မြို့များအထိမြစ်ကြောင်းဝဲ/ယာဒေသများ၌မုန်တိုင်းဒီရေသက်ရောက်မှုများရှိနိုင်ကြောင်းတွေ့ရှိရပါသည်။

-          ထို့အပြင်မုန်တိုင်းဒီရေ၁၆ပေခန့်မြင့်တက်လာပါကမောင်းတောမြို့၊ရသေ့တောင်မြို့၊ဘူးသီးတောင်မြို့၊စစ်တွေမြို့၊ပုဏ္ဏားကျွန်းမြို့၊ကျောက်တော်မြို့၊မြောက်ဦးမြို့၊ဖရုံကာကျွန်းအရှေ့ဘက်ခြမ်း၊မင်းပြားမြို့၊မြေပုံမြို့၊ကမ်းထောင်းကြီးမြို့၊ကျောက်ဖြူမြို့နှင့်မာန်အောင်မြို့ပတ်ဝန်းကျင်ဒေသများအနေဖြင့်မြစ်ချောင်းများ၊ပင်လယ်ကမ်းခြေနှင့်ဆက်စပ်နေရာများတွင်ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်ကြောင်းခန့်မှန်းတွေ့ရှိရပါသည်။

- အလားတူပင်မုန်တိုင်းဒီရေ၁၆ပေခန့်မြင့်တက်လာပါကသံတွဲမြို့၊သဗြုချိုင်၊မောင်ရွှေလေးချိုင်နှင့်ငပလီကမ်းခြေဒေသများ၊ဂွမြို့အနီးပတ်ဝန်းကျင်ရှိအလယ်ချောင်၊ရေတွင်းတူး၊ရဟင်ဖျားနှင့်ကင်းလျှာရှည်နေရာများ၌ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်ကြောင်းခန့်မှန်းတွေ့ရှိရပါသည်။

- သို့ဖြစ်ပါ၍မုန်တိုင်းဒီရေသက်ရောက်နိုင်သည့်အထက်ပါမြို့၊ရွာများတွင်နေထိုင်ကြသူများအနေဖြင့်နီးစပ်ရာဆိုင်ကလုန်း Shelter များ(သို့မဟုတ်) ရေဘေးလွတ်ကင်းရာကုန်းမြေမြင့်များသို့အချိန်မီရွှေ့ပြောင်းနိုင်ရေးပြင်ဆင်ဆောင်ရွက်ခြင်းဖြင့်ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့်မုန်တိုင်းအန္တရာယ်ကိုကျော်လွှားနိုင်မည်ဖြစ်ကြောင်းအသိပေးနှိုးဆော်အပ်ပါသည်။

-        မုန်တိုင်းလမ်းကြောင်းနှင့် မုန်တိုင်းလေတိုက်ခတ်မှုနှုန်းများသည်အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲမှုများရှိနိုင်ပါသဖြင့် သတိပြုလိုက်နာနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆက်လက်သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR