ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် (၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး(12th ASEAN Ministerial Meeting on Social Welfare and Development- AMMSWD)နှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး(8thASEAN+3Ministerial Meeting on Social Welfare and Development-AMMSWD+3)တို့အား ဩဂုတ်လ ၂၉ ရက်နေ့တွင် နေပြည်တော် M- Gallery Hotel Video Conference စနစ်ဖြင့်ကျင်းပရာ အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးအလှည့်ကျဥက္ကဋ္ဌဖြစ်သော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးအားအာဆီယံအသိုက်အဝန်းအတွင်း ထိခိုက်လွယ်အုပ်စုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတိုးတက်အားကောင်းစေရေး”“Enhancing Responsive Social Protection for Vulnerable Groups in the ASEAN Community” ဆောင်ပုဒ်ဖြင့် ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများမှ သက်ဆိုင်ရာဝန်ကြီးများနှင့်  အာဆီယံ+၃ နိုင်ငံများမှ ဝန်ကြီးများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် အာဆီယံ+၃ နိုင်ငံများနှင့်အာဆီယံနိုင်ငံများ၏ဝန်ကြီးများက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတိုးတက်အားကောင်းလာစေရေးနှင့်ပတ်သက်၍ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို တင်ပြခဲ့ကြပြီး နိုင်ငံအလိုက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်အရ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့မှု၊ သက်ကြီးသူများအားလူမှုရေးပင်စင်ထောက်ပံ့မှုနှင့် မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့မှုအခြေအနေများ၊ မကြာသေးမီက မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသော မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့၌ ဘေးဒဏ်သင့်နေရာများတွင် ဆောင်ရွက်ခဲ့သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပံ့ပိုးမှုများ၊ ငလျင်ဒဏ်သင့်နေရာများသို့ စိတ်လူမှုရေးပိုင်းဆိုင်ရာ အကူအညီပေးရေးအဖွဲ့များစေလွှတ်၍ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား စိတ်လူမှုရေးပိုင်းဆိုင်ရာများ ပံ့ပိုးမှုအခြေအနေများ၊ လူမှုဝန်ထမ်းသမားများ၏ အရေးပါမှုများနှင့်ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

အစီအစဉ်အရ အာဆီယံ+၃ နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များက အာဆီယံနိုင်ငံများ၏ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေး တင်ပြကြရာ တက်ရောက်လာသူများက မှတ်ချက်ပြုဆွေနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးအလှည့်ကျဥက္ကဋ္ဌဖြစ်သူလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက နိဂုံးချုပ်စကားပြောကြားခဲ့ကာ ဩဂုတ်လ ၂၆ ရက်မှ ၂၉ ရက်ထိ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သော ၁၂ ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR