ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည်  နိုဝင်ဘာလ (၄)ရက်မွန်းလွဲပိုင်းတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းလိုက်ပါလျက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသောဘားအံမြို့၊အမှတ်(၃)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းသို့ရောက်ရှိကြရာပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့် တာဝန်ခံကျောင်းအုပ်တို့ကကလေး(၃၅၀)ဦး လက်ခံသင်ကြားပေးနေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးကတက်ရောက်နေသောကလေးငယ်များ၏ ဉာဏစွမ်းရည်တိုးတက်စေရန် လေ့ကျင့်နေမှုအခြေအနေများကို ရင်းနှီးနွေးထွေးစွာကြည့်ရှုအားပေးခဲ့ပြီးကလေးများအတွက်ဖြည့်စွက်စာအာဟာရဖြစ်စေရန် မုန့်များကျွေးမွေးခြင်း၊ အမှိုက်များအား အမှိုက်ပုံးအတွင်းသို့ စနစ်တကျစွန့်ပစ်တတ်စေရန်သင်ကြားခဲ့ပြီးမူလတန်းကြိုကျောင်းအုပ်နှင့်ဆရာမများအား ကလေးများမူကြိုကျောင်းတွင် ပျော်ရွှင်စွာနေထိုင်ရေးဂရုပြုဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၃) ရပ်ကွက်ရှိမူလတန်းကြိုကျောင်းတွင် (၂၀-၁၀-၂၀၂၂)ရက်နေ့မှ (၁၆-၁၁-၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိသည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးသင်တန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ သင်တန်းသူဆရာမများအား အသက်(၃)နှစ်မှ(၅)နှစ်အရွယ်ကလေးသူငယ်များအနေဖြင့်ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်ဖြစ်သဖြင့် မူလတန်းကြိုပညာရေးရရှိရေးသည် ၎င်းတို့အတွက်အလွန်အရေးကြီးပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ECCD ပညာရေးလွှမ်းခြုံနိုင်ရေးအတွက် ပုဂ္ဂလိကဏ္ဍမှ တွင်ကျယ်စွာပူးပေါင်းဆောင်ရွက်နိုင်ရေးမိမိတို့ဌာနဘက်မှ နည်းပညာပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ မူလတန်းကြိုကျောင်းပညာရေးသည် ကလေးများအတွက် ဘဝတစ်သက်တာအခြေခံအလေ့အကျင့်ကောင်းများပြုစုပျိုးထောင်ရာနေရာဖြစ်၍ မူကြိုဆရာမအလုပ်သည်တန်ဖိုးထားဂုဏ်ယူစရာအလုပ်တစ်ခုဖြစ်သဖြင့် သင်တန်းမှပို့ချသောပညာရပ်များကိုစိတ်ဝင်တစားကြိုးစားသင်ယူကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသောဘားအံမြို့၊ အမှတ်(၉) ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းသို့ရောက်ရှိကြရာပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့် တာဝန်ခံကျောင်းအုပ်တို့ကကလေး(၁၅၀)ဦးလက်ခံသင်ကြားပေးနေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးကတက်ရောက်နေသောကလေးငယ်များ၏ ဉာဏစွမ်းရည်တိုးတက်စေရန် လေ့ကျင့်နေမှုအခြေအနေများကိုရင်းနှီးနွေးထွေးစွာကြည့်ရှုအားပေးခဲ့ပြီး ကလေးများအတွက်ဖြည့်စွက်စာအာဟာရဖြစ်စေရန် မုန့်များကျွေးမွေးခြင်း၊ မူလတန်းကြိုကျောင်းအုပ်နှင့်ဆရာမများအား ကလေးများမူကြိုကျောင်းတွင် ပျော်ရွှင်စွာနေထိုင်ရေးဂရုပြုဆောင်ရွက်ကြရန်နှင့် မူကြိုကျောင်းရှိလိုအပ်ချက်များအားပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေဖြင့် ကျခံဖြည့်ဆည်းပေးနိုင်ရေးလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းလိုက်ပါလျက်ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိလူမှုဝန်ထမ်းဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ်လူမှုဝန်ထမ်းရုံးများနှင့် မူလတန်းကြိုကျောင်းများ၊ ပြည်နယ်/ခရိုင်/မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးစခန်းတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့်မိမိနှင့်မိသားစုလုံခြုံရေး၊ ကျန်းမာရေးကိစ္စရပ်များအထူးဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိနှင့်မိသားစု၊ ဌာန၊ နိုင်ငံတိုးတက်ရာတိုးတက်ကြောင်းကျရာကဏ္ဍမှအားတက်သရောကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်ကြောင်းနှင့် အခက်အခဲများ၊ လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR