ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည်  နိုဝင်ဘာလ (၄)ရက်မွန်းလွဲပိုင်းတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းလိုက်ပါလျက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသောဘားအံမြို့၊အမှတ်(၃)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းသို့ရောက်ရှိကြရာပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့် တာဝန်ခံကျောင်းအုပ်တို့ကကလေး(၃၅၀)ဦး လက်ခံသင်ကြားပေးနေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးကတက်ရောက်နေသောကလေးငယ်များ၏ ဉာဏစွမ်းရည်တိုးတက်စေရန် လေ့ကျင့်နေမှုအခြေအနေများကို ရင်းနှီးနွေးထွေးစွာကြည့်ရှုအားပေးခဲ့ပြီးကလေးများအတွက်ဖြည့်စွက်စာအာဟာရဖြစ်စေရန် မုန့်များကျွေးမွေးခြင်း၊ အမှိုက်များအား အမှိုက်ပုံးအတွင်းသို့ စနစ်တကျစွန့်ပစ်တတ်စေရန်သင်ကြားခဲ့ပြီးမူလတန်းကြိုကျောင်းအုပ်နှင့်ဆရာမများအား ကလေးများမူကြိုကျောင်းတွင် ပျော်ရွှင်စွာနေထိုင်ရေးဂရုပြုဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၃) ရပ်ကွက်ရှိမူလတန်းကြိုကျောင်းတွင် (၂၀-၁၀-၂၀၂၂)ရက်နေ့မှ (၁၆-၁၁-၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိသည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးသင်တန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ သင်တန်းသူဆရာမများအား အသက်(၃)နှစ်မှ(၅)နှစ်အရွယ်ကလေးသူငယ်များအနေဖြင့်ဦးနှောက်ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်ဖြစ်သဖြင့် မူလတန်းကြိုပညာရေးရရှိရေးသည် ၎င်းတို့အတွက်အလွန်အရေးကြီးပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ECCD ပညာရေးလွှမ်းခြုံနိုင်ရေးအတွက် ပုဂ္ဂလိကဏ္ဍမှ တွင်ကျယ်စွာပူးပေါင်းဆောင်ရွက်နိုင်ရေးမိမိတို့ဌာနဘက်မှ နည်းပညာပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ မူလတန်းကြိုကျောင်းပညာရေးသည် ကလေးများအတွက် ဘဝတစ်သက်တာအခြေခံအလေ့အကျင့်ကောင်းများပြုစုပျိုးထောင်ရာနေရာဖြစ်၍ မူကြိုဆရာမအလုပ်သည်တန်ဖိုးထားဂုဏ်ယူစရာအလုပ်တစ်ခုဖြစ်သဖြင့် သင်တန်းမှပို့ချသောပညာရပ်များကိုစိတ်ဝင်တစားကြိုးစားသင်ယူကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသောဘားအံမြို့၊ အမှတ်(၉) ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းသို့ရောက်ရှိကြရာပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့် တာဝန်ခံကျောင်းအုပ်တို့ကကလေး(၁၅၀)ဦးလက်ခံသင်ကြားပေးနေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးကတက်ရောက်နေသောကလေးငယ်များ၏ ဉာဏစွမ်းရည်တိုးတက်စေရန် လေ့ကျင့်နေမှုအခြေအနေများကိုရင်းနှီးနွေးထွေးစွာကြည့်ရှုအားပေးခဲ့ပြီး ကလေးများအတွက်ဖြည့်စွက်စာအာဟာရဖြစ်စေရန် မုန့်များကျွေးမွေးခြင်း၊ မူလတန်းကြိုကျောင်းအုပ်နှင့်ဆရာမများအား ကလေးများမူကြိုကျောင်းတွင် ပျော်ရွှင်စွာနေထိုင်ရေးဂရုပြုဆောင်ရွက်ကြရန်နှင့် မူကြိုကျောင်းရှိလိုအပ်ချက်များအားပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေဖြင့် ကျခံဖြည့်ဆည်းပေးနိုင်ရေးလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းလိုက်ပါလျက်ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိလူမှုဝန်ထမ်းဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ်လူမှုဝန်ထမ်းရုံးများနှင့် မူလတန်းကြိုကျောင်းများ၊ ပြည်နယ်/ခရိုင်/မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးစခန်းတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့်မိမိနှင့်မိသားစုလုံခြုံရေး၊ ကျန်းမာရေးကိစ္စရပ်များအထူးဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိနှင့်မိသားစု၊ ဌာန၊ နိုင်ငံတိုးတက်ရာတိုးတက်ကြောင်းကျရာကဏ္ဍမှအားတက်သရောကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်ကြောင်းနှင့် အခက်အခဲများ၊ လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR