ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရဟိတဂေဟာ/ ရိပ်သာများနှင့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက်လူမှုရေးပင်စင်ထောက်ပံ့ခြင်း အခမ်းအနားကို (၂၂-၅-၂၀၂၂) ရက်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ဦးအောင်ထွန်းခိုင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အကျိုးခံစားခွင့်ရှိသူဘိုးဘွားများ တက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ကိုကာကွယ်စောင့်ရှောက်ပေးခြင်း၊ ဘေးအန္တရာယ်တစ်မျိုးမျိုးကြောင့်အတိဒုက္ခခံစားနေရသူများအား ကယ်ဆယ်ထောက်ပံ့ပေးခြင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ/လူကုန်ကူးခံရသူများအား လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းနိုင်ရေးအတွက်ကူညီထောက်ပံ့ပေးခြင်းစတဲ့ဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ရေးလုပ်ငန်းအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များ တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန်နှင့်အညီ စေတနာ့ ဝန်ထမ်း၊ လူမှုဝန်ထမ်းအဖွဲ့အစည်းများကကြီးကြပ်မှုဖြင့်တည်ထောင်ဖွင့်လှစ်ထားရှိသည့် ပရဟိတဂေဟာများနှင့်ဘိုးဘွားရိပ်သာများမှာ လက်ခံစောင့်ရှောက်ထားသည့် ကလေးသူငယ်များ၊ လူငယ်များ၊မသန် စွမ်းသူများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ၏ စားဝတ်နေရေးဖူလုံနိုင်ရေးအတွက် ကုန်ကျစရိတ်တစ်စိတ်တစ်ဒေသကို နိုင်ငံတော်မှခွဲဝေရရှိသည့် ဘဏ္ဍာရန်ပုံငွေအရ ထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၄ ခုနှစ်မှာ အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါလုပ်ငန်းစဉ်နှင့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ (၂၀၁၆)ပါ သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရေးတို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်ကို အသက်(၈၅)နှစ်နှင့်‌အထက်သက်ကြီးရွယ်အိုများကို တစ်ဦး လျှင် တစ်လကျပ်(၁)သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးသက်သာစေရေး လုပ်ငန်းများ၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ ထောက်ပံ့ကူညီရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့်အတူပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၁-၂၀၂၂ (၆)လဘတ်ဂျက်ကာလအတွင်း လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသည့် အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းလုပ်ငန်းအနေဖြင့် ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့တွင်  ရပ်ကွက်(၂)ခု၊ ကျေးရွာ (၁၈၅)ရွာရှိ အိမ်ခြေ (၁,၉၅၈)လုံးအတွက် ရန်ပုံငွေကျပ်(၉၉.၈၆၉)သန်းကျခံသုံးစွဲဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကိုကလေးများကိုယ်တိုင်သာမက ကလေးသူငယ်များအရေးကို ဖော်ဆောင်လျက်ရှိသည့် သက်ဆိုင်ရာအစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်ရွာပြည်သူ လူထုများပါ ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်စေရေး၊ သဘာဝဘေးအသိပညာပေးဆောင်ရွက်ခြင်းဖြင့် ကလေးအရွယ်မှစ၍ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ သိရှိနားလည်မှုရလာမည်ဖြစ်ကာ ၎င်းတို့မှတစ်ဆင့် မိသားစုများ၊ ရပ်ရွာများအတွင်းသဘာဝဘေးအသိပညာများပြန့်ပွားစေရေး၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆိုးကျိုးများကိုသိရှိရှောင်ရှားနိုင်စေရေး၊ လူကုန်ကူးမှုနှင့်ပတ်သက်၍ အခြေခံအချက်အလက်များ၊ အသိပညာဗဟုသုတများကို မျှဝေပေးနိုင်ရေး၊ လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသည့် လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်လာစေရေး၊ ထိခိုက်လွယ်အုပ်စုများကို ပိုမိုပံ့ပိုးနိုင်ရေး၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ လူမှုရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ပါဝင်သူအားလုံးက ဆက်လက်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်ကျော်မင်းတို့က အမှာစကားများအသီးသီးပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား (၃၁,၂၉၉)ဦး အတွက်လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၉၃၈,၉၇၀,၀၀၀/)၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရ ပရဟိတဂေဟာ(၂)ခုနှင့် ဘိုးဘွားရိပ်သာ(၁၂)ခုအတွက်  ထောက်ပံ့ငွေကျပ် (၅၀,၉၂၈,၀၀၀/-)စသည်ဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၉၈၉,၈၉၈,၀၀၀/-)အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာ သည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စား ကျောက်ဆည်မြို့ ရွှေစေတီဘိုးဘွားရိပ်သာမှ အုပ်ချုပ်ရေးမှူး ဦးထူးထူးက  ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက တက်ရောက်လာသည့် ဘိုးဘွားများထံ ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR