ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုရေးပညာမဟာဌာနဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့်လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ရေးလုပ်ငန်းကော်မတီ၏ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw  State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  ပါမောက္ခ(ဌာနမှူး) များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်ကအဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်နေ့တွင် နိုင်ငံတော်အဆင့် တည်ထောင်ဖွင့်လှစ်ခဲ့သည့် Naypyitaw State Academy ၏ အစိတ်အပိုင်းတစ်ခုဖြစ်သောလူမှုရေးပညာမဟာဌာန (Faculty of Social Work) ဖွဲ့စည်းတည်ထောင်ပြီး လူမှုရေးပညာ ဘွဲ့ဒီဂရီပေးအပ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌လူမှုရေးပညာဘာသာရပ်ပထမနှစ်သင်တန်း စတင်ဖွင့်လှစ်မှာဖြစ်တဲ့အတွက်လူမှုရေးပညာဘွဲ့ (Bachelor of Social Work) ပေးအပ်သွားမှာဖြစ်သောကြောင့် အဓိကကျသောပထမနှစ်သင်ရိုးညွှန်းတမ်းအတည်ပြု သတ်မှတ်ပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများအား ညှိနှိုင်းဆွေးနွေးကြမှာဖြစ်ပါကြောင်း၊  လူမှုရေးပညာဘွဲ့ ဖွင့်လှစ်သင်ကြားပေးနိုင်ခြင်းသည်နိုင်ငံတစ်နိုင်ငံ၏ လူမှုဝန်ထမ်းလုပ်ငန်းများနှင့် လူမှုရေးဝန်ဆောင်မှုများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးလိုအပ်ချက် (DemandSide)  အတွက် ပညာရေးစနစ်မှ လူမှုရေးပညာရပ် ကျွမ်းကျင်လူသားရင်းမြစ်များ ဖြည့်တင်းမွေးထုတ်ပေးနိုင်ရေး (SupplySide) အတွက်  ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊  သင်တန်းဖွင့်လှစ်ပြီးပါက Naypyitaw State Academyတွင် လူမှုရေးပညာဘွဲ့စတင်ပေးအပ်သွားနိုင်မှာဖြစ်လို့ လူမှုဝန်ထမ်းလုပ်ငန်းစိတ်ပါဝင်စားသူများအတွက်အခွင့်အလမ်းတစ်ရပ်ဖြစ်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမှာဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနမှဝန်ထမ်း(၁၉)ဦးကိုအိန္ဒိယနိုင်ငံရှိ Tata Institute of Social Sciences တွင် လူမှုရေးပညာ မဟာဘွဲ့ရယူရန် ၂၀၂၂ခုနှစ်၊ဩဂုတ်လမှစ၍ပညာသင်စေလွှတ်နိုင်ခဲ့ပါကြောင်း၊ သင်ရိုးညွှန်းတမ်း မူကြမ်းကို Tata Institute of SocialSciences မှ ဘာသာရပ်ဆိုင်ရာပါမောက္ခများက TechnicalAdvisor  အဖြစ်လာရောက်ပြီး အကြုံပြုသုံးသပ်ပေးခြင်းနှင့် လိုအပ်သည့်သင်တန်းများ ပို့ချပေးနိုင်ရေးအတွက်အိန္ဒိယနိုင်ငံသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပညာရှင်များ၊ ပြင်ပလူမှုရေးပညာရှင်များနှင့်လူမှုဝန်ထမ်းဦးစီးဌာန၏ Core Teamအဖွဲ့ဝင်များက သင်ရိုးညွှန်းတမ်းနှင့်ပတ်သက်ပြီး လိုအပ်မည့်အချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှသာလူမှုရေးပညာဘွဲ့အတွက် ပြည့်စုံလုံလောက်သည့်သင်ရိုးညွှန်းတမ်းအားရရှိနိုင်မည်ဖြစ်သည့်အတွက်  ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုရေးပညာမဟာဌာန(Faculty of Social Work) ဖွင့်လှစ်နိုင်ရေးအတွက်သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့်လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ရေးလုပ်ငန်းကော်မတီ၏ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး လူမှုဝန်ထမ်း အတတ်သင်သိပ္ပံကျောင်း၊ ကျောင်းအုပ်တို့မှ ရှင်းလင်းတင်ပြခြင်း၊ Naypyitaw  State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ အထွေထွေဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီးရှေ့လုပ်ငန်းစဉ်များချမှတ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားကာအစည်းအဝေးအားနေ့လည် (၁:၃၀)တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR