ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          “Online မူလတန်းကြိုပညာရေးအစီအစဉ်ဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ကပိုင်းက Virtual ဖြင့် ကျင်းပခဲ့ရာ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက “Online မူလတန်းကြိုပညာရေးအစီအစဉ် နှင့် ပတ်သက်၍ ကိုဗစ် ၁၉ ကူးစက်ရောဂါ မြန်မာနိုင်ငံသို့စတင်ပြန့်နှံ့ခဲ့သည့်အချိန်မှစပြီး မူကြို ကျောင်းများကိုပိတ်ထားခဲ့ရသည်မှာ တစ်နှစ်ကျော်ခန့်ကြာခဲ့ပြီဖြစ်ကြောင်း၊ ကလေး များ အချင်းချင်းရင်းနှီးမှုရှိလာစေရန်၊ အခြေခံယဉ်ကျေးမှုရှိစေရန်၊ အာရုံစိုက်တတ်လာစေရန်၊  ကလေးများ၏ အသက်အရွယ်အလိုက် သင်ယူရမည့် မူကြိုပညာရေးကို Online မှတင့် ရရှိ စေရန်၊ ကလေးများအနေဖြင့် ကျောင်းများ ပိတ်ထားသည့်ကာလတွင် အချိန်အကျိုးရှိစွာဖြင့် မူကြိုပညာရေးကိုသင်ယူစေခြင်းဖြင့် ပညာသင်ကြားနိုင်မှု အခွင့်အရေးရရှိလာစေရန်အတွက် New Normalအနေဖြင့် စတင်စမ်းသပ် ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ Onlineဖြင့် သင်ကြား နိုင်ရေးအတွက် မိဘများအား Zoom Application အသုံးပြုသည့်အခြေခံအချက်များကို ဦးစွာ သိရှိနိင်စေရန် လိုအပ်ပါကြောင်း၊ ကလေးများထိရောက်စွာ သင်ယူနိုင်ရေးအတွက် အိမ်မှ ကူညီပံ့ပိုး ပေးနိုင်မည့်သူများအတွက် Guide Line လမ်းညွှန် / Manualလိုအပ်ပါကြောင်း၊ သင်ကြားရာတွင်လည်း သင်ကြားချိန်ကိုသတ်မှတ်ရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် Budget ရန်ပုံငွေပိုင်းကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်ပါ ကြောင်း၊ Budget အခြေအနေအရ  Pilot Project အနေနှင့် စတင်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ “Online မူလတန်းကြိုပညာရေးအစီအစဉ်ဆောင်ရွက် နိုင်ရေးအတွက် ယခုစီမံချက်မှ ပိုမိုကောင်းမွန်သည့်စီမံချက်ဖြစ်စေရန်နှင့်  လုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ဝိုင်းဝန်းစဉ်းစား၍ ညှိနှိုင်း ဆောင်ရွက် သွား ကြရမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

        ဆက်လက်၍ ဒုတိယဝန်ကြီးက ယခုအချိန်တွင် ကိုဗစ်၁၉ ဖြစ်ပွားမှု  အခြေအနေ အရ ကိုဗစ်၁၉ နှင့်အတူယှဉ်တွဲနေထိုင်နိုင်၍ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး၊ ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှုများကို ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ အသက်အပိုင်း အခြား အလိုက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင် ရွက်ရန်မှာ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာန၏တာဝန်ပင်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုရှိနေစေရန်အတွက် ထိုသို့ပြုလုပ်ပေးခြင်းအားဖြင့် ကလေးနှင့် ကလေး၏ မိသားစုတို့၏ အနာဂတ်တွင်သာမက နိုင်ငံတော်၏အနာဂတ်တွင်ပါ ကောင်းကျိုးရရှိနိုင် မည်ဖြစ်ကြောင်း၊ ကလေးငယ်များ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် လူ့စွမ်းအားဖွံ့ဖြိုးရေးကို များစွာအထောက်အကူပြုပါကြောင်း၊ Online နည်းလမ်းများဖြင့် လုပ်ငန်းများကို ရပ်တန့်စေခြင်းမရှိဘဲ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် Online မူလတန်းကြိုပညာရေးအစီအစဉ်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးများမှ နယ်မြေဒေသအလိုက် လက်တွေ့ဆောင်ရွက်နိုင်မည့် အခြေအနေများ ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့မှတင်ပြဆွေးနွေးချက်များအ​ပေါ်  ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် လူမှုဝန်ထမ်းဦးစီးဌာနတွင် ပြည်သူလူထုအတွက် ဝန်ဆောင်မှုများ အကျိုးရှိထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိရာ ECCD သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုး ထောင်‌ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ကိုယ်ဝန်ဆောင်ကာလကစ၍ ကလေးအသက် ()နှစ်အထိ ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပြီး အဆိုပါကာလအတွင်း ကလေးသူငယ်များ ဖွံ့ဖြိုးရေးအတွက် အရေးကြီးပါကြောင်း၊ ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံး အချိန်ဖြစ်သည့် အဆိုပါကာလအတွင်း လုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်အတွက် စိတ်ချရမှာဖြစ်ကြောင်း၊ ရှေးဦး အရွယ်ကလေးသူငယ်တိုင်း မူကြိုပညာရေးရရှိနိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများကို စတင် ဆောင်ရွက်သွား ရန်နှင့်၊ ဦးစီးဌာန​အနေဖြင့်လည်း လိုအပ်ချက်များကိုညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန် လမ်းညွှန်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR