ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည်  ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကုတင်(၁၀၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် လယ်ဝေးမြို့နယ်၊ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများမှ လေဘေးသင့်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအနက် ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် ကိုယ်ဝန်ဆောင်များ၊ အသက်(၇၀) နှစ်နှင့်အထက်ဘိုးဘွားများနှင့် အသက်(၅)နှစ်နှင့်အောက် ကလေးသူငယ်များအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သည့် တစ်ဦးလျှင်(၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း(၁၄)ဦးအတွက် ထောက်ပံ့ကြေးငွေများအားပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကုတင်(၁၀၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံခဲ့ကြပါသည်။

          ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဉက္က|၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့်အဖွဲ့သည် နေပြည်တော်ကောင်စီဉက္က| ဦးတင်ဦးလွင်ဦးဆောင်သော နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများသို့ရောက်ရှိပြီး လေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးကာ လတ်တလောစားသောက်နေထိုင်မှုအဆင်ပြေစေရေးအတွက် ဝန်ကြီးဌာနများ၊ စေတနာရှင်များမှ အခြေခံစားသောက်ကုန်များနှင့်  သောက်သုံးရေများ ထောက်ပံ့လှူဒါန်းထားရှိမှုများကို စနစ်တကျ ညီတူညီမျှခွဲဝေပေးမည့် အခြေအနေများ၊ ကျန်းမာရေးအတွက် အရေးပေါ်ဆေးပေးခန်းနှင့် ယာယီရေလောင်းအိမ်သာများ ချက်ချင်းဆောက်လုပ်နိုင်ရေး ပံ့ပိုးကူညီပေးမည့်အခြေအနေများ၊ ကျေးရွာပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်သည့် အကွက်ချပုံစံဖြင့် မြေနေရာပြန်လည်ချထားခြင်း၊ မီးရရှိရေး၊ ရေရရှိရေး၊ နေအိမ်ပြန်လည်ဆောက်လုပ်နိုင်ရေးတို့အား ပိုမိုပြည့်စုံကောင်းမွန်စွာဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးမည့်အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထပ်မံထိုးနှံပေးမည့် အခြေအနေများအားရှင်းလင်းပြောကြားခဲ့ပါသည်။ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ပစ္စည်း(၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံးများကိုပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီးနေပြည်တော်ကောင်စီနှင့် အလှူရှင်များမှ ထောက်ပံ့သော အခြေခံစားသောက်ကုန်များကို နေပြည်တော်ကောင်စီဉက္က|က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံထောက်ပံ့ပေးအပ်ခဲ့ပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဉက္က|နှင့် တာဝန်ရှိသူများသည် တံတားဦးကျေးရွာ ဘုးန်တော်ကြီးကျောင်းရှိ ဆရာတော် သံဃာတော်များအား သွားရောက်ဖူးမျှော်ကြည်ညို၍ နိုင်ငံတော်မှ လေဘေးသင့်ပြည်သူများ လတ်တလော သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပေးအပ်နေမှုအခြေအနေများ၊ ကျေးရွာပြန်လည်တည်ထောင်ရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်သွားရမည့် အခြေအနေများအားလျှောက်ထားကာ ပြည်ထောင်စုဝန်ကြီးနှင့်နေပြည်တော်ကောင်စီဉက္က|တို့က ဆရာတော်များထံ ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဉက္က|နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ စမ်းကလေးသုသာန် သို့ရောက်ရှိပြီးလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သုသာန်အတွင်းရှိ အဆောက်အဦများ၊ ဝန်ထမ်းအိမ်ယာ၊ လျှပ်စစ်ဓါတ်အားတိုင်နှင့် မီးကြိုးများ ပြုတ်ကျပျက်စီးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကာ အပျက်အစီးများရှင်းလင်းရေး၊ အဆောက်အဦများ ပြန်လည်တည်ဆောက်နိုင်ရေး၊ ဓါတ်တိုင်များ ပြန်လည်ထူထောင်၍ မီးကြိုးများ သွယ်တန်းနိုင်ရေးအတွက် လိုအပ်ချက်များအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ လေဘေးသင့်ခဲ့ရသည့် တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာများမှ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် ကိုယ်ဝန်ဆောင်များ၊ အသက်(၇၀) နှစ်နှင့်အထက် ဘိုးဘွားများ၊ အသက်(၅)နှစ်နှင့်အောက် ကလေးသူငယ်များနှင့် မသန်စွမ်းသူများအား စာရင်းကောက်ယူ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်ဦးလျှင်(၃၀၀၀၀) ကျပ်နှုန်းဖြင့် ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR