ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

       ကချင်ပြည်နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယခုလ(၁၅)ရက်နေ့ နံနက်ပိုင်းတွင်  ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင် သော တာဝန်ရှိသူများ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်သောပြည်နယ် အစိုးရ အဖွဲ့တာဝန်ရှိသူများ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ပြည်နယ်အတွင်း ဝန်ကြီးဌာနနှင့် ဆက်စပ် ဆောင်ရွက်လျက်ရှိသည့် ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင် ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် ကူညီထောက်ပံ့ရေး ဆောင်ရွက်နေမှုအခြေအနေများ ကိုရှင်းလင်း ဆွေးနွေးကာ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူမှုဝန်ထမ်း လုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပြန်လည်ထူ ထောင်ရေးလုပ်ငန်း များ၊ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့ကာ ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် လူမှုကာကွယ် စောင့်ရှောက် ရေး လုပ်ငန်းများနှင့် ပတ်သက်၍ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက် များကို ပြည်နယ်အဆင့် တာဝန်ရှိသူများက တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းခဲ့ပါသည်။

       ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားဖွံ့ဖြိုးရေးခြံ(KBC)တိုက်ပွဲရှောင်စခန်းနှင့် မိုင်းနားစိန့်ဂျိုးဇက်(RC) တိုက်ပွဲရှောင်စခန်းများသို့ရောက်ရှိခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လက်တလောကာလအတွင်း လူစု လူဝေးဖြင့် စုစည်းနေထိုင်ကြသည့် ယာယီတိုက်ပွဲရှောင်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံမှုထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးရန် လိုအပ်ပါကြောင်း ယာယီနေရာများ တွင် နေထိုင်ရသည့်အချိန်ကြာမြင့်လာမှုသည် ကလေးသူငယ်များ၏ အခွင့်အရေးများကို အကောင်း ဆုံးဖော်ဆောင်ပေးရာတွင် စိန်ခေါ်မှုများ များပြားလာနိုင်ပါကြောင်း၊ နိုင်ငံတော်မှ စားနပ်ရိက္ခာ ထောက်ပံ့မှုများပေးနေသော်လည်း ရေရှည်တွင် အမှီအခိုကင်းကင်းဖြင့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်နိုင်ရေးအတွက် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်မှ မူဝါဒများ၊ စီမံချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို မိမိတို့ ကိုယ်တိုင်ဆန္ဒ ဖြင့်လည်း ကြိုးပမ်းအားထုတ်ပူးပေါင်း ပါဝင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက် များကို အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပဋိပက္ခများကြောင့် ယာယီခိုလှုံရာနေရာများ ပေါ်ပေါက်လာခဲ့မှု အခြေအနေများနှင့် နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ခဲ့မှု ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကာ အားပေးစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ စခန်းတာဝန်ခံများက လိုအပ်ချက်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ 

       ဆက်လက်၍ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မြစ်ကြီးနာမြို့ မြို့သစ်ကြီးရပ်ကွက် အေးမြသာယာအဆင့်မြင့်‌ဈေး၏ Night Market ဖွင့်ပွဲအစီအစဉ်သို့ တက်ရောက်ခဲ့ပြီး မဉ္ဇူသာကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများနှင့်အတူ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အဆင့်မြင့်ဈေး၏ Night Market အတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။

       အလားတူ ၂၀၂၁-၂၀၂၂ (၆)လ ဘတ်ဂျက်အတွက် ကချင်ပြည်နယ်အတွင်းရှိ အသက် (၈၅)နှစ် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်း ပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ထောက်ပံ့ခြင်းနှင့် ယာယီခိုလှုံရာနေရာမှ  ပြန်လည် ပြောင်းရွှေ့သည့် တိုက်ပွဲရှောင်ပြည်သူများ အတွက်ထောက်ပံ့ခြင်း အခမ်းအနားကို  မနေ့က မနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့ အစည်းများမှကိုယ်စားလှယ်များနှင့် အကျိုးခံစားခွင့် ရှိသူပုဂ္ဂိုလ်များ Social Distancing ပုံစံဖြင့် တက်ရောက်ခဲ့ပါသည်။

       အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ မိမိတို့ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုဝန်ထမ်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရပ်ရွာအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ တည်ထောင်ဖွင့်လှစ်ထားသော ဂေဟာ/ရိပ်သာများအား သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ တည်ထောင်ခွင့်ပြုမိန့်များ ပေးအပ်ခြင်း၊ ထောက်ပံ့ကြေးများ ပေးအပ်ခြင်းနှင့် လိုအပ်သော နည်းပညာ အကူအညီများ ပေးခြင်းနှင့် ကြီးကြပ်ခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများတည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ခြင်းနှင့် ထောက်ပံ့ရေးလုပ်ငန်း လမ်းညွှန်နှင့် ဂေဟာသင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစု စောင့်ရှောက်ခြင်းနှင့် အကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများကိုလည်း ၂၀၁၇ခုနှစ်တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ စေတနာ၊ သဒ္ဒါ တရားထက်သန် စွာဖြင့် ရပ်ရွာအတွင်း ဂေဟာ/ရိပ်သာများကို ကိုယ့်အားကိုယ်ကိုး၍ ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်း ဖြစ်သည့်အတွက် နိုင်ငံတော် အနေဖြင့် အဆိုပါ စေတနာ့ဝန်ထမ်း ဆောင်ရွက်သော အဖွဲ့အစည်း ပုဂ္ဂိုလ်များ၏ လူမှုရေးစိတ်ဓာတ်ကို အသိအမှတ်ပြု ဂုဏ်ယူသည့်အနေဖြင့် လည်းကောင်း၊ ဂေဟာ/ ရိပ်သာများတွင် စောင့်ရှောက်ထားသူများ၏  လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန် ရည်ရွယ်၍လည်းကောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရရှိမှုပေါ် မူတည်၍ ယခုကဲ့သို့ ဂေဟာ/ရိပ်သာများ၏ လိုအပ်ချက် တစ်စိတ် တစ်ဒေသကို ပံ့ပိုးကူညီခြင်းဖြစ်ပါကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများက ကချင်ပြည်နယ်အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ(၁၂)ခု၊ မသန်စွမ်းဂေဟာ (၁) ခု နှင့် ဘိုးဘွားရိပ်သာ (၁) ခုတို့အတွက်  ထောက်ပံ့ငွေ ကျပ် (၄၃,၄၀၃,၀၀၀)၊ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၄,၈၄၀)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၁၄၅,၂၀၀,၀၀၀)၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ သို့ ထောက်ပံ့ငွေ ကျပ် (၁၅,၉၁၀,၀၀၀)၊ ပူတာအိုမြို့၊ ဒုတ်ထာရပ်ကွက်နှင့် လုံးစွတ်ရပ်ကွက်ရှိ (IDP) စခန်းမှ ဇီဒမ်းကျေးရွာနှင့် ဒုတ်ထာရပ်ကွက်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၈၈) စုအတွက် ပြောင်းရွှေ့စရိတ်၊ စားနပ်ရိက္ခာ (၁) လစာ ထောက်ပံ့ငွေ ကျပ် (၁၇,၃၇၈,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၂၂၁,၈၉၁,၀၀၀)(ကျပ်နှစ်ထောင့်နှစ်ရာတစ်ဆယ့်ရှစ်သိန်းကိုးသောင်း တစ်ထောင်ကျပ်တိတိ)တို့ကို ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆောင်သောတာဝန်ရှိသူများ ထံသို့အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများ ကိုယ်စား တာဝန်ရှိသူတစ်ဦးက‌  ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဘိုးဘွားများနှင့် အကျိုးခံစားခွင့်ရှိသူ ပုဂ္ဂိုလ်များထံ ထောက်ပံ့ငွေများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

        ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပြည်နယ်လူမှုရေးဝန်ကြီး လိုက်ပါလျက်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး သိုလှောင်ရုံ အား စစ်ဆေးခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေး စခန်း(မြစ်ကြီးနား)သို့ ရောက်ရှိပြီး စခန်းအခြေပြုပြန်လည်ထူထောင်ရေး သင်တန်းဖွင့်လှစ်နေမှုနှင့် သင်တန်းသားများအား တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဤသင်တန်းတွင်တက်ရောက်နေသော သင်တန်းသားများ အနေဖြင့် ကြုံဖူးသောအမှားကိုထပ်မံမှားယွင်းမှု မဖြစ်စေရန် အလွန်အရေးကြီးပြီး မိမိတို့၏ မိသားစုနှင့် ပတ်ဝန်ကျင်ကို အကျိုးပြုနိုင်ရန် လိုပါကြောင်း၊ သင်တန်းကာလအတွင်း သတ်မှတ် အချိန်ဇယားအတိုင်းဆောင်ရွက်ရပြီး အလေ့အကျင့်ကောင်းများ ရရှိသွားမည်ဖြစ်ကြောင်း၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာပျော်ရွင်စွာနေထိုင်နိုင်ရန် အားကစားနှင့် အနုပညာသည် အရေးကြီး ပါကြောင်း၊ သင်တန်းတွင်ပို့ချသည့် သက်မွေးပညာရပ်များကို စိတ်ဝင်တစားသင်ယူကာ အလုပ်ကြိုးစားလိုစိတ်နှင့် ဝီရိယကောင်းမွန်မှုနှင့်အတူ ခိုင်မာသော သန္နိဌာန်ဖြင့် ဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ဆက်လက်၍ စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများ ၏တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း (မြစ်ကြီးနား)သို့ရောက်ရှိခဲ့ပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်နိုင်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။ ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ အမှတ်(၁) မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အောင်မြင်မှုများရရှိစေရေး ကိုယ်စီတာဝန်များ ကျေပွန်စွာထိမ်းဆောင်နိုင်ရေးမှာ အလွန်အရေးကြီးသည်ဖြစ်ရာ မိမိတို့ ဆောင်ရွက်ရသည့်အလုပ်မှာ လူမှုဒုက္ခနှင့် ဘေးဒုက္ခအမျိုးမျိုး ကြုံတွေ့ခံစားရသူများကို အကူအညီပေးရခြင်းဖြစ်သည့်အတွက် တာဝန်များထမ်းဆောင်ရာတွင်ဂုဏ် ယူတက်ကြွစွာ ဆောင်ရွက်စေလိုကြောင်း တိုက်တွန်း မှာကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးစီမံဦးစီးဌာနပြည်နယ်ဦးစီးမှူးများက ပြည်နယ်အတွင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဝန်ထမ်းများက တင်ပြလိုသည့်အချက်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရာသီဥတုဖြစ်စဉ်များကြောင့်ထိခိုက်ခံရနိုင်မှုလျော့ပါးစေရေးဆိုင်ရာလုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်သည့်အခမ်းအနားနှင့် ပြည်ထောင်စုနယ်မြေအတွင်းမြို့နယ်(၄)ခုတွင် ဖြစ်ပွားခဲ့သောလေဘေးသင့်သူများအားထောက်ပံ့ခြင်းအခမ်းအနားများသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်သန်လျင်လူငယ်သင်တန်းကျောင်းများသို့ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့်အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)များသို့ကြည့်ရှုစစ်ဆေး
၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR