ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့်အဖွဲ့သည် (၂၃-၁၀-၂၀၂၂)ရက်နေ့၊ နံနက်ပိုင်းတွင် ရွှေပြည်သာမြို့တွင်တည်ရှိသော လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ လူငယ်သင်တန်းကျောင်း(ရွှေပြည်သာ)တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိကြရာ တိုင်းဒေသကြီးဦးစီးမှူးက မှုခင်းစစ်ဆေးဆဲ ကလေးသူငယ်(ရီမန်ကျောင်းသား)များ လက်ခံစောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းကျောင်းတည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ကျောင်းအုပ်ကြီးရုံး၊ သင်တန်းသားအိပ်ဆောင်၊ ထမင်းစားဆောင်၊ မီးဖိုဆောင်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် သင်တန်းကျောင်းပရိဝုဏ်အတွင်း အဆောက်အဦများထပ်မံဆောက်လုပ်ရန် လျာထားသည့်အကွက်ချပုံစံအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လက်ရှိဆောင်ရွက်ဆဲ သင်တန်းကျောင်းတည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြည့်စုံ ပြီးစီးနိုင်ရေး၊ဝန်ထမ်းအင်အား ခွင့်ပြုခန့်အပ်နိုင်ရေး၊ သင်တန်းကျောင်းသို့ ရောက်ရှိလာသော ကလေးသူငယ်များအား စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ပို့ချပေးနိုင်ရေး စီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းကျောင်းအတွင်းရှိ တည်ဆောက်ပြီးစီးပြီဖြစ်သည့် သင်တန်းသားအိပ်ဆောင်၊ ထမင်းစားဆောင်၊ မီးဖိုဆောင်နှင့် ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အဆောက်အဦများ အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်စေရေး စီမံဆောင်ရွက်သွားရန်၊ ရေစီးရေလာကောင်းမွန်စေရေး စီမံဆောင်ရွက်သွားရန် စသဖြင့်လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်ရှိ မူးယစ်ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)သို့ ရောက်ရှိကြရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဖွဲ့စည်းပုံ၊ ဝန်ထမ်းခန့်အပ်ပြီးစီးမှုနှင့် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မူးယစ်ဆေးဖြတ်ပြီးသူများ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့ ပေါင်းစည်းနိုင်ရေး ဆောင်ရွက်နိုင်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ လတ်တလော အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် အားသာချက်၊ အားနည်းချက်များ ပြန်လည်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကိန်းဂဏန်းအချက်အလက်မှန်ကန်တိကျစွာဖြင့် စနစ်တကျ ပြုစုမှတ်တမ်းတင်ထားရန် လိုအပ်ပါကြောင်း၊ စခန်းအခြေပြုသင်တန်းများ ဖွင့်လှစ်ပြီးစီးပါက ၎င်းတို့တတ်မြောက်ထားသော ပညာရပ်များဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် အရပ်ဘက် လုပ်ငန်းရှင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးသွားရန် လိုအပ်ပါကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းဆောင်အတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းသို့ ရောက်ရှိကြရာ တာဝန်ခံကျောင်းအုပ်က အမြင်အာရုံချို့တဲ့သူများအား ကိုယ်ရည်ကိုယ်သွေးမြင့်မားပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ဘဝရပ်တည်ထူထောင်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က အမြင်အာရုံ မသန်စွမ်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၎င်းတို့ သင်ယူလျက်ရှိသည့် ပညာရပ်များအပေါ် စိတ်ဝင်တစား တက်ကြွစွာ ပူးပေါင်းပါဝင်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး  ကူညီပေးသွားရန်ဖြစ်ပါကြောင်း၊ မျက်မမြင်လက်စမ်းစာပေများ၊ Audio Book များ စုံလင်ကျယ်ပြန့်စွာ ရရှိနိုင်ရေး၊ လိုအပ်ချက်များအား Check List ဖြင့် ပြုစုထားရန်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက မသန်စွမ်းကျောင်းများအား ဖိတ်ခေါ်၍ စုပေါင်းပြိုင်ပွဲများ ကျင်းပသွားရန်လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းကျောင်းအတွင်းရှိ သင်တန်းသားများ မျက်မမြင်လက်စမ်းစာပေများ ထုတ်လုပ်နေမှုအခြေအနေများ၊ စာပေ၊ ဂီတ၊ ရသ၊ အားကစားစသည့်ပညာရပ်များအား လေ့ကျင့် သင်ယူနေမှုအခြေအနေများနှင့် မျက်မမြင်အကြောပြင်ပညာရပ်များ လေ့ကျင့်သင်ကြားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု့အားပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် (၂၄-၁၀-၂၀၂၂)ရက်နေ့၊ နံနက်ပိုင်းတွင် ထောက်ကြန့်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးကလေးများသင်တန်း ကျောင်း(ထောက်ကြန့်)သို့ ရောက်ရှိကြရာ တာဝန်ခံကျောင်းအုပ်က သင်တန်းကျောင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး က သင်တန်းကျောင်းတိုးတက်ရေး၊ လက်ခံစောင့်ရှောက်ထားသောကလေးသူငယ်များ ပညာရည်တိုးတက်ရေး၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားလေ့ကျင့်နိုင်စေရေး၊ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်စေရေးနှင့် နေ့စဉ်နေထိုင်မှုဘဝအဆင်ပြေချောမွေ့စေရေးတို့အတွက် လိုအပ်ချက်များအားမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ယူနေမှု အခြေအနေများနှင့် သင်တန်းသူအိပ်ဆောင်၊ ထမင်းစားဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များ အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR