ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါ ဝန်ကြီးဌာနများမှ ဝန်ထမ်းများသို့ ဖွင့်လှစ်ပို့ချပေးမည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၃၀)နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊  ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဝင်များ၊ ဝန်ကြီးဌာနများမှ ဘာသာရပ် ပို့ချမည့်သူများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါ သည်။

အခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်သည် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၂) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှဝန်ထမ်းများအနေဖြင့် ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုဆိုင်ရာတုံ့ပြန်ဖြေရှင်းဆောင်ရွက်မှု အသိပညာ၊ ဗဟုသုတများရရှိပြီး  အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ရာတွင် အထောက်အကူဖြစ်စေရန်ဖြစ်ပါကြောင်းကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ Ms. Pramila Patten တို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်၌ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ ပူးတွဲ ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ အဆိုပါပူးတွဲကြေညာချက်တွင် ပဋိပက္ခ အတွင်း လိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးအတွက် ဦးစားပေးကဏ္ဍ (၆) ရပ်ပါဝင်ပြီး ၎င်းဦးစားပေးကဏ္ဍများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အမျိုးသား အဆင့်လုပ်ငန်းစီမံချက်ရေးဆွဲနိုင်ရန်အတွက် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍    သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားပါကြောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၁၀၆၊ အပိုဒ် ၁၀ အရ အကောင်အထည် ဖော်ရမည့် အချက်(၃)ချက်နှင့် ပူးတွဲကြေညာချက် (Joint Communique) ပါ ဦးစားပေးကဏ္ဍ (၆)ရပ်တို့အပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ ကျူးလွန်ခံရသူဗဟိုပြုချဉ်းကပ်မှုအကြမ်းဖက်ခံရသူများအား အကြမ်းဖက်ခံရသူသို့ ဗဟိုပြုချဉ်းကပ်မှုနှင့်အညီ ဆောင်ရွက်ပေးရမည့်အချက်များ၊ အကြမ်းဖက်မှုကျူးလွန်သူများ အား Zero-tolerance မူဝါဒနှင့်အညီ အပြစ်ပေးအရေးယူမည့်အချက်များ၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အား စီမံကိန်းကာလတစ်နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်တိုးတက်မှုရလဒ်များကို ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာသို့အသိပေးခြင်း လုပ်ငန်း စဉ်များကိုလည်း ထည့်သွင်းရေးဆွဲထားပါကြောင်းအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ၁၀.၁၁.၂၀၂၁ ရက်နေ့မှ ၁၀.၁၁.၂၀၂၂ ရက်နေ့အထိ စီမံချက်ကာလတစ်နှစ်သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်တန်းကို စီမံချက်ကာလအတွင်း(၂) ကြိမ်ဖွင့်လှစ်သွားမှာဖြစ်ပါကြောင်း၊ သင်တန်းမှာ ဆွေးနွေးသွားမည့် ဘာသာရပ်များမှာတိုင်ကြားမှုအပေါ် အရေးယူဆောင်ရွက် ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့်စပ်လျဉ်းသော ပြစ်မှုများအကြောင်း၊ Gender Based Violence - GBV, One Stop Crisis Center - OSCC နှင့်စပ်လျဉ်းသည့် အကြောင်းအရာများ၊ Joint Communique လုပ်ငန်းစီမံချက်အကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR-1325)၊ အကြမ်းဖက်ခံရသူသို့ ဗဟိုပြုချဉ်းကပ်မှု၊ လူမှုဝန်ထမ်းဦးစီးဌာန၏ Gender Based Violence - GBV တုံ့ပြန်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၏ Helpline ဝန်ဆောင်မှုနှင့်  One Stop Women Support Center -  OSWSC ဆိုင်ရာ ဝန်ဆောင်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား  ပြောကြားခဲ့ပါသည်။

သင်တန်းသို့ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရမည့် ဌာနဆိုင်ရာအသီးသီးနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့မှ သင်တန်းသား/သူ (၅၀)ဦးပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ ၃၀.၈.၂၀၂၂ ရက်နေ့မှ ၃၁.၈.၂၀၂၂ ရက်နေ့ထိ (၂)ရက်တာဖြစ်ပြီး၊ သင်တန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကျား၊မရေးရာအခြေခံသဘော တရားနှင့် ကျား၊မရေးရာအခြေပြု အကြမ်းဖက်ခြင်းခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR