ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် (၂၅.၆.၂၀၂၂) ရက်နေ့၌ကျင်းပသော မူကြိုဆရာမများ၏စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းသို့ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင် တက်ရောက်၍အမှာစကားပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးကယခုလူမှုဝန်ထမ်းဦးစီးဌာနရှိမူကြိုဆရာမများ၏စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းကို ကိုဗစ် -၁၉ကာလအတွင်းမှပင် မူကြိုကျောင်းများပိတ်ထားခဲ့ရပြီးသင်တန်းများလည်းဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိသောကြောင့် ကလေးများ၏ဖွံ့ဖြိုးတိုးတက်ရေးမှာနှောင့်နှေးခဲ့ရကြောင်း၊ ယခုကဲ့သို့ In person, On Line တို့ဖြင့်သင်တန်းကိုတပြိုင်နက်ဖွင့်လှစ်ရန်စီစဉ်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ယခုလက်ရှိအချိန်တွင်ဌာနမူလတန်းကြိုကျောင်းများကို အင်အားပြည့်ဖြင့်ပြန်လည်ဖွင့်လှစ်လျက်ရှိပြီးထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ဖို့အတွက်လည်းကြိုးပမ်းစီစဉ်လျက်ရှိရာကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက်မူကြိုဆရာမများ၏အခန်းကဏ္ဍမှာလွန်စွာအရေးကြီးပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးနည်းပညာရပ်များကို စနစ်တကျလေ့လာသင်ကြားရမှာဖြစ်ပါကြောင်း၊ကလေးသူငယ်များအပေါ်ရင်းနှီးမြှုပ်နှံခြင်းသည် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းရဲ့အနှစ်သာရဖြစ်ပါကြောင်း၊ ထို့ကြောင့်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူကြိုဆရာမများအားသင်ကြားလေ့ကျင့်ပေးခြင်း အပြင်ဌာနအခြေပြု၊ရပ်ရွာအခြေပြုလုပ်ငန်းများကိုအရှိန်အဟုန်မြှင့်တင်၍ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းသို့နေပြည်တော်ကောင်စီအတွင်းရှိလူမှုဝန်ထမ်းဦးစီးဌာန၊မူလတန်းကြိုကျောင်း (၉)ကျောင်းမှဆရာမ(၆၀)ဦးမှ In person ဖြင့်လည်းကောင်း၊တိုင်းဒေသကြီး/ ပြည်နယ်များရှိမူလတန်းကြိုကျောင်း (၁၅၆)ကျောင်းမှ ဆရာမ(၇၉၉)ဦးမှ On Line ဖြင့်လည်းကောင်း၊ စုစုပေါင်းသင်တန်းသား (၈၅၉)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်ကရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအနှစ်သာရ၊လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှုအခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း၊ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)က ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒနှင့်လက်ရှိဆောင်ရွက်လျက်ရှိသော (ECCD)လုပ်ငန်းများ၊ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)ကကျန်းမာရေးနှင့်အာဟာရအရေးကြီးပုံ၊ဘာသာရပ်ဆိုင်ရာတာဝန်ခံများကစိတ်-လှုမှုပိုင်းဆိုင်ရာကူညီပံ့ပိုးခြင်း၊ တွယ်တာမှုဆိုင်ရာအခြေခံသဘောတရားနှင့်မူကြိုဆရာမနှင့်ကလေးဆက်ဆံရေးများပိုမိုကောင်းမွန်စေရန်ပံ့ပိုးပေးခြင်းစသည့် ဘာသာရပ်များအားပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR