ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေးညှိနှိုင်းအစည်းအဝေး ကို (၂၀..၂၀၂၁) ရက် နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် Virtual ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်များမှ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

           ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောရာတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်း များနှင့်ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပံ့ပိုးကူညီထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ရသော မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားခဲ့သည့် ကာလအတွင်း စေတနာ့ဝန်ထမ်း၊ ပရဟိတအဖွဲ့အစည်းများနှင့် ()ကြိမ်တွေ့ဆုံခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါတွေ့ဆုံမှု(၆)ကြိမ်တွင် စေတနာ့ဝန်ထမ်း၊ ပရဟိတမောင်နှမများရဲ့ မြေပြင်အခက်အခဲတင်ပြချက်များ ကို နားထောင်ပြီး ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ကိုဗစ်-၁၉ ထိန်းချုပ်၊ တုံ့ပြန်ကော်မတီသို့ တင်ပြပြီး လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံတွင် ၂၀၂၀ မတ်လ ၂၃ ရက် နေ့မှ စတင်ဖြစ်ပွားခဲ့ပြီး (၁၈)လခန့်ကြာမြင့်ခဲ့ပြီ ဖြစ်ပါ ကြောင်း၊ အသွားအလာများ ကန့်သတ်ခံရခြင်း၊ အလုပ်ဌာနများ ခေတ္တပိတ်ထားရခြင်းတို့ကြောင့် ပြည်သူ လူထု၏လူမှုစီးပွားဘဝများ ရိုက်ခတ်ခံရမှုများကြုံတွေ့ခဲ့ရပါကြောင်း၊ တတိယလှိုင်း၏ အဓိကထူးခြားချက်မှာ ရောဂါပိုးပိုမိုပြင်းထန်ပြီး ကူးစက်လွယ်ခြင်း၊ သေဆုံးမှုများခြင်းတို့ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် တတိယလှိုင်း အနေဖြင့် ဇူလိုင်လတွင် ပိုးကူးစက်မှု အမြင့်ဆုံး (၄၀) ရာခိုင်နှုန်းထိရှိခဲ့ပြီး ယခုစက်တင် ဘာလတွင် (၁၀)ရာခိုင်နှုန်းအထိကျဆင်းလာပါကြောင်း၊ အဆင့်ဆင့်သော ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ တာဝန်ရှိ သူများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်မှု၏ရလဒ် ဖြစ်ပါကြောင်း၊ အချို့နိုင်ငံများတွင်လည်း စတုတ္ထလှိုင်း စတင်ဖြစ်နေပြီဖြစ်၍  ကာကွယ် ဆေးထိုးနှံမှုလက်ဉီးမှုရမှသာ ကူးစက်သေဆုံးမှု လျော့ကျနိုင်မှာဖြစ်တဲ့အတွက် ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်လည်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်း ပါဝင်ကြပါရန်မေတ္တာရပ်ခံတိုက်တွန်းပြောကြားလိုခြင်းဖြစ်ပါကြောင်း၊ စက်တင်ဘာလအတွင်း လက်ရှိအချိန်အထိ ကာကွယ်ဆေး() သန်းကျော်ရောက်ရှိပြီး စတင် ထိုးနှံပေးနေပြီ ဖြစ်ပါ ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် မူဝါဒအားဖြင့် ကူးစက်မှုနှုန်းလျော့ကျရေး၊ သေနှုန်းလျော့ကျ လာရန်နှင့် စီးပွားထိခိုက်မှု လျော့ချရန်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးရန် ဦးတည်အုပ်စု (၁၂) အုပ်စုကိုဦးတည်ပါကြောင်း၊ အဓိကအားဖြင့် စေတနာ့ဝန်ထမ်းများ၊ ကုန်တင်ယာဉ်မောင်း/ ယာဉ်ကူများ၊ စက်ရုံ/အလုပ်ရုံများရှိ လုပ်သားများအား ဦးတည်အုပ်စုထား၍ ဆောင်ရွက်ခြင်းဖြင့် ထိခိုက်နေသော လူမှုစီးပွားဘဝများ ပြန်လည်တိုးတက်အောင်ဆောင်ရွက်နေပါကြောင်း၊ ယခုအခါ ဦးတည်အုပ်စု(၁၆)စုအနေဖြင့် ထပ်မံ တိုးချဲ့အဓိကအားဖြင့်  ယာယီလိုလှုံရာစခန်းများတွင် နေထိုင်သည့်ပြည်သူများ၊ တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့များ၊ တိုက်ပွဲရှောင်ပြည်သူများနှင့် မသန်စွမ်းသူများလည်း ထပ်မံပါဝင်လာပါကြောင်း၊ မသန်စွမ်းအုပ်စု သည် မိမိတို့ဝန်ကြီးဌာနနှင့် ဆက်စပ်နေပါကြောင်း၊ ကာကွယ်ဆေးထိုးဆောင်ရွက်ရာ၌ စာရင်းကောက်ယူခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ Oxymeter တိုင်းခြင်း၊ ဆေးထိုးပြီး နာရီဝက် စောင့်ကြည့်ခြင်း၊ National Data Base သို့ ကာကွယ်ဆေးထိုးပြီးသူစာရင်း ထည့်သွင်းပေးခြင်းများသည်  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရခြင်းဖြစ်၍ စေတနာ့ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုများလည်း အရေးကြီးပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကကဆေးမှဆေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက် နေပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခြင်းအပြင် စေတနာ့ဝန်ထမ်းများအား စည်းရုံးရေးတာဝန်ယူဆောင်ရွက်နေပါကြောင်း၊ စာရင်းများအရ ကာကွယ်ဆေးထိုးနှံပေးမှုအနေဖြင့် စင်္ကာပူ နိုင်ငံတွင် ၈.၆ % ၊ မလေးရှားနိုင်ငံတွင် ၅၅.%  ကမ္ဘောဒီယားနိုင်ငံတွင် ၃၁. %၊ ထိုင်းနိုင်ငံတွင် ၁၉. %၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁၆.%၊ အင်ဒိုနီရှားနိုင်ငံတွင် ၁၅.% နှင့်မိမိတို့မြန်မာနိုင်ငံတွင် ၁၀.% တို့အသီးသီး ကာကွယ်ဆေးထိုးပြီးအခြေအနေ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ၉၀% ကျန်ရှိနေပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စက်တင်ဘာလ အတွင်း ကာကွယ်ဆေး(၁၀)သန်းရောက်ရှိပြီး၊ အောက်တိုဘာလတွင်(၁၀)သန်း၊ နိုဝင်ဘာလတွင် ()သန်း စုစုပေါင်း ()လအတွင်း (၂၄)သန်း ရောက်ရှိမှာဖြစ်ပါကြောင်း၊ ကာကွယ်ဆေးများကို ပို့ဆောင်ရာတွင် Cargo ကုန်တင်လေယာဉ်ဖြင့်  cold chain နှင့်သယ်ဆောင်ရပါကြောင်း၊ လူအင်အား များများဖြင့် ထိုးနှံနိုင်မှ များများနှင့်မြန်မြန်ကာကွယ်ဆေးထိုး လွှမ်းခြုံမှုမြင့်တက် လာမှာဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံ နိုင်မှသာလျှင် စတုတ္ထလှိုင်းဖြစ်ပွားမှု ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ခပ်ခွာခွာပုံစံဖြင့် နေထိုင်ခြင်း၊ မျက်နှာနှင့်နှာခေါင်းစည်း၊ လက်အိတ်များ ဝတ်ဆင်ခြင်း၊  လက်ဆေးခြင်း၊  မလိုအပ်ဘဲ/အရေးကြီးကိစ္စမရှိဘဲ အပြင်မထွက်ခြင်းဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ ကာကွယ်ဆေးထိုးပေးရန် ဆောင်ရွက်နေခြင်းမှာ နိုင်ငံတကာ သုတေသနအရ ကာကွယ်ဆေးထိုးပြီးပါက ရောဂါအား အတတ်နိုင်ဆုံး ကာကွယ် ပေးနိုင်ပြီး ကူးစက်ပါကလည်း ရောဂါလက္ခဏာ မပြင်းထန်ဘဲ ဆေးရုံတက်ရန် လိုအပ်မှု ၁၇ သက်သာ နိုင်မှာဖြစ်ပါကြောင်း၊ တတိယလှိုင်းတွင် စေတနာ့ဝန်ထမ်းများမှ ကြံကြံခံရင်ဆိုင် ဖြေရှင်းနိုင်သော် လည်း ကိုဗစ်-၁၉ ရောဂါမှာ စိတ်ချရသော အခြေအနေသို့မရောက်နိုင်သေးဘဲ ပိုးတွေ့ရာခိုင် နှုန်း မှာ ၅% အောက်ကျဆင်းမှုဖြင့် (၁၄) ရက်ဆက်တိုက်ဖြစ်မှသာ စိတ်ချရသော ထိန်းချုပ်နိုင်မှု အခြေအနေဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် မြို့ပြကျေးလက်ကွာခြားမှု ရှိနေပါ ကြောင်း၊ စေတနာဝန်ထမ်းများဆောင်ရွက်ရာတွင် တက္ကသိုလ်ကျောင်းသား/သူများလည်း ပူးပေါင်းပါဝင်နိုင်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများ ပါဝင်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ခြင်းကိုလည်း  ကျေးဇူးအထူးပင်တင်ရှိပါကြောင်း၊ ပြီးခဲ့သော(၂)လတွင် လူဦးရေ စုစုပေါင်းပြည်သူ()သန်းကျော်အား ထိုးနိုင်ခဲ့၍ စာရင်းထည့်ခြင်းများဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခု နှစ်မကုန်မီ ကာကွယ်ဆေး (၂၄) သန်း ထပ်မံရရှိမည် ဖြစ်ပါကြောင်း၊ National Data Base တွင် စာရင်းယူခြင်း၊ စာရင်းသွင်းခြင်းများပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးပြီး ကြောင်း လက်မှတ်ရမှသာ စားသောက်ဆိုင်စားခြင်း၊ ခရီးထွက်ခြင်း၊ နိုင်ငံတကာသို့ ကူးသန်းသွား လာ နိုင်မည် ဖြစ်ပါကြောင်း ဖြင့်ဆွေးနွေးပြောကြားခဲ့ပါသည်။

         ဆက်လက်၍ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် စေတနာ့ဝန်ထမ်းများ တတိယလှိုင်းတွင်း အားထုတ်ကြိုးစားမှုကြောင့် အသက်စွန့်သွားရသူများ၊ ရောဂါကူးစက်ခံရမှု များရှိနေသည့်အတွက် လေးစားဂုဏ်ယူပါကြောင်း၊ စေတနာ့ဝန်ထမ်းလုပ်ငန်းသည် လူသားချင်း စာနာမှုဖြစ်၍ နိုင်ငံအခြေအနေမူဝါဒပြောင်းလဲသော်လည်း ရပ်တံ့၍မရနိုင်ပါကြောင်း၊ စိန်ခေါ်မှု တစ်ရပ်အနေဖြင့် ကိုဗစ်-၁၉ မပြီးဆုံးသေးပါကြောင်း၊ တတိယလှိုင်းမှာ သက်စွန့်ဆံဖျား ကြိုးပမ်း ၍ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင်သော စေတနာ့ဝန်ထမ်းများအနေဖြင့် စနစ်တကျလက်တွဲ၍ အမျိုးသားရေးလုပ်ငန်းကို ဆက်လက်ပြီး စတုတ္တလှိုင်းမဖြစ်စေရန် ကြိုတင် ကာကွယ်ဆောင်ရွက်ရာတွင် ပါဝင်သွားရန်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးမထိုးခဲ့ပါက မျိုးကွဲများ ထပ်မံဖြစ်နိုင်၍ ထိုးနှံနိုင်ရန်ဝိုင်းဝန်းလှုံ့ဆော်ဆောင်ရွက်ကြရန်၊ ပူးပေါင်းဆောင်ရွက်နိုင်ပါက ပိုးကူးစက်မှုနှုန်းလျော့ကျနိုင်မည်ဖြစ်ပါကြောင်း၊ ရပ်ရွာနှင့်တိုက်ရိုက်ထိတွေ့နေရသူ စေတနာ့ ဝန်ထမ်းများမှ ကျေးလက်နေပြည်သူအများအား  ဆေးထိုးရန်တိုက်တွန်းပါက ပိုမို  ထိရောက်မည် ဖြစ် ပါကြောင်း၊ သို့ဖြစ်၍ စေတနာ့ဝန်ထမ်းများ၊ ပရဟိတများအနေဖြင့် စည်းရုံးဆောင်ရွက်ရန်၊ ပူးပေါင်းရန်၊ အကူအညီပေးရန်၊ မသန်စွမ်းများအား သွားလာရေးအကူအညီပေးရန် မေတ္တာရပ်ခံ တင်ပြလိုပါကြောင်း၊ လူနာသေဆုံးမှုအနေဖြင့် လျော့ကျသွားသော်လည်း ဖြစ်ပွားမှုအနေဖြင့် ၅% မရောက်သေး၍ ကာကွယ်ဆေးထိုးနှံနိုင်မှသာ ရာခိုင်နှုန်းကျသွားမည်ဖြစ်ပါကြောင်း၊ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာန၊ ကကဆေး နှင့် အထွေထွေ အုပ်ချုပ်ရေးတို့က  တို့ပူးပေါင်းကာ ဆောင်ရွက်နေကြပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဖွဲ့အစည်းများအား အဖွဲ့ဖွဲ့ရန်၊ မှတ်ပုံတင်ပေးရန်တို့ကို ဝိုင်းဝန်းကူညီပေး သွားမည်ဖြစ်ပါ ကြောင်း ပြောကြားဆွေးနွေးခဲ့ပါသည်။

၎င်းနောက် တက်ရောက်လာကြသော နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် များမှ လူမှုဝန်ထမ်းဦးစီးမှူးများ၊ စေတနာ့ဝန်ထမ်းများ/ပရဟိတအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များက မိမိတို့လုပ်ဆောင်နေသော နယ်ပယ်ကဏ္ဍအသီးသီးတွင် လုပ်ဆောင်နေမှုများ၊ အားသာချက်/အားနည်းချက်များနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။

နိဂုံးချုပ်အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးက ယခုတက်ရောက်လာကြာသော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့အစည်းများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်နေသော စက်သုံးဆီ၊ စားသောက်စ ရိတ်၊ ကျန်းမာရေးသုံးကာကွယ်ပစ္စည်းထောက်ပံ့မှုနှင့် ထိခိုက်လွယ်အုပ်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်မှ ပေးအပ်ထားသော ထောက်ပံ့ကြေး အသီးသီးရရှိကြရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ညွှန်ကြားရေးမှူးများအနေဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ တတိယလှိုင်းကာလ အတွင်းအခက်အခဲများအား စေတနာ့ဝန်ထမ်းနှင့် ပရဟိတအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကကဆေးတို့မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ အဆင့်ဆင့်ဖွဲ့၍ ဆောင်ရွက်ရာ အောင်မြင် ခဲ့ပါကြောင်း၊ ဒုတိယအချက်အနေဖြင့် စတုတ္တလှိုင်းမဖြစ်စေရန်အတွက် ကာကွယ်ဆေးထိုးနှံမှုမှာ အရေးကြီးသဖြင့် စေတနာ့ဝန်ထမ်း များနှင့် ပရဟိတအဖွဲ့အစည်းများ၏ပူးပေါင်းပါဝင်မှုဖြင့် များများ နှင့်မြန်မြန်ထိုးနှံနိုင်ပါက ထပ်မံဖြစ်ပွားမှုရှိတော့မည် မဟုတ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများ ပူးပေါင်း၍ မြို့နယ်အလိုက် ပါဝင်ရန် တိုက်တွန်းလိုပါကြောင်းနှင့် နိုင်ငံတော်နှင့်ဝန်ကြီးဌာနကိုယ်စား စေတနာ့ဝန်ထမ်း တစ်ဦးချင်းစီ တိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ ပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။




နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR