ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

            Basic Social Work Skills Development သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချူပ်များနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

            ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ ဖွင့်လှစ်သည့် Basic Social Work Skills Development သင်တန်းကို ပိုမိုကောင်းမွန်သော ပြန်လည် ထူထောင်ရေး လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာစေရန်၊ လူမှုရေးပညာရပ်ဆိုင်ရာ အခြေခံသဘောတရားတို့ကို သိရှိနားလည်နိုင်စေရန်နှင့် ပြန်လည် ထူထောင်ရေးဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း လုပ်ငန်းဆောင်ရွက်နေသူများ အနေဖြင့် လူမှုရေးပြဿနာရင်ဆိုင်နေရသူများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ အပြင် ကလေးသူငယ်၊ လူငယ် စသည့် လူအမျိုးမျိုးနှင့် ထိတွေ့ဆောင်ရွက်ရတာဖြစ်သောကြောင့် ယင်းတို့ လိုအပ်သော မတူညီသည့် လိုအပ်ချက်တို့ကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း။ ဥပမာအားဖြင့် အတန်းပညာ သင်ယူနေသည့် မသန်စွမ်းသူတစ်ဦး လိုအပ်ချက်ကို မသန်စွမ်းမှု အလိုက် စီစဉ်ဆောင်ရွက်ပေးဖို့၊ လမ်းပေါ်နေကလေးသူငယ်များနှင့် မိသားစုဝင်များအတွက် ရေရှည်အထောက်အပံ့ဖြစ်စေဖို့ အတန်းပညာသင်ယူနိုင်ဖို့နှင့် အသက်မွေးဝမ်းကျောင်း ပညာ ရပ်သင်ကြားနိုင်ဖို့ စသည့် ပံပိုးကူညီတွေ လိုအပ်မှာဖြစ်ပါကြောင်း၊ ယနေ့သင်တန်း တက် ရောက်ခြင်းအားဖြင့်  သင်တန်းသူ၊ သင်တန်းသားများ အနေဖြင့် လူမှုရေးပညာ ဘာသာရပ်၏ အခြေခံသဘောတရားတို့ကို သိမြင်နားလည်နိုင်ခြင်း၊ လူမှုရေးလုပ်ငန်းဆောင်ရွက်နေသူများ ၏ အခန်းကဏ္ဍနှင့် သိရှိရန်လိုအပ်သည့် ကျွမ်းကျင်မှုတို့ကို သိရှိနိုင်ခြင်း၊ လူမှုရေးပြဿနာ၊ အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် တစ်ဦးချင်း၊ အဖွဲ့လိုက်၊ ရပ်ရွာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်မှု တိုးတက်ကောင်းမွန်လာခြင်း၊  သက်ဆိုင်ရာ  လုပ်ငန်းခွင် စွမ်းဆောင်ရည် မြင့်မားလာခြင်းနှင့် ဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ်များ ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ မူဝါဒများ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရန်အပြင် ၂၀၃၀ အစီအစဉ်ဖြစ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်များ ပြည့်မီစေရေး အကောင်အထည်ဖော်ရာတွင်လည်း လူမှုရေး ပညာ ရပ်သည် အရေးပါသည်ကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ လူမှုရေးပညာရပ်သည်  မွေးစမှ   သေဆုံး သည်အထိ ကူညီဆောင်ရွက်ပေးရသော အရေးပါသည့် အတတ်ပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်မည့် အရာထမ်း၊ အမှုထမ်းများသည် ယခုသင်တန်းတက် ရောက်ပြီး ပါက လူမှုရေးပညာဘာသာရပ်ဆိုင်ရာ လုပ်ငန်းစဉ်များ၊ နည်းလမ်းများ၊ ဗဟုသုတ တို့ကို သိမြင်နားလည်နိုင်ပြီး စွမ်းဆောင်ရည် မြင့်မားလာစေမည် ဖြစ်ပါကြောင်း၊ သင်တန်းက ပို့ချမယ့်  သင်ခန်းစာတွေကို  စိတ်ပါဝင်စားစွာဖြင့် သင်ယူမှတ်သားကြဖို့နှင့်  လက်တွေ့ လုပ်ငန်း နယ်ပယ် အတွက်  အသုံးချဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

            ယနေ့သင်တန်းတွင် လူမှုရေးပညာရပ်ဆိုင်ရာ အခြေခံသဘောတရားများ၊ လူမှုရေးလုပ်ငန်း ဆောင်ရွက်သူများ၏ အခန်းကဏ္ဍ၊ လူမှုရေး လုပ်ငန်း ဆောင်ရွက်သူများ ကျင့်သုံးဆောင်ရွက် ရမည့် အကြောင်းအရာများ၊ လိုက်နာရန် လိုအပ်သော ကျင့်ဝတ်စည်းမျဉ်းများ၊ လူတစ်ဦးချင်း၊ အဖွဲ့လိုက်နှင့်  ရပ်ရွာအတွင်း ကူညီဆောင်ရွက်ပေးရမည့် နည်းလမ်းများအပြင် လူမှုကာ ကွယ်စောင့်ရှောက်ရေး၊ ကျား/မ တန်းတူညီမျှရေး၊ မသန်စွမ်းမှုဆိုင်ရာ လူမှုရေး နည်းလမ်း အရ ကူညီ  ဆောင်ရွက်ပေးနေသော  လုပ်ငန်းအစီအစဉ်များ  နှင့်သက်ဆိုင်သည့်  သင်ခန်းစာတို့ကို  ဘာသာရပ် ဆိုင်ရာ ပုဂ္ဂိုလ်များမှ ၂၀.၂.၂၀၂၂၃ ရက်မှ ၂၂.၂.၂၀၂၃ ရက်အထိ (၃) ရက်တာ ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR