ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

(၂၁-၄-၂၀၂၃)ရက်နေ့၌လေဘေးဖြစ်ပွားမှုနှင့်စပ်လျဉ်း၍တုံ့ပြန်ဆောင်ရွက်မှုအခြေအနေများအားပြန်လည်သုံးသပ်ခြင်းနှင့်မိုးကြိုကာလတွင်ဖြစ်ပေါ်လာနိုင်ခြေရှိသည့်ရာသီဥတုအခြေအနေများအားသုံးသပ်ပြင်ဆင်ခြင်းအစည်းအဝေးကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၊အစည်းအဝေးခန်းမ၌(၂၇-၄-၂၀၂၃)ရက်နေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာသက်သက်ခိုင်၊ဒုတိယဝန်ကြီး ဦးစိုးကြည်၊အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြားရေးမှူးချုပ်များ၊တာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးကနေပြည်တော်၊မကွေးတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင် (၂၁-၄-၂၀၂၃)ရက်နေ့နှင့် (၂၂-၄-၂၀၂၃)ရက်နေ့တို့၌လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့်ပြည်သူများ၏အသက်၊အိုးအိမ်၊စည်းစိမ်များထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊မိမိတို့ဝန်ကြီးဌာနနှင့်အခြားဝန်ကြီးဌာနများကဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအနေဖြင့်လည်းကောင်း၊သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကလည်းကောင်းသက်ဆိုင်ရာကဏ္ဍအလိုက်အသီးသီးတုံ့ပြန်မှုများဆောင်ရွက်နိုင်ခဲ့ပြီးပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအားနိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်များနှင့်အညီစုစည်းညီညာဆောင်ရွက်နေကြောင်း၊အရေးပေါ်ဘေးဖြစ်ပွားမှုများတွင်ထိရောက်ကောင်းမွန်သောတုံ့ပြန်မှုများဆောင်ရွက်ပေးနိုင်ရန်အတွက်တာဝန်ရှိသူအားလုံး၏ပူးပေါင်းပါဝင်ဆောင်ရွက်မှုကောင်းရန်လိုအပ်ကြောင်း၊လတ်တလောနေပြည်တော်တွင်ဖြစ်ပွားခဲ့သည့်သဘာဝဘေးအတွက်တုံ့ပြန်မှုများဆောင်ရွက်ရာတွင်မိမိတို့ဝန်ကြီးဌာနသည်လတ်တလောသက်သာချောင်ချိစေရေးနှင့်လုပ်ငန်းကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ရေးတို့အားဟန်ချက်ညီညီဆောင်ရွက်နိုင်ခဲ့ကြောင်း၊တွေ့ကြုံရသည့်အခက်အခဲ၊ရင်ဆိုင်ဖြေရှင်းမှုတို့အပေါ်သင်ခန်းစာများဖော်ထုတ်ပြီးအခြားတိုင်းဒေသကြီး/ပြည်နယ်များ၌သဘာဝဘေးကြုံတွေ့ချိန်တွင်ကိုးကားဆောင်ရွက်နိုင်ရေးလိုအပ်သည့်လုပ်ငန်းစဉ်၊ပုံစံများပြုစုပြီးဖြန့်ဝေသွားရန်ဖြစ်ကြောင်း၊အရေးပေါ်ကာလတွင်ဘေးသင့်သူများ၏အခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန်အတွက်လျှပ်တပြက်ဆန်းစစ်နိုင်မည့်ပုံစံများပြုစုဖြန့်ဝေထားကြရန်လိုအပ်ကြောင်း၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်(၂၀၂၂)အားထုတ်ပြန်ပြီးဖြစ်ရာတည်မြဲအမိန့်ပါပြည်ထောင်စုအဆင့်၊တိုင်းဒေသကြီး/ပြည်နယ်အဆင့်နှင့်ခရိုင်/မြို့နယ်အဆင့်လုပ်ငန်းကော်မတီများ၏လုပ်ငန်းတာဝန်များအတိုင်းတုံ့ပြန်ဆောင်ရွက်နိုင်ရန်သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာတာဝန်ရှိသည့်မိမိတို့ဌာနအနေဖြင့်လိုအပ်သလိုပံ့ပိုးပူးပေါင်းညှိနှိုင်းပေးကြရမည်ဖြစ်ကြောင်း၊ဘေးသင့်ပြည်သူများအတွက်လတ်တလောနှင့်ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများအားလုပ်ငန်းကော်မတီများ၊တိုင်းဒေသကြီး/ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကတည်မြဲအမိန့်ပါလုပ်ငန်းစဉ်များအတိုင်းပြင်ဆင်ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားရန်လိုကြောင်း၊သဘာဝဘေးအရေးပေါ်တုံ့ပြန်မှုတွင်လျှင်မြန်ထိရောက်စွာပူးပေါင်းဆောင်ရွက်ခဲ့သည့်အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊စေတနာ့ဝန်ထမ်းများအားအသိအမှတ်ပြုဂုဏ်ယူသကဲ့သို့နောင်တွင်လည်းထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်နိုင်ရေးပြင်ဆင်ထားရန်လိုအပ်ကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူများကနေပြည်တော်တွင်လေဘေးဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ဦးစီးဌာနနှင့်နေပြည်တော်တိုင်းဦးစီးမှူးရုံးကဆောင်ရွက်ထားရှိမှုအခြေအနေများ၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်(၂၀၂၂)ပါလုပ်ငန်းလမ်းညွှန်များအားသဘာဝဘေးအရေးပေါ်တုံ့ပြန်ရေးနှင့်ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာ၌လက်တွေ့ကိုးကားဆောင်ရွက်နိုင်ခဲ့မှုအခြေအနေ၊၂၀၂၃ခုနှစ်မိုးကြိုကာလ(မေလ)တွင်ဖြစ်ပေါ်လာနိုင်ခြေရှိသည့်ရာသီဥတုအခြေအနေနှင့်ကြိုတင်ပြင်ဆင်မည့်အစီအစဉ်များအားရှင်းလင်းတင်ပြခဲ့ပြီးပြည်ထောင်စုဝန်ကြီးကရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအားလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်အားကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. RamanathanBalakrishnanဦးဆောင်သောအဖွဲ့သည်အဆိုပါဝန်ကြီးရုံး၊အစည်းအဝေးခန်းမတွင်လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် Mr. Ramanathanကဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ဆောင်ရွက်မည့်လုပ်ငန်းများ၊တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်ဆောင်ရွက်လိုသောအမျိုးသမီး၊သက်ကြီးရွယ်အိုနှင့်မသန်စွမ်းများအားအကူအညီအထောက်အပံ့ပေးရေးကိစ္စရပ်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကလည်းဝန်ကြီးဌာနမှတပ်မတော်နည်းပညာဌာန၏အကူအညီဖြင့်လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုအချက်အလက်စနစ် (Social Management Information System- SMIS) Software ရေးဆွဲခဲ့မှုအခြေအနေ၊လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ပူးပေါင်း၍လူမှုရေးရာဖြစ်ရပ်များ၊ပဋိပက္ခအတွင်းအမျိုးသမီးများအားလိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုဖြစ်ရပ်များ၊လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအားသေကျေထိခိုက်ဒဏ်ရာရရှိစေမှုဖြစ်ရပ်များအားHelpline No “1566” သို့တိုင်ကြားနိုင်ရေးဆောင်ရွက်နေမှုအခြေအနေ၊အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်ပြည်ထဲရေးဝန်ကြီးဌာနတွင်မှတ်ပုံတင်နိုင်ရန်သက်ဆိုင်ရာဝန်ကြီးဌာနများ၏ထောက်ခံချက်ပေးရန်လိုအပ်သဖြင့်ပူးပေါင်းဆောင်ရွက်မည့်နားလည်မှုစာချွန်လွှာကိုဦးစွာလက်မှတ်ရေးထိုးရန်လိုအပ်မှု၊နားလည်မှုစာချွန်လွှာရှိပြီးမှသာဝန်ကြီးဌာနကပြည်ဝင်ဗီဇာများ၊ခရီးသွားလာခွင့်များ၊ငွေထုတ်ခွင့်များအားထောက်ခံချက်ပေးရန်ကိစ္စများ၊ရခိုင်ပြည်နယ်တွင်ပြန်လည်လက်ခံရေးလုပ်ငန်းများပထမအသုတ်လက်ခံနိုင်ရန်မြန်မာနိုင်ငံအစိုးရဘက်မှကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့်ဝန်ကြီးဌာနအနေဖြင့်နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိမှုတို့ကိုရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR