ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

   Generic Social Work သင်တန်းဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

  ပြည်ထောင်စုဝန်ကြီးက လူ့အသိုင်းအဝိုင်းကို ပညာနှင့်တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုသည် အဓိကကျပြီး ပညာရေးကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ နိုင်ငံတော်မူဝါဒတွင်လည်း ပညာရေးကိုဦးစားပေးပါကြောင်း၊ စာတွေ့၊ လက်တွေ့(၂)ခုပေါင်းမှသာ ပြည့်စုံမှာဖြစ်တဲ့အတွက် ပညာတတ်သူနှင့်လက်တွေ့ လုပ်ဆောင်သူတို့ ပေါင်းစပ်ထားတဲ့ Scholar Practitioner ဆိုတဲ့ Concept နဲ့ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ လူတစ်ဦးချင်းစီက Scholar Practitioner မဖြစ်လျှင် Team အနေနဲ့ Scholar Practitioner ဖြစ်နေရမှာဖြစ်ပါကြောင်း၊ ၎င်းအပြင် မိမိအနေဖြင့် Learning လုပ်ခြင်းကို ပြောရမည်ဆိုလျှင် ဌာနများအနေဖြင့် လုပ်ငန်းကျွမ်းကျင်သူများက လုပ်ငန်းဆောင်ရွက်ချက်များ ကိုတင်ပြခြင်းများ၊ စုပေါင်း၍ရှင်းလင်းဆွေးနွေးခြင်းများ၊ အပြန်အလှန်ဆွေးနွေး၍ မှတ်ချက်ရယူခြင်းများ၊ နားထောင်သူများအနေဖြင့်လည်း သိရှိနားလည်စေခြင်းများ ရရှိစေမှာဖြစ်ပါကြောင်း၊ လူတိုင်းလူတိုင်း နားလည်မှုတူညီနေလျှင် အထက်ကညွှန်ကြားမှ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ ၎င်းသည် Politic Learning လို့ခေါ်သည့် စုပေါင်းပြီးလေ့လာသင်ယူခြင်း တစ်မျိုးဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း အတွေ့အကြုံများ အထိုက်အလျောက် ရရှိထားပြီးဖြစ်တဲ့အတွက် ယခုသင်ကြားပေးမည့် Social Work အခြေခံကို သိရှိခြင်းအားဖြင့် လူမှုဝန်ထမ်းစိတ်ထားတတ်ပြီး Social Work လုပ်ငန်းများ လုပ်ကိုင်လျှင် လုပ်ငန်းများပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း၊ အဓိကပြောလိုသည်မှာ တစ်ဦးတစ်ယောက် ချင်းစီက အရည်အချင်းရှိပြီး စေတနာဖြင့်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ တစ်ဦးချင်းစီက ကောင်းရန်လိုကြောင်း၊ ယခုလို သင်တန်းသား၊သင်တန်းသူများနဲ့ တွေ့ဆုံရသည်မှာ မိမိအနေဖြင့် များစွာဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် မေတ္တာ၊ ဂရုဏာသည် အလွန်ပင် အရေးကြီးပါကြောင်း၊ ယခုဖွင့်လှစ်သောသင်တန်းသည် တစ်နေ့လျှင်နှစ်နာရီဖြင့် (၃)ပတ်တာ ကာလ သင်ကြားပို့ချပေးမည်ဖြစ်သည့်အတွက် မိမိတို့လုပ်ကိုင်နေသော လုပ်ငန်းများလည်း မပျက်ကွက်ဘဲ သင်တန်းတက်ရောက်ရသည်မှာ လွန်စွာကောင်းမွန်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်ရှိသော ဝန်ထမ်းများကိုလည်း Mobile Team ကဲ့သို့ ပို့ချနိုင်မည်ဆိုလျှင်လည်း ပိုမိုကောင်းမွန်မည်ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် Capacity Building သည် အလွန်အရေးကြီး ပါကြောင်း၊ အခြားအဆင့် ဝန်ထမ်းများအားလုံးကိုလည်း မိမိတို့ဌာန၏ လုပ်ငန်းများကို On-Job Training အနေနှင့် ဆောင်ရွက်ပေးစေလိုကြောင်း၊ သို့မှသာ အဖွဲ့တစ်ဖွဲ့တွင် လုပ်ငန်းကျွမ်းကျင်သူများများရှိပါက အားလုံးမျှတလုပ်ကိုင်ကြသည့်အတွက် လူတိုင်းလူတိုင်းမှာ သက်သက်သာသာရှိပြီး တစ်ဦးတစ်ယောက်ထဲတွင် ဝန်မပိတော့ဘဲ Stress များလျော့နည်းကာ လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဌာနတိုးတက် ကောင်းမွန်လာဖို့၊ မိမိဝန်ထမ်းများ မည်မျှတိုးတက်သွားသည်ကို တိုင်းတာပြီး နေ့စဉ်လုပ်ငန်း တာဝန်များကို ပျော်ပျော်ရွှင်ရွှင်နှင့် ဖြတ်သန်းသွားကြဖို့လိုပါကြောင်း ပြောကြားသွားပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဦးစီးဌာနများရှိ ဝန်ထမ်းများအနေဖြင့် Social Work အခြေခံသဘောတရားများကို ကောင်းမွန်စွာ သိရှိနားလည် ရန်လိုအပ်ပါကြောင်း၊    ယခင်က လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းများသည် Social Work ဆိုသည်ထက် Social Welfare, Social Care  နှင့် Social Support တို့ကိုသာ အဓိကထား လုပ်ဆောင်ခဲ့ပါကြောင်း၊ ယခုသင်တန်းသည် အလွန်အခြေခံကျသော သင်တန်းတစ်ခု ဖြစ်ပါ ကြောင်း၊ သင်တန်းမှရရှိသော လူမှုရေးပညာ အခြေခံသဘောတရားများဖြစ်သည့် Case Work, Group Work, Case Study, Case Management စသည်တို့ကိုလည်း သိရှိနားလည်ပြီး လူမှုရေး ပြဿနာများအား ဖြေရှင်းဆောင်ရွက်ရာတွင်လည်း ပြဿနာ၏ အရင်းအမြစ်ပေါ်မူတည်၍ အဆင့်အလိုက် စနစ်ကျနစွာချိတ်ဆက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ လူမှုရေးပြဿနာ များအား ပြန်လည်ကုစားရေးဆောင်ရွက်ရာတွင်   Social Worker များတွင် အရည်အသွေး၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ ဆင်ခြင်တုံတရားစသည့် အရည်အချင်း များရှိရမည်ဖြစ်ကြောင်း၊ သက်ရှိလူသားတို့၏ ပြဿနာကို ဖြေရှင်းခြင်းဖြစ်သည့်အတွက် ပြဿနာ၏ Nature, Practice, Behavior တို့ကိုသိရှိနားလည်ရန်လိုအပ်ကြောင်း၊ လူမှုရေး ပြဿနာများဖြေရှင်းရာတွင် ပုံသေသတ်မှတ်ချက်မရှိပါကြောင်း၊ Contact Point (စမှတ်) သိရှိရန်နှင့် လူ့သဘောသဘာဝကို သိရှိနားလည်ရန် အရေးကြီးပါကြောင်း၊ စုပေါင်းဆောင်ရွက်မှု (Group Work) ဖြင့်  လူသားတို့၏ တူညီသောအချက်များကို ဆွဲထုတ်နိုင်ရန် လိုအပ်ကြောင်း၊ အတွေ့အကြုံနှင့် နည်းပညာများအားပေါင်းစပ်ခြင်း၊ ပြန်လည်မျှဝေခြင်းဖြင့် ပြဿနာ၏ အဖြေအား ဖော်ထုတ်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူအဖွဲ့အစည်းအတွင်းရှိ လူမှုရေးပဋိပက္ခများအား လျော့နည်းနိုင်သမျှလျော့နည်းအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သင်တန်းမှရရှိသော အသိပညာဗဟုသုတများအား စာတွေ့နှင့်လက်တွေ့ ယှဉ်တွဲအသုံးချပြီး အချင်းချင်းမျှဝေသွားစေလိုပါကြောင်း ပြောကြားသွားပါသည်။

  အဆိုပါသင်တန်းကို သင်တန်းသား (၃၅) ဦးဖြင့် (၂၅.၁၀.၂၀၂၁) ရက်နေ့မှ (၁၂.၁၁.၂၀၂၁) ရက်နေ့အထိ(၃)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက် ခြင်းအားဖြင့် လူမှုရေးပညာအခြေခံသဘောတရားများအား ပိုမိုသဘောပေါက်လာစေပြီး လူ့အဖွဲ့အစည်းအတွင်း လူမှုရေးပြဿနာများအား ထိရောက်အောင်မြင်စွာ ဖြေရှင်းဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR