ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲ အခမ်းအနားကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် (Virtual Platform)ဖြင့် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

          အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိသင်တန်းများ၊ ဌာနတွင်းသင်တန်းများ တက်ရောက်ခွင့်ရရှိခြင်းသည် စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အခွင့်ကောင်းဖြစ်သည့်အတွက် အကျိုးရှိစွာအသုံးချရန်လိုအပ်ကြောင်း၊ ၂၀၁၅ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် ဟင်္သာတမြို့ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းအား ဌာနတွင်း ဝန်ထမ်းများ၊ မိတ်ဖက်ဌာနများနှင့်စိတ်ဝင်စားသူများအတွက် ဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်နိုင်သည့် သင်တန်းကျောင်းတစ်ခု အနေဖြင့် သာမကဘဲအနာဂတ်တွင် နိုင်ငံတော်၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ သင်ကြားပေးနိုင်သည့် အဆင့်မြင့်ဌာန အင်စတီကျူ့(Institute)တစ်ခုဖြစ်လာစေရန် ရည်ရွယ်ပြီး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လက်ရှိဆောင်ရွက်နေသော သင်တန်းများအပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ကျွမ်းကျင်သူများကို မွေးထုတ်ပေးနိုင်ရန်အထိ မျှော်မှန်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် လက်ရှိပြုစုထားသောသင်ရိုးညွှန်းတမ်းများကို အသုံးပြု၍ သင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေးအပြင် ယခင်နည်းပြသင်တန်း တက်ရောက်ပြီးသူများနှင့် ဦးစီးဌာနမှ အတွေ့အကြုံရှိသည့် အရာထမ်းများက ကူညီပံ့ပိုးပြီး လိုအပ်သည့်သင်တန်းများကို သုံးသပ်ဖော်ထုတ်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု သင်တန်းသည် ကိုဗစ်-၁၉ကပ် ရောဂါဖြစ်ပွားမှုကြောင့် ပုံမှန်ဖွင့်လှစ်လျက်ရှိသော သင်တန်းများကို ရပ်နားထားခဲ့ရပြီး ပထမဆုံးအကြိမ်ပြန်လည်ဖွင့်လှစ်သည့် Onlineသင်တန်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်အတူ နေထိုင်မှုပုံစံအသစ်ဖြင့် အတူယှဉ်တွဲနေထိုင်ရမည်ဖြစ်သဖြင့် ရပ်တန့်၍မရသည့် ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများအနေဖြင့် ကိုဗစ်-၁၉ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သင်တန်းတွင် တက်ရောက်ကြသည့် သင်တန်းသားများအနေဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဘာသာရပ်များကို စဉ်ဆက်မပြတ်လေ့လာကြရန်၊ သင်တန်းမှသင်ယူရရှိခဲ့သည့် အသိပညာဗဟုသုတများကို မိမိတို့ဌာနလုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်တွင် ပြန်လည်မျှဝေကြရန်မှာကြားလိုကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများတိုးပွားပြီး ဘေးလျော့ပါးရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း၌ အခြေခံသင်တန်းအပြင် နည်းပြသင်တန်း(၈)မျိုးကို စုစုပေါင်း (၈၃)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသားစုစုပေါင်း(၃၆၀၀)ဦးကျော်အား သင်တန်းပို့ချနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိသင်တန်းများတွင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဘာသာရပ် ထည့်သွင်းပို့ချနိုင်ရေးလည်း စတင်ဆောင်ရွက်လျက်ရှိပြီဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းအသစ်များအတွက် ယခုကဲ့သို့သော အခြေခံသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ Virtual Training ဖြစ်သော်လည်းအုပ်စုအလိုက်၊ တစ်ဦးချင်းအလိုက် ဘာသာရပ်အပေါ် ဆွေးနွေးခြင်းနည်းဖြင့် အဓိကလေ့လာသင်ယူသွားကြရန် တိုက်တွန်းလိုပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများ အနေဖြင့် သင်တန်းချိန်မှာသာမက သင်တန်းပြင်ပအချိန်များပါ လေ့လာကြိုးစားကြရန် မှာကြားလိုပါကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကို တွေးတောကြံဆပြီး မည်ကဲ့သို့ဆောင်ရွက်ရမည်ကို လေ့လာ၍ သုတေသနလုပ်ငန်းများပါ ဆောင်ရွက်ရန်လိုကြောင်း အမှာစကားပြောကြားခဲ့ပါသည်။

       ထို့နောက် အဆိုပါ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁/၂၀၂၁) (Virtual Training) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများမှ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကိုမနက်(၁၀:၀၀)အချိန်တွင် ပိတ်သိမ်းခဲ့ကြောင်း၊ လက်ရှိသင်တန်းအား(၂၅-၁၁-၂၀၂၁)ရက်နေ့ထိ Online မှ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဦးစီးဌာန(ရုံးချုပ်)ရှိ ညွှန်ကြားရေးမှူးများ၊ သင်တန်းကျောင်းရှိ ကျောင်းအုပ်ကြီးနှင့် နည်းပြများကပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

         ဆက်လက်၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက်   နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသော မူလတန်းကြိုကျောင်းများသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာစည်းကမ်းချက်များနှင့်အညီ Social Distancing ပုံစံဖြင့် ရင်သွေးငယ်များ အသက်အရွယ်အလိုက်ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန်နှင့် ဘဝတစ်သက်တာအတွက် အခြေခံ အလေ့အကျင့်ကောင်းများရရှိစေရန် ပြုစုပျိုးထောင်ပေးရာတွင် ကစားခြင်းဖြင့်သင်ကြားခြင်း၊ တေးဂီတဖြင့်သင်ကြားခြင်း၊ အခြေခံပန်းချီဖြင့်သင်ကြားခြင်း၊ လက်မှုပညာဖြင့် သင်ကြားခြင်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် ရင်သွေးငယ်များ မူလတန်းကြိုပညာရေး  တက်ရောက်သင်ယူနေမှု အခြေအနေများကိုလည်းကောင်း၊ မူကြိုအရွယ်ကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများရရှိရေး စနစ်တကျပျိုးထောင်ပေး နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရင်သွေးငယ်များ မူလတန်းကြိုပညာရေး တက်ရောက်သင်ယူနေမှုအခြေအနေများကိုလည်းကောင်း၊ ရင်သွေးငယ်များ တည်ဆောက် ကစားခြင်း၊ အတုယူကစားခြင်းနည်းလမ်းများဖြင့် သင်ယူနေမှုအခြေအနေများကို လည်းကောင်း  လှည့်လည်ကြည့်ရှုကာ မူလတန်းကြိုဆရာမများ၊ ရင်သွေးငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပါသည်။  ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သော ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ ပိတ်ထားခဲ့ရသည့် မူလတန်းကြိုကျောင်းများအားလုံးကို လက်ရှိတွင် ရောဂါကူးစက်ဖြစ်ပွားမှုကို အတိုင်းအတာတစ်ရပ်အထိထိန်းချုပ် ဆောင်ရွက်နိုင်ပြီ ဖြစ်သည့်အတွက် အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ပြီး (၂)ပတ်အကြာဖြစ်သော (၁၅-၁၁-၂၀၂၁)ရက်နေ့ ယနေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသော စံပြမူလတန်းကြိုကျောင်းတစ်ကျောင်းလျှင် ရင်သွေးငယ် (၅၀)ဦးလက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR