ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာရေးထိုး၍ လုပ်ငန်းပူးပေါင်းဆောင်ရွက်နေသော အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များ သုံးသပ်အကဲဖြတ်ရေးအဖွဲ့ ( Monitoring  and  Evaluation  Team ) က ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ရုံးချုပ်နှင့် တိုင်း ဒေသကြီး/ပြည်နယ်ရုံးခွဲများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက Online ပုံစံဖြင့်  ကျင်းပခဲ့ပါသည်။

      အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမူဝါဒအရ ပြည်သူများအနေဖြင့် လူမှုဖွံ့ဖြိုးရေးနှင့် ဘေးဒဏ်ကြံကြံခံရင်ဆိုင်တုန့်ပြန်နိုင်စွမ်းရှိတဲ့ လူမှုအသိုက်အဝန်း ဖြစ်လာစေရေးအတွက် ဆောင်ရွက်နေပြီး လူသားချင်းစာနာမှုလုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ကြီးဌာန ဖြစ်ကြောင်း၊ ယခင် အစိုးရလက်ထက်တွင် ဝန်ကြီးဌာနသည် အဖွဲ့ပေါင်း (၄၄) ဖွဲ့နှင့် MoU (၅၈) ခု ရေးထိုးထားကြောင်း၊ Monitoring  and  Evaluation  Team ကို အဖွဲ့(၂)ဖွဲ့ခွဲပြီး ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်နေသော နိုင်ငံတကာအဖွဲ့အစည်း များ၏ စီမံကိန်းဒေသများရှိ  လုပ်ငန်းဆောင်ရွက်မှုများတွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ သက်ဆိုင်ရာဦးစီးဌာနရုံးခွဲများက ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဖြင့် ချဉ်းကပ်ဆောင်ရွက်လျက် စီမံကိန်းအကောင်အထည်ဖော်မှုများ ထိရောက်စေလိုကြောင်းနှင့် တည်ဆဲဥပဒေများနှင့်အညီ အကောင်အထည်ဖော်နိုင်ရေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ အမှာစကားပြောကြားခဲ့ပါသည်။

   အစည်းအဝေးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက သုံးသပ်အကဲဖြတ်အဖွဲ့၏ စံလုပ်ငန်းစဉ် (Monitoring  and  Evaluation  SOP ) ရှင်းလင်းခြင်း၊ နားလည်မှုစာချွန်လွှာရေးထိုးရေး လုပ်ငန်း စဉ်များ၊ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာ၊ ပြည်တွင်းခရီးလာခွင့် ခွင့်ပြုချက် တောင်းခံရေး၊ WFP ၏ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်ရရှိရေး ထောက်ခံချက်ပေးမှုအခြေ အနေနှင့် လုပ်ငန်းစဉ်များ၊ အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများကို AHA Centre မှတဆင့် ပေးအပ်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ဆဲအခြေအနေများ အသီးသီးရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး / ပြည်နယ် ဦးစီးမှူးများကလည်း လက်ရှိအခြေအနေများ၊ အခက်အခဲများနှင့် အကြံပြုချက်များ တင်ပြခြင်းဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR