ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၃.၆.၂၀၂၂)ရက်နေ့မှ (၂၄.၆.၂၀၂၂)ရက်နေ့အထိ Onlineဖြင့် ဖွင့်လှစ်သင်ကြားမည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုဖြစ်ရပ်မှတ်တမ်းစာအုပ် အသုံးပြုသင်တန်း၊ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန EC အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ထိခိုက်လွယ်အုပ်စုဝင်များအား ကူညီခြင်းကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအားဖြင့် ကလေးသူငယ်/မသန်စွမ်း/ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးတို့အား အဓိကထားကူညီပေးလျက်ရှိပါကြောင်း၊  Case Management စနစ်ကို ၂၀၁၅ခုနှစ်မှာစတင်ခဲ့ပြီး ကလေးသူငယ်ဖြစ်ရပ်များကိုလည်းကောင်း၊ ၂၀၁၉ခုနှစ်မှာ အမျိုးသမီး အကြမ်းဖက်ခံရသည့် ဖြစ်ရပ်များကိုလည်းကောင်းဆောင်ရွက်ခဲ့ပါကြောင်း၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ (Nationwide Case Management Supervision Unit- NCMSU) အဖွဲ့ကို အဖွဲ့ဝင်(၉)ဦးဖြင့် (၂၀၂၀)ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး၊ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် အကူအညီလိုအပ်သည့်သူများကို Case Manager များမှတစ်ဆင့် ကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ Working Group  ဖွဲ့စည်းထားပြီး Review meeting လုပ်ဆောင်သည်များရှိသည်ကိုသိရပါကြောင်း၊ ကောင်းမွန်သည့် အစဉ်အလာတစ်ခုဖြစ်သည့်အတွက် (၆)လ(သို့) (၃) လတစ်ကြိမ် ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ယနေ့သင်တန်းဖြစ်သည့် သတင်းအချက်အလက်ရေးသွင်းခြင်းမှာ လွန်စွာအရေးကြီးသည့်အတွက် စဉ်ဆက်မပြတ်တိုးတက်စေရေးဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ စနစ်တကျဆောင်ရွက်ခြင်းဖြင့် သတင်းအချက်အလက်များတိကျစွာရရှိမည် ဖြစ်ပါကြောင်း၊ လူတစ်ယောက်ခြင်းစီ၏ ဂုဏ်သိက္ခာအတွက် သတင်းအချက်အလက်များကို confidential လျှို့ဝှက်ထိမ်းသိမ်းထားရန်လိုအပ်ကြောင်းနှင့် Case Manager များအနေဖြင့် လိုက်နာရမည့်ကျင့်ဝတ်အပြင် အဓိကမှာစိတ်ထားတတ်ရန် အရေးကြီးပါကြောင်း၊ လူမှုရေးလုပ်ငန်းများမှာ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ဂရုဏာအပြင် ကိုယ်ချင်း စာစိတ်လည်းထားရန်လိုအပ်မှာ ဖြစ်ပါကြောင်း၊ Help Line မှတစ်ဆင့် အကူအညီ တောင်းခံလာခြင်များအား စာရင်းရေးသွင်းပြီး Caseခွဲ၍ ဖြေရှင်းနိုင်သူ ထံလွှဲပြောင်းပေးခြင်း၊ Follow Up လုပ်ဆောင်ခြင်းများဖြင့် ထိရောက်စွာ ကူညီဆောင်ရွက်လျက်ရှိသည့်အတွက် Case Manager များများ မွေးထုတ်ရန် လိုအပ်ပါကြောင်း၊ သင်တန်းတက်ရောက်သူများနှင် ဆရာ/ဆရာမများကို ကျေးဇူးတင်ရှိပါကြောင်း၊ Case Management စနစ်အားကောင်းစေရန်အတွက် ယခုလို  သင်တန်းများ ဆက်လက်ဖွင့်လှစ်ရန်လိုအပ်ပါကြောင်း၊ ဒီထက်ပိုအောင်မြင်အောင်အကောင် အထည်ဖော်ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က သင်တန်းများဖွင့်လှစ်ခြင်းသည်အဓိပ္ပါယ်ရှိပါကြောင်း၊ ယခုသင်တန်းသည် လုပ်ငန်းနှင့်သက်ဆိုင်သည့်လက်တွေ့အသုံးချရမည့် သင်တန်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ သေချာမှတ်သားပြီး၊ အလွတ်ကျက်မှတ်ရန်ရှိကကျက်မှတ်ရမှာဖြစ်ပါကြောင်း၊ တွေ့ကြုံရသည့် ဖြစ်ရပ်များအပေါ် နမူနာယူ၊ သင်ခန်းစာယူသုံးသပ်ပြီး ဆင်ခြင်တုံတရားဖြင့် ကူညီဖြေရှင်းပေးရမှာ ဖြစ်ပါကြောင်း၊ ထို့အပြင် Case များထပ်မံမဖြစ်ပွားစေရေး မည်သို့တားဆီးမည်၊ မည်သို့ထောက်ပံ့ မည်တို့ကိုစဉ်းစားသုံးသပ်ရန်လိုအပ်ပါကြောင်း၊ ယခုသင်တန်းသည် လက်တွေ့အသုံးချရမည့် သင်တန်းဖြစ်ပြီး ဘဝအတွက်အထောက် အကူပြုသည့် သင်တန်းလည်းဖြစ်ပါကြောင်း ပြောကြားပါသည်။

အဆိုပါသင်တန်းကိုဖွင့်လှစ်ခြင်းအားဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၏လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေးလုပ်ငန်းစဉ်အား ယခင်ကထက်ပိုမိုစနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR