ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ (၂၇)ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေးအား ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့၌ ရန်ကုန်မြို့  Park Royal Hotel ၌ မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ မြန်မာ-ထိုင်း နှစ်နိုင်ငံအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်(၃၀)ဦး၊ ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ Mr.Thanasunthorn Sawangsalee ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့ဝင်(၁၅)ဦး တက်ရောက်ခဲ့ကြသည်။  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်သက်ခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် (၂၇)ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယနေ့နိုင်ငံအသီးသီး၌ လူကုန်ကူးခံရမှုဖြစ်စဉ်များမြင့်တက်လာခဲ့ရာ ၇၀ရာခိုင်နှုန်းသော လူကုန်ကူးခံရသူများမှာ အမျိုးသမီးများနှင့်ကလေးငယ်များဖြစ်ကြပြီး လူကုန်ကူးခံရသူ အမျိုးသားဦးရေမှာလည်း သိသိသာသာမြင့်တက်လာကြောင်း၊နှစ်နိုင်ငံအနေဖြင့် အတည်ပြုဖော်ထုတ်ထားသော စံလုပ်ငန်းအစီအစဉ်ပါ လုပ်ငန်းစဉ်များအတိုင်း လူကုန်ကူးခံရသူများ၏အကောင်းဆုံးအကျိုးစီးပွားကို နှစ်နိုင်ငံပူးပေါင်းဖော်ဆောင်နိုင်ခဲ့ပါကြောင်း၊မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများကို ထိုင်းနိုင်ငံဂေဟာများတွင် လက်ခံစောင့်ရှောက်ပေးသည့်အပြင် ၎င်းတို့၏ တရားစီရင်ရေးလုပ်ငန်းများ ပြီးဆုံးအောင် စောင့်ဆိုင်းနေသည့်ကာလအတွင်း ထိုင်းနိုင်ငံဂေဟာများမှ တာဝန်ရှိသူများက လူကုန်ကူးခံရသူများ ဝင်ငွေရရှိစေရန် ပြင်ပမှာအလုပ်အကိုင်ရှာဖွေပေးပြီး အလုပ်အကိုင်နေရာချထားပေးတာကို သိရှိရသည့်အတွက် ထိုင်းနိုင်ငံဘက်ကို ကျေးဇူးတင်ရှိပါကြောင်း၊ လူကုန်ကူးခံရသူများ၏ တရားစီရင်ရေးလုပ်ငန်းစဉ်များကို တတ်နိုင်သမျှလျင်လျင်မြန်မြန်ပြီးစီးအောင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် မေတ္တာရပ်ခံလိုပါကြောင်း၊ မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ လူကုန်ကူးခံရသူများ၏ အကောင်းဆုံး အကျိုးစီးပွားအတွက် လူကုန်ကူးခံရသူ ဗဟိုပြုနည်းလမ်းများနှင့်နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်းနှင့် အနာဂတ်တွင်လည်း နှစ်နိုင်ငံအနေဖြင့် လူကုန်ကူးခံရသူများရဲ့ အခွင့်အရေးများကို အပြည့်အဝဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၊လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ Mr. Thanasunthorn Sawangsalee က မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အတူတကွ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက်လုပ်ဆောင်ခဲ့သည်မှာ (၁၀)နှစ်ကျော်ကြာခဲ့ပြီး အတွေ့အကြုံများနှင့်ရလဒ်ကောင်းများစွာရရှိခဲ့ပါကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးကို  မြန်မာ-ထိုင်း နှစ်နိုင်ငံသာမက နိုင်ငံပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည်ဒေသတွင်းနိုင်ငံများအတွင်း အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းလုပ်ဆောင်နေသူများအတွက် လူကုန်ကူးမှုများသည်ကြီးမားသော စိန်ခေါ်မှုများအဖြစ် ရင်ဆိုင်လာရသော ကြောင့် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက် နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးနှင့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန်  Mr. Thanasunthorn Sawangsalee တို့ဦးဆောင်၍ အစည်းအဝေးကို ဆက်လက်ကျင်းပ ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားလူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး၊ ၎င်းတို့၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များအား အပြည့်အဝရရှိစေရေး စသည့်ကိစ္စရပ်များကို နှစ်နိုင်ငံပူးပေါင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR