ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် Quick Win Project များအပါအဝင်  လူမှုဝန်ထမ်း လုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ (၄/၂၀၂၂)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များမှ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လူကိုယ်တိုင်ပါဝင် တက်ရောက်သည့်ပုံစံဖြင့်လည်းကောင်း၊ ဝန်ကြီးရုံးမှ  ဌာနခွဲတာဝန်ခံ လက်ထောက်အတွင်းဝန်များ၊ ဦးစီးဌာန(ရုံးချုပ်)များမှ ညွှန်ကြားရေးမှူး များ၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူး များ သင်တန်းကျောင်းများ၊ စခန်းများ၊ ဂေဟာများ၊ ဌာနငယ်များမှ တာဝန်ခံအရာရှိများက Virtual ပုံစံဖြင့်လည်းကောင်း ပါဝင်တက်ရောက် ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာ၌ လက်ရှိ မိုးကြို/မိုးဦးကာလအတွင်း ‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနလက်အောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများအနေဖြင့် မုန်တိုင်းအန္တရာယ်အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်စီမံ ထားရှိရန်လိုအပ်ပါကြောင်း၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနအနေဖြင့်လည်း မုန်တိုင်း အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကိုဗစ်စည်းကမ်းချက်များ ဖြေလျော့ပြီးဖြစ်သဖြင့် လုပ်ငန်းများအား Full Capacity ဖြင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ Institution နှင့် Community Based Training နှစ်မျိုးစလုံး ဆောင်ရွက်ရမည်ဖြစ်ပြီး လုံခြုံရေးစိတ်ချရသည့်နေရာများ တွင် Community Based လုပ်ရမှာ ဖြစ်သော်လည်း မြေပြင်လုံခြုံရေးအခြေအနေအရ Risk နည်းပါးစေရေး Community Based Training များကို စိစစ်ရန်လိုအပ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း (ဟင်္သာတ)အား ပြန်လည်ဖွင့်လှစ်ရန်လိုအပ်ပါကြောင်း၊ Flagship Program အနေဖြင့် ကျောင်းဖွင့်ရာသီတွင် မူးယစ်ဆေးဝါးအသိပညာပေးလုပ်ငန်းများ၊  ဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးလုပ်ငန်းများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အခွင့်အရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို အလယ်တန်းကျောင်းများတွင် ဟောပြောပွဲများ ပြုလုပ်ပေးရန်လိုအပ်ပါကြောင်း၊ ရေဘေးနှင့်ပတ်သက်၍ မြေပြင်တွင် လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများ၏ အခန်းကဏ္ဍ သည်အရေးကြီးပြီး ကြိုတင် ပြင်ဆင်မှုမရှိပါက ထိခိုက်မှုများနိုင်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် လမ်းပေါ်နေကလေးစီမံချက်ပါလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊  ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Quick Win Project များအား သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ Internally Reporting System အားကောင်းရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ချက်များအား လစဉ် ပြန်လည်တင်ပြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဌာနသည် ပြည်သူကိုဝန်ဆောင်မှုပေးရသောဌာန ဖြစ်သဖြင့် မိမိတို့လုပ်ငန်းများအား ပြောင်မြောက်စွာ လုပ်ဆောင်ရန်လိုအပ်ပြီး Efficiency ရှိရန် အတွက် သင်တန်းများလိုအပ်ပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းမှတ်ပုံတင် ခြင်းလုပ်ငန်းစီမံချက်အား ကနဦး Pilot Project မြို့နယ် (၄)မြို့နယ်တွင်သာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သေးတာဖြစ်ပြီး တစ်ဆင့်ချင်း တိုးချဲ့ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ ဌာနတွင်းသင်တန်းများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များ၊ စီမံဘဏ္ဍာနှင့် စာရင်းစစ်ချုပ်ရုံးတို့မှ ဖွင့်လှစ်သောသင်တန်းများ တက်ရောက်ကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းသစ်များအနေဖြင့် Digital Literacy ၊ ဌာန၏လုပ်ငန်းတာဝန်များအား ကျွမ်းကျင်စေရေး နေ့စဉ်လေ့ကျင့်သင်ကြားရန် လိုအပ်ပါကြောင်းလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဌာန၏ပင်မလုပ်ငန်းများ မျက်ခြေမပြတ် ရန်၊ မိမိတို့၏အရည်အချင်းများ တို့တက်မှုရှိစေရေး အမြဲမပြတ်လေ့ကျင့်သင်ယူနေရန်၊ စီမံချက်ပါ လုပ်ငန်းများ၊ ရည်မှန်းချက်များ၊ မူဝါဒများအား  နှစ်လတ်၊ နှစ်ရှည် ဖြင့်ချမှတ်သုံးသပ် ဆောင်ရွက်သွားရန်၊ လက်ရှိအခြေအနေအရ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအား အချိန်နှင့်တပြေးညီဆောင်ရွက်သွားရန်၊ Quick Win Project အောင်မြင် ပြီးပြတ်အောင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး အမြဲတမ်းအတွင်းဝန်က ယခင်ပြုလုပ်ခဲ့သည့် (၃/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များ တစ်ချက်ချင်းအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်းကျောင်းအုပ်ကြီးတို့က လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ လမ်းညွှန်မှုခံယူလိုသည့်အချက်များနှင့် ညှိနှိုင်းဖြည့်ဆည်းပေးစေလိုသည့်အချက်များအား ဆွေးနွေး တင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့က လိုအပ် ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ညနေပိုင်းတွင်အစည်းအဝေးကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR