ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


          ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး(၂/၂၀၂၁)ကို ယနေ့နံနက်ပိုင်းက   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ စုပေါင်း အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့ပါ သည်။

                 ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုအောက်တွင် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့် ကော်မတီအစည်းအဝေး(၁/၂၀၂၁)ကို (၂၆.၄.၂၀၂၁) ရက်နေ့တွင် ကျင်းပနိုင်ခဲ့ပါကြောင်း၊   အဆိုပါအစည်းအဝေးတွင် အမျိုးသားအဆင့်ကော်မတီဝင် များမှ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အပေါ် ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းစီမံချက်ကို အမျိုးသား အဆင့်ကော်မတီဝင်များထံ ထပ်မံဖြန့်ဝေ၍ သဘောထားမှတ်ချက်တောင်းခံခဲ့ပါကြောင်း၊  နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြံပြုချက်များပေးပို့လာပါကြောင်း၊ အဆိုပါအကြံပြုချက်များအား ကော်မတီဝင်များအနေဖြင့် ဆွေးနွေးဆုံးဖြတ်နိုင်ရေးအတွက် ယခုအစည်းအဝေးကို ထပ်မံခေါ်ယူ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အကြံပြုချက်များအပေါ် အဖွဲ့ဝင်အားလုံး ဆွေးနွေးသဘောတူချက်များ ကို ယခုအစည်းအဝေးတွင် အတည်ပြုပြီး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြအတည်ပြုချက်ရယူသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက (၂၆-၄-၂၀၂၁)ရက်နေ့ အမျိုးသားအဆင့် ကော်မတီအစည်းအဝေးတွင် လုပ်ငန်း စီမံချက်အပေါ် သဘောထားမှတ်ချက်တောင်းခံသွားရန် ဆုံးဖြတ်ချက်အရ သဘောထားမှတ်ချက် ပေးပို့ရန်မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ၆-၅-၂၀၂၁ ရက်နေ့တွင် ပြန်ကြားခဲ့ပါကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခြင်းမရှိစေရေး အတွက် စစ်ဘက်ဥပဒေ၊ နယ်ဘက် ဥပဒေများအပြင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ(သို့မဟုတ်)စစ်ပွဲဆိုင်ရာဥပဒေကဲ့သို့သော အပြည်ပြည်ဆိုင်ရာဥပဒေများကိုပါ လေးစားလိုက်နာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များသာမက အမျိုးသမီးများ၊ မည်သည့်အပြစ်မဲ့အရပ်သား ပြည်သူလူထုကိုမျှ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် လည်း စစ်ပွဲဆိုင်ရာဥပဒေ၏ အခြေခံမူသဘောတရားများဖြစ်သော ခွဲခြားခြင်း(Distinction)၊ အချိုးအစား ညီမျှခြင်း(Proportionality)၊ ကြိုတင်သတိထားခြင်း(Precaution)နှင့် လူသားချင်းစာနာ ထောက်ထားမှု(Humanitarian) မူသဘောတရားများအပါအဝင် ဂျီနီဗာကွန်ဗင်းရှင်း(၄)ရပ်၏ common article(3)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် လျက်ရှိပါကြောင်း၊ ၎င်းအပြင် တပ်မတော်အနေဖြင့် အရာရှိ/စစ်သည် အဆင့်အတန်းအားလုံးကို ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rule of Engagement –ROE)ကတ်များ ထုတ်ဝေထားရှိပြီး အဆိုပါ (ROE) ကတ်ပါ မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိတပ်ဖွဲ့၊ မိမိတပ်ကို ပူးပေါင်းဆောင်ရွက်နေသောတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်များနှင့် ပစ္စည်းများကို ကာကွယ်ခုခံခြင်းမှအပ ဆေးရုံများ၊ ဗလီများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ အထွတ်အမြတ် ထားသော နေရာများကို မထိခိုက်ရဟူသော အချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တပ်မတော်သားများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း တိုင်ကြားစာများကိုဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြည်သူလူထု၏ အခွင့်အရေးများကို ချိုးဖောက်ရာရောက်သည့် တပ်မတော်သားများမှ ကျူးလွန်သော မည်သည့်အမှုကိစ္စများကိုမဆို အသေးအဖွဲပင်ဖြစ်လင့်ကစား အရေးယူခြင်းမှ ကင်းလွတ်ခွင့်(impunity)ကို လုံးဝလက်မခံဘဲ ဥပဒေအရ တင်းကြပ်စွာအရေးယူ အပြစ်ပေးသည့် (zero-tolerance)မူဝါဒဖြင့် ထိရောက်စွာအရေးယူအပြစ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန်က    ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပြုသုံးသပ်ချက်များအား ဆွေးနွေး တင်ပြခဲ့ပြီး တက်ရောက်လာသည့်  အမျိုးသားအဆင့်ကော်မတီဝင်များက လုပ်ငန်းစီမံချက် အပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသား အဆင့်ကော်မတီဝင်များအားလုံးက အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို သဘောတူညီခဲ့ကြသဖြင့် ဆက်လက်တင်ပြအတည်ပြုချက်ရယူရန် ဆုံးဖြတ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်အောင်လင်းထွန်း၊ အမျိုးသားအဆင့်ကော်မတီအဖွဲ့ဝင်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့်တကွ အမျိုးသားအဆင့် ကော်မတီဝင်သက်ဆိုင်ရာဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။         

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR