ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


လူကုန်ကူးမှုများနှင့် သက်ဆိုင်သည့် ကုလသမဂ္ဂကွန်ဗင်းရှင်းများနှင့် အထူးဥပဒေများဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်း အနားကို  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနတွင်ချမှတ်ထားသည့် မူဝါဒ(၄)ရပ်အနက် လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထုလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုး တိုးတက်ရေးဆိုသည့် မူဝါဒနှင့်အညီ လူသားအားလုံးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းလည်းပါဝင်ကြောင်း၊ လူကုန်ကူးမှုသည် လူ့အသိုက်အဝန်းအတွင်း လက်မခံနိုင်သည့် ကြီးလေးသောလူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း၊ (၇၀)% သော လူကုန်ကူးခံရသူများမှာ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ နောက်ဆက်တွဲဆိုးကျိုးများ၊ Online မှတစ်ဆင့် စွဲ‌ဆောင်စည်းရုံးမှုများကြောင့် လူကုန်ကူးမှု ပြဿနာပိုမိုကြီးထွားလာကြောင်း၊ မြန်မာနိုင်ငံသည် လူအခွင့်အရေးနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းများ၊ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းနှင့်စာချုပ်များပါ လူကုန်ကူးခံရသူများ၏ အခွင့်အရေးများကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရန် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်နေဖြစ်ပါကြောင်း၊ လူကုန်ကူးခံရသူများကို တိုက်ရိုက်အကူအညီပေးနေသည့် လူမှုဝန်ထမ်းသမားများအနေဖြင့် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် ကွန်ဗင်းရှင်းများနှင့် စာချုပ်များတွင် ဖော်ပြပါရှိသည့် လူကုန်ကူးခံရသူများ၏ အခွင့်အရေး၊ လိုက်နာရမည့် အခြေခံမူများ၊ စာချုပ်ပါပြဋ္ဌာန်းချက်များကို သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ သိရှိနားလည်မှသာ အခွင့်အရေးအခြေပြု၊ လူကုန်ကူးခံရသူ ဗဟိုပြုနည်းလမ်းများဖြင့် လူကုန်ကူးခံရသူ အမျိုးသား၊ အမျိုးသမီး၊ ကလေးများ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိခဲ့သည့် ဗဟုသုတများကို သေချာစွာလေ့လာ မှတ်သားပြီး မိမိတို့လုပ်ငန်းခွင်တွင် ထိရောက်စွာအသုံးချ စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားရာတွင် ယခုသင်တန်းကို လူကုန်ကူးခံရသူများ အား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို လက်တွေ့ဆောင်ရွက် နေသည့် ဝန်ဆောင်မှုပေးနေသူများ၏ စွမ်းရည်မြှင့်တင်ပေးနိုင်ရန်နှင့် ကုလသမဂ္ဂကွန်ဗင်းရှင်းများ၊ အထူးဥပဒေများပါ ပြဋ္ဌာန်းချက်များကို သိရှိနားလည်လာပြီး လူကုန်ကူးခံရသူများအား ဝန်ဆောင်မှုပေးရာတွင် နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးနေသူများ စွမ်းရည်ပြည့်ဝနေပြီး လူကုန်ကူး ခံရသူများကို လူကုန်ကူးခံရသူ ဗဟိုပြုနည်းလမ်းများဖြင့် ထိရောက်သော ဝန်ဆောင်မှုများပေးခြင်းဖြင့် နောက်တစ်ကြိမ် လူကုန်ကူးခံရခြင်းမှ တားဆီးကာကွယ်နိုင်မည်ဖြစ်သလို နိုင်ငံ၏လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ သင်တန်းမှ လေ့လာဆည်းပူးရရှိခဲ့သည့် နည်းပညာနှင့် ဗဟုသုတများကို မိမိတို့ရဲ့ လက်တွေ့လုပ်ငန်း နယ်ပယ်တွင် ထိထိရောက်ရောက် အသုံးချရန် လိုအပ်ကြောင်း၊ ဒါ့အပြင် Self-Learning ပြုလုပ်ပြီး ဘာသာရပ်များအလိုက် မိမိတို့အရည်အသွေးကို မိမိတို့ကိုယ်တိုင် မြှင့်တင်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊    လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ သက်ဆိုင် ရာဘာသာရပ်အလိုက်   ကျွမ်းကျင်သူများမှ သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းသို့ ပြန်လည်ထူထောင်ရေးဦးစီး ဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ သင်တန်းသား၊ သင်တန်းသူ (၅၅)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၅.၈.၂၀၂၂)ရက်နေ့မှ (၂၇.၈.၂၀၂၂) ရက်နေ့အထိ(၃)ရက် ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်
အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် သုဇနကာရီလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာရှိကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများသို့ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)သို့ သွားရောက်စစ်ဆေးကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ဂေဟာ၊ICT Training Centerများသို့ ကြည့်ရှုစစ်ဆေးခြင်းနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ကြည့်မြင်တိုင်မျက်မမြင်သင်တန်းကျောင်းနှင့် ရွှေဂုံတိုင်ကလေးပြုစုရေး ဌာနများသို့ ကြည့်ရှုစစ်ဆေး
(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်းလူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေးဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ရန်ကုန်တိုင်းဒေသကြီး စံပြရင်သွေးအိမ်မူလတန်းကြိုကျောင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR