ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံ တကာနဲ့ ဒေသတွင်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများနဲ့လည်း နည်းလမ်းအမျိုးမျိုးကဏ္ဍအဖုံဖုံမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာနအနေဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ လုပ်ငန်းအဖွဲ့(၁၁)ဖွဲ့တွင် မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေး ကဏ္ဍအတွက် ပြန်လည်ထူထောင်ရေးအဖွဲ့ကို တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ်များ တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ(၁၄)ခု ဖွင့်လှစ်၍ မူးယစ်ဆေးဖြတ်ကုသမှုခံယူပြီးသူများအား ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ သုံးစွဲသောဆေးဝါးအလိုက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ဝါသနာပါရာသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်းနှင့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ၏ အကူအညီဖြင့် နောက်ဆက်တွဲစောင့်ရှောက်ပေးခြင်းတို့ကို့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းများရှိ ပြန်လည်ထူထောင်ရေးဝန်ထမ်းများသည် ပြောင်းလဲလျက်ရှိသော နည်းပညာ၊ ဗဟုသုတ၊ လုပ်ငန်းစဉ်များနှင့်အညီ ပြန်လည်ထူထောင်မှုခံယူမည့် သင်တန်းသားများအား စနစ်တကျ ပြန်လည်ထူထောင်မှုပေးနိုင်မှာဖြစ်သည့်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှာ မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လက်တွေ့ဆောင်ရွက်နေသူများအတွက် လိုအပ်တဲ့သတင်းအချက်အလက်များနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုင်ရာ ဗဟုသုတများရရှိစေဖို့ သက်ဆိုင်ရာဌာနများဖြစ်တဲ့ မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဥပဒေရေးရာဌာန၊ မူးယစ်ဆေးစွဲရောဂါကုသရေးနှင့်သုတေသနဌာန၊ မူးယစ်ဆေးစွဲရောဂါသုတေသနအသင်း(ရန်ကုန်)၊ ပြင်ပကျွမ်းကျင်ပညာရှင်များနဲ့ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဘာသာရပ်အလိုက် သိသင့်တဲ့ ဗဟုသုတများနဲ့ နည်းပညာများကို မျှဝေသွားမှာဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်မှုဆောင်ရွက်ရာမှာ ဝန်ဆောင်မှုပေးသူများ အနေနဲ့ စွမ်းရည်ပြည့်ဝနေဖို့ အလွန်အရေးကြီးပါကြောင်း၊ ဝန်ဆောင်မှုပေးနေသူများ စွမ်းရည်ပြည့်ဝနေပြီး ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ထိရောက်သော ဝန်ဆောင်မှုပေးခြင်းဖြင့် နောက်တစ်ကြိမ် မူးယစ်ဆေးသုံးစွဲခြင်းမှ တားဆီးကာကွယ်နိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တဖက်တလမ်းက အထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်သည် မူးယစ်ဆေး ဖြတ်ပြီးသူများစခန်းများသို့ စတင်ရောက်ရှိသည့် အချိန်ကတည်းက စတင်ရမှာဖြစ်ပါကြောင်း၊ ၎င်းတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုများကို စတင်ရမှာ ဖြစ်ပါကြောင်း၊ လူမှုအသိုင်းအဝိုင်းအတွင်း မူလအခြေအနေအတိုင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးနိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ခြင်းသည် အလွန်အရေးကြီးသော လုပ်ငန်းရပ်ဖြစ်လို့ အထူးအလေးထားဆောင်ရွက်စေလိုပါကြောင်း၊ ယခုသင်တန်းကိုတက်ရောက်ကြတဲ့ သင်တန်းသား၊ သင်တန်းသူများအနေနဲ့ နောင်အနာဂတ်တွင် မိမိတို့ဌာနမှ အားထားရတဲ့ ကျွမ်းကျင်ဝန်ထမ်းများဖြစ်အောင် ကြိုးစားကြရန်နှင့် သင်တန်းမှ လေ့လာဆည်းပူးရရှိခဲ့တဲ့ နည်းပညာနဲ့ ဗဟုသုတများကို မိမိရဲ့လက်တွေ့ လုပ်ငန်းနယ်ပယ်မှာ ထိထိရောက်ရောက်အသုံးချရန် လိုအပ်ကြောင်း၊ မူးယစ်ဆေးစွဲသူ များအား ပြန်လည်ထူထောင်မှုပေးရာတွင် တစ်ဦးချင်းအလိုက်၊ အုပ်စုလိုက် စိတ်လူမှုပိုင်းဆိုင်ရာ Counselling ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုပေးခြင်းတို့သည် အရေးကြီးပါကြောင်း၊ ဒါ့အပြင် Self Learning ပြုလုပ်ပြီး ဘာသာရပ်များအလိုက် မိမိတို့အရည်အသွေးကို မိမိတို့ ကိုယ်တိုင်မြှင့်တင်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဥပဒေရေးရာဌာန၊ မူးယစ်ဆေးစွဲရောဂါကုသရေးနှင့် သုတေသနဌာန၊ မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်း (ရန်ကုန်)၊ ပြင်ပကျွမ်းကျင်ပညာရှင်များနဲ့ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဘာသာရပ်အလိုက်ကျွမ်းကျင်သူများမှ သင်တန်းနည်းပြများအဖြစ် သင်ခန်းစာများပို့ချသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မူးယစ်ဆေးစွဲရောဂါကုသရေးနှင့်သုတေသနဌာနခွဲ၊ ကုသရေး၏ ဦးစီးဌာနနှင့် မူးယစ်ဆေးစွဲရောဂါကုသရေးအသင်း(ရန်ကုန်မြို့)တို့မှ တာဝန်ရှိသူများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ နည်းပြများ၊သင်တန်းသား၊ သင်တန်းသူ (၅၆)ဦး၊ စုစုပေါင်း (၉၀)ဦးခန့် တက်ရောက်ခဲ့ပြီး  သင်တန်းကာလမှာ (၂၉.၈.၂၀၂၂)ရက်နေ့မှ (၂.၉.၂၀၂၂)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR