ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများနှင့် အသက်(၈၅)နှစ်အထက်ဘိုးဘွားများအတွက် ထောက်ပံ့ခြင်းအခမ်းအနားကို ၁၂-၆-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ဦးအောင်မင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊  ဌာနဆိုင်ရာ အကြီးအကဲများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အသက်(၈၅)နှစ် အထက် အဘိုးအဘွားများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန (၃)ခုဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  လူမှုဝန်ထမ်းလုပ်ငန်း(၇)ရပ် သတ်မှတ်၍ ပြည်သူများ၏ လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများ မှာ ရှေးဦးအရွယ်ကလေး သူငယ်ပြုစု ပျိုးထောင်ရေး၊ ဖွံ့ဖြိုး ရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီး ရွယ်အိုများ ဘဝ မြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများပြုစု စောင့်ရှောက်ရေးလုပ်ငန်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ရေး နှင့်ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများ ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနရဲ့မူဝါဒ ဖြစ်တဲ့ ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်း ဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ် ခံစားရသော ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေးဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ၌ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဌ ဦးဆောင်တဲ့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဘေးဒဏ်ကိုလက်တွေ့ရင်ဆိုင် ကြုံတွေ့ခံစား ရတဲ့ ပြည်သူလူထုရဲ့ သဘာဝဘေးအသိပညာ တိုးပွားရေး၊ ရပ်ရွာတွေရဲ့ ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားရေး တို့ကိုလည်း လူမှုရေးအဖွဲ့အစည်းများ အပါအဝင် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူပြည်သားများ သာတူညီမျှရရှိ ခံစားစေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆိုတဲ့အချက်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်းများဖွင့်လှစ်၍ အသက် မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ လူကုန်ကူးခံရသူများအား လိုအပ်သော စောင့်ရှောက်မှုများ ပြုလုပ်၍ လူ့အသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးအတွက် ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးအတွက်  ကာကွယ်စောင့် ရှောက်ပေးခြင်း တို့ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန မှ ဆောင်ရွက် လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသော လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်လာ စေရေး၊ ထိခိုက်လွယ်အုပ်စုများကို ပိုမိုပံ့ပိုးနိုင်ရေး၊ အခြေခံကျသော စာရင်းဇယားအချက် အလက်များ ရရှိနိုင်ရေးနှင့် အကျိုးခံစားခွင့်ရှိသည့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြတဲ့ ဒေသအာဏာပိုင်အုပ်ချုပ် ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူ လူထု တစ်ရပ်လုံးက ဆက်လက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးအောင်မင်းတို့က ထောက်ပံ့ရခြင်းနှင့်စပ်လျဉ်း၍အသီးသီးရှင်းလင်းပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်နှင့်သာယာဝတီခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်း(၁၁)ခုသို့ ထောက်ပံ့ငွေ  (၈၇၄.၅) သိန်း၊ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အို (၁၅၇၁၄) ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ  (၄၇၁၄.၂) သိန်း၊ ထောက်ပံ့ငွေစုစုပေါင်း (၅၅၈၈.၇ သိန်း) ကျပ်- ငါးထောင်ငါးရာရှစ်ဆယ်ရှစ်သိန်းခုနှစ်သောင်းတိတိကို ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးအောင်မင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများနှင့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို သက်ဆိုင်ရာကိုယ်စားလှယ်များထံအသီးသီး ဆက်လက် ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တက်ရောက်လာသူများကိုယ်စား သီရိခေတ္တရာဘိုးဘွားရိပ်သာဂေဟာ အုပ်ချုပ်ရေးမှူး ဦးတင်စော က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများ က တက်ရောက်လာသည့် ဘိုးဘွားများလက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပြည်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်နှင့်သာယာဝတီခရိုင်အတွင်းရှိ ဝန်ကြီးဌာနမှ ဝန်ထမ်း များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကြားကာလ အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ရမှုအခြေအနေများနှင့် လတ်တလောဆောင်ရွက်ချက်များ၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ထားရှိအပ်သော ခံယူချက်သဘောထားနှင့် ရှင်းလင်း ပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူဝန်ထမ်းများက တင်ပြလိုသည် များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသူ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မူးယစ် ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)သို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၁) မှ သင်တန်းသားများ တာဝန်ရှိသူများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ ကြပြီး စခန်းတာဝန်ခံက နောက်ခံသမိုင်းကြောင်းနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက သင်ကြားပို့ချလျှက်ရှိသည့် သက်မွေးပညာလုပ်ငန်း များ အဆင့်မြင့်တင်နိုင်ရေး ကိုယ်လက်ကြံ့ခိုင်ရေး လှုပ်ရှားမှုများအပါအဝင် သင်တန်းရည်ရွယ်ချက် နှင့် သင်တန်းသားများ အံဝင်ခွင်ကျဖြစ်မည့် နေ့စဉ်အချိန်ဇယားကို ရေးဆွဲထားရှိရေးနှင့် စခန်းပိုင် မြေ(၅၅)ဧကတွင် စိုက်ပျိုးရေးမွေးမြူရေးစသည့် သက်မွေးပညာရပ်များလက်တွေ့လေ့ကျင့် သင်ကြားပေးနိုင်ရေး အဆောက်အဦများ ထပ်မံတိုးချဲ့ဆောက်လုပ်ရာတွင် စနစ်တကျဖြစ်စေရေး Master Plan ရေးဆွဲထားရှိရန်နှင့် အရိပ်ရပင်များ သီးပင်စားပင်များ ထပ်မံတိုးချဲ့စိုက်ပျိုးသွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသားများ၏ နေထိုင်စားသောက်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး  အဆိုပါစခန်းအတွင်း (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် “Star Vigour Company Limited” တာဝန်ယူဆောက်လုပ်မည့် အလျား(၁၄၄)ပေ၊ အနံ(၄၀)ပေ၊ အမြင့်(၂၄)ပေ ရှိ RCC (၂)ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေး ပြည့်မီအောင်ဆောက်လုပ်ရေးနှင့် သက်မှတ်ချိန်အတွင် ပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR