ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့၏စတုတ္ထအကြိမ် အဆင့်မြင့်ညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်နှင့် AHA Centre အမှုဆောင်ညွှန်ကြားရေးမှူး၊အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centreမှ တာဝန်ရှိသူများက Online ဖြင့်ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့ကပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီးအဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ကြပါသည်။

အစည်းအဝေးပူးတွဲ သဘာပတိ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင်အာဆီယံအတွင်းရေးမှူးချုပ်၏  ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ကပ်ရောဂါကြောင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများတွင် အဟန့်အတားများရှိခဲ့သော်လည်းမြန်မာနိုင်ငံအနေဖြင့်ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာမှုပါအကြံပြုချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊  သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် အာဆီယံ Ad-hoc Support Team တို့ပူးပေါင်း၍ အဆိုပြုစီမံကိန်းများပြင်ဆင်ဖြည့်စွက် ရေးဆွဲခြင်းများကိုညှိနှိုင်းလုပ်ဆောင်လျက်ရှိပါကြောင်းတို့ကိုပြောကြားခဲ့ပါသည်။ ထို့နောက် ပူးတွဲသဘာပတိ၊ အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoiက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အဖွဲ့အစည်းများအကြားသဟဇာတဖြစ်ရေးဆိုင်ရာလုပ်ဆောင်မှုများကိုအာဆီယံအနေဖြင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ယနေ့အစည်းအဝေးတွင်ယခင်ဆောင်ရွက်ထားရှိခဲ့သောကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာမှု(PNA)ပါ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းနယ်ပယ်များအလိုက် ပိုမိုကောင်းမွန်သည့်လုပ်ငန်းများ၊ အကြံပြုချက်များရရှိနိုင်မည်ဟုယုံကြည်ပါကြောင်းပြောကြားပါသည်။ထို့နောက် ဝန်ကြီးဌာန/ ဦးစီးဌာနများကအဆိုပြုထားသောစီမံကိန်း (၅) ခုကိုအတည်ပြုကြပါသည်။

ယင်းနောက် PNA အရအကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်သော စီမံကိန်းများ၊ဆောင်ရွက်ဆဲစီမံကိန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ AHA Centre Ad-Hoc Support Team မှတာဝန်ရှိသူများတို့ကဦးစားပေးစီမံကိန်းများအလိုက် ဆောင်ရွက်တိုးတက်မှုအခြေအနေ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံနှင့်ထပ်မံပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် လုပ်ငန်းနယ်ပယ်အသစ်များနှင့် ဦးစားပေးစီမံချက်များကိုအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်လက်ခံရေးအတွက် ကော်မတီများဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကိုအသိပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR